👉 ဒဂုံမြို့သစ် ၄ မြို့နယ်မှာ ပါမစ်မြေတွေ ရောင်းချနေတဲ့ အရောင်းတွေရှိပါတယ်။ ပါမစ်မြေအကြောင်းကို နားလည်တဲ့ ဝယ်ရောင်းသမားတွေကတော့ ပါမစ်မြေမှ ပါမစ်မြေကိုဘဲ ဝယ်ချင်ကြပါတယ်။ ဒီပို့စ်မှာတော့ ပါမစ်မြေက ဘယ်လို ကောင်းကျိုးတွေ ရှိလဲ ဘယ်လိုအားနည်းချက်တွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ပါမစ်မြေမှာ အားသာချက် ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က ပါမစ်မြေကို အလွယ်တစ်ကူ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ပါမစ်မြေကို ကားတွေ ရောင်းဝယ်သလိုဘဲ အရောင်းအဝယ်စာချုပ် တစ်ခုထဲနဲ့ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ဂရန်မြေတွေဆိုရင်တော့ အရောင်းမြေပုံထုတ်ရတာနဲ့ အခွန်ဆောင်ရတာနဲ့ လုပ်ဆောင်ရတဲ့ အဆင့်တွေ ရှိပါတယ်။ ပါမစ်မြေမှာတော့ ဒီကိစ္စတွေ လုပ်စရာမလိုလို့ အရောင်းအဝယ်လုပ်ရတာ လွယ်ကူရိုးရှင်းပါတယ်။
နောက်ထပ်အားသာချက်တစ်ခုကတော့ ပါမစ်ကနေ ဂရန်ပြောင်းမယ်ဆိုရင် အခွန်ဆောင်စရာမလိုပါဘူး။ ဒါ့ကြောင့်ပါမစ်ကို ဝယ်တဲ့ အခါ ဂရန်မြေနဲ့ ယှဥ်မယ်ဆိုရင် ကုန်ကျစရိတ် နည်းလို့ ဝယ်ရောင်းတော်တော်များများက သဘောကျကြပါတယ်။
ပါမစ်မြေရဲ့ အကြီးဆုံးအားနည်းချက်ကတော့ ပါမစ်မှန်ကန်မှု ရှိမရှိ စစ်ဆေးတာ ခက်ပါတယ်။ မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အရင်က မြို့ပြနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးလက်မှတ်နဲ့ စည်းတံဆိပ် ရိုက်နှိပ်ထုတ်ပေးထားတဲ့ပါမစ်မြေနဲ. ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ စည်းတံဆိပ်ရိုက်နှိပ်ထားတဲ့ ပါမစ်မြေလို ပုံစံနှစ်မျိုးရှိ နေတာ ကြောင့် သတိပြုဝယ်ယူ သင့်တယ် လို့ သိရပါတယ်။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…