(၁) ဈေးအများကြီးတင်ရောင်းခြင်း
ကာလပေါက်ဈေးထက် အများကြီးတင်ပြီးရောင်းမယ်ဆို အိမ်ရောင်းထွက်နိုင်ဖို့က ခက်ခဲပါတယ်။ ဈေးကွက်ထဲမှာ ရောင်းသူများစွာရှိနေတဲ့ အတွက် ဝယ်သူများကလဲ အိမ်ဝယ်ဖို့ ကို သေချာလေ့လာစုံစမ်းပြီးမှ ဝယ်ယူလေ့ရှိပါတယ်။ ဝယ်သူက ကိုယ့်အိမ်ကို တခြားအိမ်နဲ့ နှိုင်းယှဉ်လို့ ကိုယ့်အိမ်က ဈေးသိသိသာသာ များနေတယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ဒီအိမ်ကိုဝယ်ဖို့ တွန့်ဆုတ်နေမှာ အမှန်ပါပဲ။
(၂) မရောင်းခင် အိမ်မရှင်းခြင်း၊ အလင်းရောင်ကောင်းတဲ့ ဓါတ်ပုံများမရိုက်ခြင်း
First Impression ကအရေးကြီးပါတယ်။ ဝယ်သူတွေက ကိုယ့်အိမ်ကို လူကိုယ်တိုင်လာမကြည့်ခင် Online ပေါ်မှာ ဓါတ်ပုံတွေ Video တွေအရင်ကြည့်ပါတယ်။ အဲဒီ ဓါတ်ပုံတွေမှာ ကိုယ့်အိမ်က မှောင်မဲနေတယ်၊ ရှုပ်ပွနေတယ်ဆိုရင် ဝယ်သူရဲ့ စိတ်ဝင်စားမှုကို မရနိုင်ပါဘူး။
(၃) အိမ်ရောင်းဖို့အတွက် ကျွမ်းကျင်သူများနဲ့ ပူပေါင်းဆောင်ရွက်မှုမရှိခြင်း
အိမ်ရောင်းမယ်ဆို အိမ်ခြံမြေအကျိုးဆောင်၊ ဉပဒေပညာရှင်တွေက သင့်အရောင်းအဝယ်ဖြစ်စဉ်တစ်ခုလုံးမှာ သင့်ကို ကူညီပေးပါတယ်။ စာချုပ်တွေမှာ ရောင်းသူဘက်က နှစ်နာမှုမရှိအောင်၊ အိမ်ကို ကာလပေါက်ဈေးနဲ့ အမြန်ဆုံးရောင်းထွက်နိုင်အောင်၊ အစရှိတဲ့ ကိစ္စရပ်တွေဟာ ကျွမ်းကျင်သူ ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်တာက ရောင်းသူအတွက် အကျိုးအရှိဆုံးပါ။
(၄) အကျိုးဆောင် အများကြီးကို ချိတ်ဆက်ပြီး အိမ်ရောင်းခြင်း
ဟုတ်ပါတယ်.. သင့်အိမ်ကို အကျိုးဆောင်အများကြီးနဲ့ ချိတ်ဆက်ပြီး အိမ်ရောင်းတာသင့်အိမ်မြန်မြန်ရောင်းထွက်နိုင်တယ်လို့ ယူဆရပေမဲ့.. တကယ်တန်းကျတော့ အရောင်းနှောင့်နှေးတဲ့အပြင် သင်လိုချင်တဲ့ ဈေးကို မရနိုင်ပါဘူး။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…