Zayyan

🔵 ဘယ်လိုမြေကွက်မျိုးက ပြန်ရောင်းရခက်လဲ

👉 မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ ဒီ ပို့စ်မှာတော့ ပြန်ရောင်းရခက်တဲ့ မြေကွက်မျိုးတွေက ဘယ်မြေကွက်တွေ ဖြစ်မလဲ ဆိုတာကို ဆွေးနွေးသွားပါမယ်။

(၁) စာရွက်စာတန်း မသန့်တဲ့ မြေကွက်မျိုးတွေ

👉 အရပ်စာချုပ်တို့၊ ဂရန်းတုံးတို့ဆိုရင်တော့ ပြန်ရောင်းရခက်ပါတယ်။ ဝယ်သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒီမြေကွက်ကို ဝယ်လိုက်ပြီး ဆက်လုပ်ရမဲ့ အလုပ်တွေအရမ်းများနေတယ်ဆိုရင် မဝယ်ချင်ကြပါဘူး။ သဘောက သူများတကာရဲ့ အရှုပ်ထုတ်ကို ဘယ်သူမှ ပိုက်ဆံပေးပြီး ဆက်လက်ဖြေရှင်းဖို့ အားမသန်ကြပါဘူး။ စာရွက်စာတန်းကိစ္စတွေက လွယ်ကူတယ် ရိုးရှင်းတယ်ဆိုရင် အဝယ်တွေက ပိုပြီး အားသာကြပါတယ်။ ဂရန်ဂတုံးဆိုရင်တော့ ဆက်လုပ်ရမဲ့ ကိစ္စတွေကများတဲ့အတွက် အဝယ်တွေအနေနဲ့ အလုပ်ရှုတ်မခံချင်ကြပါဘူး။ ဘဏ်တွေကလဲ ဂတုံးဆိုရင် ချေးငွေမထုတ်ပေးတဲ့အတွက် စာရွက်စာတန်း မသန့်တဲ့ မြေကွက်တွေက ရောင်းရခက်တဲ့ မြေထဲမှာပါပါတယ်။

(၂) လမ်းဦးတိုက်၊ ပေါင်းချင်း ၄ တို့ ၁၃ တို့ဖြစ်နေတဲ့ မြေမျိုးတွေ

👉 အိမ်ခြံမြေဝယ်သူ တော်တော်များများက အလှည့်တို့ ပေါင်းချင်းတို့ကို သေချာ ချိန်ဆပြီးမှ ဝယ်ကြပါတယ်။ အယူမရှိတဲ့ အဝယ်တွေဆိုရင်တောင်မှ လမ်းဦးတိုက်နေတဲ့ မြေကိုဝယ်လိုက်ပြီး နောင်တစ်ချိန်ပြန်ပြီး ရောင်းမယ်ဆိုရင် ရောင်းရခက်တာမို့ မဝယ်ရဲ့ အနေအထားမှာ ရှိပါတယ်။

(၃) ဘေးကပ်ရပ်မှာ ကန်ထရိုက်တိုက်ရှိတဲ့ မြေမျိုးတွေ

👉 ဘေးကပ်ရပ်မှာ ကန်ထရိုက်တိုက်မြင့်ရှိတယ်ဆိုရင် ဒီမြေမှာ မိသားစုနေဖို့ အိမ်ဆောက်ဖို့ဆိုတာ တော်တော်လေးကို စဥ်းစားရမဲ့ အနေအထားမှာ ဖြစ်သွားပါတယ်။ တိုက်မြင့်ဘေးကပ်ရပ်မှာ အိမ်ဆောက်နေချင်တယ်ဆိုရင် စဥ်းစားရမဲ့ အချက်က တိုက်မြင့်ကနေ အမိုက်ပစ်ချတာတို့၊ လမ်းမြောင်ပိတ်ဆို့တာတို့၊ လမ်းပေါ်မှာ ကားတွေ ဖြစ်ကတတ်ဆန်း ရပ်ထားတာတို့ ရှိနိုင်ချေကို စဥ်းစားရပါတယ်။ ဒီလိုစိုးရိမ်စရာတွေ ရှိလို့ မိသားစုနေဖို့ ဆိုရင် တိုက်မြင့်ဘေးက ခြံကို မဝယ်ချင်ကြပါဘူး။ ကန်ထရိုက်တိုက် ဆက်ပြီးဆောက်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

ပိုမိုဖတ်ရှုရန် နှိပ်ပါ....(Click to read more..)

(Buyer blog posts)
  • အရောင်းအဝယ်လုပ်ပြီးတာနဲ့ မိမိကိုယ်တိုင် အမည်ဖေါက်ချင်တယ်ဆိုရင် မြေဂရန်မူရင်း၊ အရောင်းအဝယ်စာချုပ်နှင့် ဝယ်သူရဲ့ မှတ်ပုံတင်ကို ယူပြီး မြို့တော်ခန်းမသို့သွားကာမြေဂရန်အမည်ပြောင်း လျှောက်ထားရပါမယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း လုံးဝမဆောက်သင့်ပါဘူး။ အိမ်ဘယ်လောက်ဘဲ ကောင်းကောင်း ဘေး ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ဒီအိမ်က ရောင်းထွက်ဖို့ ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

 

(Buyer blog posts)
  • အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Zayyan app တွင် ပါဝင်သော ကာလပေါက်စျေး စျေးကွက်သုံးသပ်ချက် စနစ် သည် အရောင်းတင်ထားသော အိမ်ခြံမြေများကို ရပ်ကွက်အလိုက် ပျှမ်းမျှလက်ရှိပေါက်စျေးများကို ဖော်ပြထားသောကြောင့် အိမ်ခြံမြေ ဝယ်လိုသူများအနေဖြင့် ကာလစျေးကွက် များကို သုံးသပ်နိုင်မည်ဖြစ်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRM (Customer Relationship Management) သည် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…