👉 ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း လုံးဝမဆောက်သင့်ပါဘူး။ အိမ်ဘယ်လောက်ဘဲ ကောင်းကောင်း ဘေး ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ဒီအိမ်က ရောင်းထွက်ဖို့ ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။
(၁) မိသားစုနေထိုင်ဖို့ လုံခြုံတဲ့ နေရာမျိုးမဟုတ်ဘူး
👉 ဒီမြေနေရာက ဈေးနဲ့ အရမ်းနီးတာတို့၊ ရပ်ကွက်ထဲမှာ အဆောင်တွေများတာတို့၊ အုတ်သဲကျောက်၊ သံထည်၊ ပလတ်စတစ် လုပ်ငန်းတွေများတာတို့ဆိုရင်တော့ ဒီနေရာက မိသားစုနေထိုင်ချင်တဲ့ သူတွေ မကြိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ တော်တော်များများ စိတ်ပူတာက လုံခြုံရေးဖြစ်တဲ့အတွက် ရပ်ကွက်သန့်ပြီး ဆိတ်ငြိမ်တဲ့ ဘေးပတ်ဝန်းကျင််ကို ပိုပြီး အားသာကြပါတယ်။
(၂) အိမ်က ကိုယ်ကြိုက်တဲ့ အချိန် ဘယ်အချိန်မဆို ပြင်လို့ ရတယ်။ ပတ်ဝန်းကျင်က ပြင်လို့မရဘူး။
👉 အိမ်ကဘယ်လောက်ဘဲကောင်းကောင်း ဘေးပတ်ဝန်းကျင်မှာ အဆောင်တွေအရမ်းများနေတယ်ဆိုရင် ဝယ်သူတွေ စိတ်မဝင်စားကြပါဘူး။ စွန့်ပစ်အမိုက်တွေများတာတို့၊ အရက်မူးတဲ့သူတွေ အချိန်ပြည့်ရှိနေတာတို့၊ သူခိုးများတာတို့၊ ရေမြောင်းတစ်ဆို့နေတာတို့၊ လမ်းမကောင်းတာတို့၊ ၁၀ ပေ အိမ်လေးတွေနဲ့ ဘုစုခရုတွေ များတာတို့က ပြင်ဆင်လို့မရတဲ့ အချက်တွေဖြစ်လို့ ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း မဆောက်သင့်ပါဘူးနော်။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…