🔵 CRMစနစ်က အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများတွင် ဆက်သွယ်ချိတ်ဆက်မှုကို တိုးတက်ကောင်းမွန်အောင် မြင့်တင်ပေးနိုင်တဲ့ နည်းလမ်း(၅)ခု

နိဒါန်း
CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး အရောင်း၊အဝယ်၊ အကျိုးဆောင်များအကြား ဆက်သွယ်ရေးကို အချိတ်အဆက်မိမိ ဖြစ်စေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ဒီလိုအပြန်အလှန်ဆက်သွယ်ရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်း(၅)ခုကတော့
(၁) အချက်အလက်များကို တစ်နေရာတည်းမှာ စုစည်းထားနိုင်ခြင်း – CRMစနစ်က Client ရဲ့အချက်အလက်တွေ၊ အရောင်းစာရင်းတွေရဲ့အသေးစိတ်အချက်အလက်နဲ့ အရောင်းအဝယ်မှတ်တမ်းတွေကို တစ်နေရာတည်းမှာ ထိန်းသိမ်းထားပါတယ်။ Clientတွေနဲ့ အကျိုးဆောင်အဖွဲ့သားတွေကလည်း ဒီနေရာမှာပဲ အရောင်းစာရင်းဆိုင်တာအချက်အလက်တွေနဲ့ update အကြောင်းအရာတွေကို အချင်းချင်းအပြန်အလှန် ဝေမျှနိုင်တာကြောင့် နားလည်မှုလွှဲတာ၊ အချိတ်အဆက်မမိတာ၊ နှောင့်နှေးကြန့်ကြာမှုတွေမဖြစ်ရလေအောင် ကာကွယ်တားဆီးပေးနိုင်လို့ ထိရောက်တဲ့ ဆက်သွယ်ရေး ဖြစ်စေမှာပါ။
(၂) အလိုအလျောက် ဆက်သွယ်နိုင်ခြင်း – CRMစနစ်က Client တွေကို follow upလုပ်ရမယ့် ကိစ္စတွေ၊ သတိပေးရမယ့်ကြောင်းအရာတွေနဲ့ အခြားသောပေးပို့ရမယ့်အချက်အလက်တွေကို သက်ဆိုင်ရာ email, message, notificationsတွေဆီ အလိုအလျောက်ပေးပို့နိုင်လို့ အရေးကြီးကိစ္စရပ်တွေကို မလွတ်သွားရအောင်၊ ပျက်ကွက်မှုမရှိဖို့ ကူညီပေးနိုင်တာကြောင့် Client တွေနဲ့ အချိတ်အဆက်မိမိ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
(၃) အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေခြင်း – CRM စနစ်နဲ့ဆိုရင် အကျိုးဆောင်များ၊ အဖွဲ့သားများအကြား မှတ်ချက်ရေးသားခြင်း၊ တာဝန်ခွဲဝေခြင်းနဲ့ update အကြောင်းအရာတွေကို ဝင်ရောက် ပြင်ဆင်မှတ်သားထားတိုင်တာကြောင့် အလုပ်တာဝန်တွေ ထပ်လုပ်မိတာ ကျန်ခဲ့တာမျိုးမရှိစေဘဲ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဆက်သွယ်ရေးကို အကျိုးရှိစေမှာ ဖြစ်ပါတယ်။
(၄) Client တွေနဲ့ သက်ဆိုင်ရာ လိုအပ်ချက်အလိုက် ပုဂ္ဂိုလ်ရေးရာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း – သိမ်းဆည်းမှတ်သားထားတဲ့ Clientတွေရဲ့အချက်အလက်၊ ကြိုက်နှစ်သက်မှု၊ လူနေမှုပုံစံအလိုက် ကိုက်ညီတဲ့ အရောင်းစာရင်း၊ ဆက်သွယ်မှုနည်းလမ်းတွေနဲ့ ဝန်ဆောင်မှုပေပြီး ယုံကြည်မှုရှိပြီး ခိုင်မှာတဲ့ ဆက်ဆံရေး ဖြစ်အောင် တည်ဆောက်နိုင်ပါတယ်။
(၅) အချိန်နဲ့တပြေးညီ အချက်အလက်များ မျှဝေနိုင်ခြင်း – အကျိုးဆောင်အနေနဲ့ သွားရင်းလာရင်း အိမ်ခြံမြေ အရောင်းစာရင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖုန်းကိုအသုံးပြုပြီး Applicationထဲမှာ အလွယ်တကူ စာရင်းသွင်းမှတ်သားနိုင်တာကြောင့် မှန်ကန်မှုအရှိဆုံးနဲ့ နောက်ဆုံးရ သတင်းဒေတာတွေကို အမြဲ ဝေမျှနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် CRM စနစ်သည် အပြန်အလှန် တိုက်ရိုက် ချိတ်ဆတ်နိုင်လို့ ဆက်သွယ်ရေးမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ၊ နားလည်မှုလွဲတာတွေ မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပြီး အချိန်သက်သာကာ ထိရောက်မှုရှိရှိ ဆက်သွယ်ရေးကို ကူညီပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
- အကျိုးဆောင်တွေအနေနဲ့ CRM စနစ်ကို တည်ဆောက်တဲ့အခါ လိုအပ်ချက် (ဥပမာ – client တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အရောင်းအဝယ်လုပ်ငန်းစဥ်တွေကို စစ်ဆေးသုံးသပ်ဖို့၊ (ဆက်ဖတ်ရန် နှိပ်ပါ)……
- အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
CRM by Zayyan ဆိုတာကို မပြောခင် CRMအကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)......
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…