Zayyan

🔵  အိမ်ခြံမြေ အရောင်းအဝယ်တစ်ခုမှာ ဘယ်နှရစ်ထားပြီး ပေးချေရမလဲ

👉 အိမ်ခြံမြေရောင်းဝယ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်အရစ်ကို ဘယ်လောက်ပေးရမလဲဆိုတာကို ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူညီချက်ယူပြီး လုပ်ဆောင်ရပါတယ်။

👉 အဝယ်တွေကလဲ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ တစ်ခြို့အဝယ်တွေက စရန်ချပြီးတာနဲ့ နောက်ထပ် တစ်ရစ်ထဲနဲ့ အပြီးပေးချေချင်တဲ့သူရှိသလို့ တစ်ခြို့ အဝယ်တွေကတော့ ၃-၄ ရစ်ပေးချေချင်တဲ့ အဝယ်မျိုးတွေ ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့်ကတော့ Payment Plan ကို ၄ ရစ်လောက်ထားပြီး ပေးတာကတော့ တော်တော်များများ လုပ်ဆောင်တဲ့ ပုံစံဖြစ်ပါတယ်။

👉 ပထမအရစ်ကတော့ စရန်ပါ။ စရန်ချတဲ့ အခါ အရောင်းအဝယ်ဖြစ်သွားတဲ့ဈေးရဲ့ ၂၀-၃၀ ရာခိုင်နှုန်းကို ပေးကြပါတယ်။ သိန်း ၃၀၀ က နေ ၅၀၀ အတွင်းပေးချေတာ များပါတယ်။

👉 ဒုတိယအရစ်ကတော သတင်းစာကြော်ငြာပြီး (သို့) အရောင်းမြေပုံထုတ်ပြီးရင်တော့ ဒုတိယအရစ်ကို နောက်ထပ် ၃၀ ရာခိုင်နှုန်းပေးလေ့ပေးထ ရှိပါတယ်။

👉 တတိယအရစ်ကိုလဲ နောက်ထပ် ၂၀ ရာခိုင်နှုန်းပေးတတ်ကြပြီး

👉 နောက်ဆုံးအရစ် ၁၀ ရာခိုင်နှုန်းကို စာချုပ်ကြီး လက်မှတ်ထိုးအပြီးအစီးမှာ ပေးချေကြပါတယ်။ တစ်ခြို့အရောင်းအဝယ်တွေကျတော့ တတိယအရစ်မှာ ကျန်တာ အကုန်ပေးချေပြီး သိန်း ၂၀၀ ကို စာချုပ်ကြီး လက်မှတ်ထိုးတဲ့အခါ ထပ်ပြီး ပေးတာမျိုးတွေ လုပ်ကြပါတယ်။ အဓိကတော့ ရောင်းသူဝယ်သူ နှစ်ဖက် အဆင်ပြေတဲ့ အနေအထားမျိုးကို ညှိနှိုင်းပြီး ဆောင်ရွက်ကြပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

ပိုမိုဖတ်ရှုရန် နှိပ်ပါ....(Click to read more..)

(Buyer blog posts)
  • မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း လုံးဝမဆောက်သင့်ပါဘူး။ အိမ်ဘယ်လောက်ဘဲ ကောင်းကောင်း ဘေး ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ဒီအိမ်က ရောင်းထွက်ဖို့ ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

 

(Buyer blog posts)
  • အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • အရောင်းအဝယ်လုပ်ပြီးတာနဲ့ မိမိကိုယ်တိုင် အမည်ဖေါက်ချင်တယ်ဆိုရင် မြေဂရန်မူရင်း၊ အရောင်းအဝယ်စာချုပ်နှင့် ဝယ်သူရဲ့ မှတ်ပုံတင်ကို ယူပြီး မြို့တော်ခန်းမသို့သွားကာမြေဂရန်အမည်ပြောင်း လျှောက်ထားရပါမယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Shortlists ဆိုတာက တူညီသောအိမ်ခြံမြေအရောင်းများကို ရွှေချယ်စုစည်းထားခြင်းဖြစ်သည်အလွယ်မှတ်နိုင်ပါသည်။ Zayyan appတွင်shortlists များကို နှစ်မျိုးတွေ့ရှိနိုင်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRM (Customer Relationship Management) သည် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 27