Zayyan

🔵  မြေကွက်သီးသန့်ကို ဘဏ်ချိတ်နဲ့ ဝယ်လို့ ရလား

👉 ဘဏ်တွေ တော်တော်များများကတော့ Home Loan ဆိုပြီး ချေးငွေထုတ်ပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်။ Home Loan ဆိုတာတော့ အိမ်ဝယ်တဲ့ အခါ ဘဏ်ကချေးငွေထုတ်ပြီး ဝယ်တာကိုဆိုလိုပါတယ်။ အိမ်ဝယ်ဖို့အတွက် ဘဏ်ကနေ ပိုက်ဆံချေးတဲ့ သဘောပါ။ ဘဏ်တိုင်းကတော့ Home Loan ထုတ်ပေးပါတယ်။ KBZ တို့ AYA တို့ CB Bank တို့ကတော့ အိမ်ဝယ်မယ်ဆိုရင် ချေးငွေထုတ်ပေးလေ့ ရှိပါတယ်

အိမ်မပါဘဲနဲ့ မြေကွက်သီးသန့်ကိုရော ဘဏ်ချေးငွေနဲ့ ဝယ်လို့ ရနိုင်မလားလို့ ဇေယံအိမ်ခြံမြေကို လာလာမေးတဲ့ အဝယ်တွေ ရှိပါတယ်။ KBZ, AYA, CB Bank တို့ကတော့ အိမ်မပါဘဲ မြေကွက်သီးသန့်ဆိုရင်တော့ ချေးငွေမထုတ်ပေးပါဘူး။ အိမ်ပါမှဘဲ ချေးငွေထုတ်ပေးပါတယ်။

မြေကွက်သီးသန့်ကိုဘဲ ချေးငွေထုတ်ပေးတဲ့ ဘဏ်တစ်ခုရှိပါတယ်။ သူက Myanmar Citizens Bank (MCB) ပါ။ MCB ကနေ မြေကွက်ဝယ်ဖို့ ချေးငွေထုတ်ပေးတဲ့အတွက် မြေကွက်သီးသန့်ကို ငွေအလုံးလိုက်အရင်းလိုက်ပေးချေစရာမလိုဘဲ Download Payment 50% ကို ပေးချေထားပြီး နှစ်စဉ်အရစ်ကျနဲ့ ဘဏ်ကို ပြန််ပေးလို့ ရပါတယ်။

MCB က ဇေယံ အိမ်ခြံမြေနဲ့ အမြဲချိတ်ဆက်ပြီး လက်တွဲလုပ်ကိုင်နေတဲ့ ဘဏ်တစ်ခုဖြစ်လို့ မြေကွက်သီးသန့်ကို ဘဏ်ချိတ်နဲ့ ဝယ်ချင်တယ်ဆ်ိုရင် ဇေယံကို အခုဘဲ ဆက်သွယ်လိုက်ပါနော်…

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

ပိုမိုဖတ်ရှုရန် နှိပ်ပါ....(Click to read more..)

(Buyer blog posts)
  • မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • အိမ်ခြံမြေရောင်းဝယ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်အရစ်ကို ဘယ်လောက်ပေးရမလဲဆိုတာကို ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူညီချက်ယူပြီး လုပ်ဆောင်ရပါတယ်။(ဆက်ဖတ်ရန် နှိပ်ပါ)……

 

(Buyer blog posts)
  • အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • အရောင်းအဝယ်လုပ်ပြီးတာနဲ့ မိမိကိုယ်တိုင် အမည်ဖေါက်ချင်တယ်ဆိုရင် မြေဂရန်မူရင်း၊ အရောင်းအဝယ်စာချုပ်နှင့် ဝယ်သူရဲ့ မှတ်ပုံတင်ကို ယူပြီး မြို့တော်ခန်းမသို့သွားကာမြေဂရန်အမည်ပြောင်း လျှောက်ထားရပါမယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Shortlists ဆိုတာက တူညီသောအိမ်ခြံမြေအရောင်းများကို ရွှေချယ်စုစည်းထားခြင်းဖြစ်သည်အလွယ်မှတ်နိုင်ပါသည်။ Zayyan appတွင်shortlists များကို နှစ်မျိုးတွေ့ရှိနိုင်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRM (Customer Relationship Management) သည် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 35