🔵 ဘိုးဘပိုင်မြေနဲ့ ဂရန်မြေ ဘာကွာလဲ?

ရန်ကုန်မြို့ထဲမှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် ကြုံရများတဲ့ မြေအမျိုးအစားက ၃ ခု ရှိပါတယ်။ ဘိုးဘပိုင်မြေ၊ ဂရန်မြေနဲ့ ပါမစ်မြေတွေကို တွေ့ရတတ်ပါတယ်။ ဒီ Post မှာတော့ ဘိုးဘပိုင်မြေနဲ့ ဂရန်မြေက ဘာတွေလဲ ဒီ ၂ ခုက ဘာကွာခြားမှု ရှိလဲ ဆိုတာကို ဖေါ်ပြပေးသွားပါမယ်။
👉 ဘိုးဘပိုင်မြေကို မြေပိုင်မြေလို့လဲ ခေါ်ပါတယ်။ မြေပိုင်မြေဆိုတာကတော့ ဘိုးဘွားအစဉ်အဆက် အဆင့်ဆင့်နေထိုင်လာပြီး သားစဉ်မြေးဆက် ဆက်လက်နေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစားပါ။ ဒီမြေကို မိမိကိုယ်တိုင် အမည်ဖေါက်လို့ ရသလို့ ဒီတိုင်းအရပ်စာချုပ်နဲ့ အဆင့်ဆင့် ပြန်လည်ရောင်းချလို့ ရပါတယ်။ အင်းစိန်မှာ ရှိတဲ ဘိုးဘပိုင်မြေတော်တော်များများက အရောင်းအဝယ်စာချုပ်နဲ့ အဆင့်ဆင့် အရောင်းအဝယ်လုပ်တဲ့ မြေတွေများပါတယ်။ ဘိုးဘပိုင်မြေက သက်တန်းကုန်တာမျိုးမရှိပါဘူး.. သူ့ကို ဝယ်ထားပြီး အမည်ဖေါက်လိုက်ရင် သားစဥ်မြေးဆက် ကမ္ဘာတည်နေသေးသရွေ့ နေထိုင်ခွင့် အသုံးပြုပိုင်ခွင့် ရှိပါတယ်။ ဘိုးဘပိုင်မြေကို နားလည်တဲ့ သူတွေကတော့ ဘိုးဘပိုင်မြေက ဂရန်ထက်ပိုပြီးခိုင်မာတယ်လို့ပြောကြပါတယ်။
👉 ဂရန်မြေဆိုတာတော့ အစိုးရကနေ နှစ် ၃၀ ဖြစ်စေ နှစ် ၆၀ ဖြစ်စေ နှစ် ၉၀ ဖြစ်စေ သတ်မှတ်ထားတဲ့ နှစ်အလိုက် ပြန်ပြီး ဌားရမ်းတဲ့မြေကို ဆိုလိုပါတယ်။ ဂရန်မြေစာရွက်စာတန်းမှာ မြေဌားဂရန် ဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။ ဒါက ဘာကိုဆိုလို တာလဲ ဆိုတော့ ဂရန်မြေဆိုတာက အစိုးရက ဌားတဲ့မြေကို ဆိုလိုတဲ့ သဘောပါ။ သူ့သက်တမ်း ကုန်သွားပြီဆိုရင်တော့ အစိုးရကို တစ်ခါ အခွန်ထပ်ဆောင်ပြီး မြေဌားရမ်းသက်တမ်းကို ထပ်တိုးရပါတယ်။ ဘိုးဘပိုင်မြေကတော ဒါတွေ လုပ်စရာမလိုပါဘူး။
👉 ဂရန်မြေရဲ့ အားသာချက်တွေကတော့ ဘဏ်မှာ အလွယ်တကူ ပေါင်လို့ရတယ်။ ဘဏ်နဲ့ ချိတ်ဆက်ပြီး ရောင်းမယ်ဆိုရင် အဆင်ပြေတဲ့မြေမျိုးပါ။ လုပ်ငန်းကြီးတွေ လည်ပတ်ဖို့အတွက်ဆိုရင်လဲ ဘိုးဘပိုင်မြေထက် ဂရန်မြေက ပိုအဆင်ပြေပါတယ်။ အမည်ပြောင်းတဲ့ ကိစ္စတွေ အခွန်ဆောင်တဲ့ ကိစ္စတွေကလဲ ဂရန်မြေတွေက ပိုပြီးလွယ်ကူမြန်ဆန်တဲ့ အနေအထားမှာ ရှိလို့ လူတွေ တော်တော်များများက ဂရန်မြေကို ပိုပြီး အားသာကြပါတယ်။
- မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
- အိမ်ခြံမြေရောင်းဝယ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်အရစ်ကို ဘယ်လောက်ပေးရမလဲဆိုတာကို ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူညီချက်ယူပြီး လုပ်ဆောင်ရပါတယ်။(ဆက်ဖတ်ရန် နှိပ်ပါ)……
- အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…