Zayyan

🔵 ဘာကြောင့် အိမ်ခြံမြေအကျိုးဆောင်များအတွက် CRM က အရေးကြီးတာလဲ?

                ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် အိမ်ခြံမြေလုပ်ငန်းကို ကျွမ်းကျင်နေရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ Customerတွေကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့၊ တစ်ခါဆက်ဆံ ရာသက်ပန်ဆိုသလို ကိုယ့်မှာရှိတဲ့ အဝယ်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီး ကိုယ်နဲ့ အရောင်းအဝယ်တစ်ခါ ဖြစ်ပြီးရင် နောက်ထပ်လည်း ကိုယ်နဲ့ပဲ ဆက်သွယ်ချင်အောင်၊ ခိုင်မြဲတဲ့ ဆက်ဆံရေး တည်ဆောက်ထားဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဒီလို customersတွေနဲ့ ကိုက်ညီမှုရှိရှိ စိတ်ကျေနပ်စေနိုင်မယ့် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးပြီး အကျိုးဆောင်များအကြား ကွဲပြားပေါ်လွင်နေစေဖို့အတွက် CRMစနစ်က အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

       CRM စနစ်ကို အသုံးပြုပြီး အကျိုးဆောင်တွေက ၄င်းတို့ clientတွေရဲ့ အချက်အလက်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ လိုချင်တဲ့အိမ်ခြံမြေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အသေးစိတ် စတာတွေကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်အလက် ပျေက်ဆုံးမှုကနေ တန်ဖိုးကြီးမားတဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရမှုမှ ကာကွယ်ပေးနိုင်ပါတယ်။

        အကျိုးဆောင်တွေ လုပ်ဆောင်ရမယ့်တာဝန်ကို အလိုအလျောက် သတိပေးနိုင်တဲ့ စနစ်ကြောင့် အခွင့်အရေးကောင်းတွေကို  မကျော်သွားမိစေဘဲ အရောင်းဝယ်လုပ်ငန်းစဥ်တစ်ယောက် အခြေအနေကို ဆန်းစစ်ပြီး အဝယ်တွေကို အချိန်မှန်မှန် follow up လုပ်နိုင်ဖို့ အကူအညီပေးလို့ အဝယ်တွေနဲ့ လုပ်ငန်းတာဝန်ကို ထိရောက်စွာ ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

       ဝန်ဆောင်မှုပေးတဲ့အခါ customerရဲ့ သဘောသဘာဝကို နားလည်သဘောပေါက်မှသာ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ ဝန်ဆောင်မှုမျိုးနဲ့ စိတ်ကျေနပ်မှုရှိအောင် ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းနိုင်ဖို့အတွက် customer တွေရဲ့ ကြိုက်နှစ်သက်မှု၊ လိုအပ်ချက်၊ life styleတွေကို သိရှိရမှာ ဖြစ်ပါတယ်။ CRM စနစ်မှာဆိုရင် Client တစ်ဦးတစ်ယောက်ချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို ရရှိမှတ်သားထားနိုင်တာကြောင့် ၄င်းတို့အသီးသီးနဲ့ အဆင်ပြေမယ့် ဝန်ဆောင်မှုမျိုးကို ပြင်ဆင်ခြင်းအားဖြင့် ယုံကြည်မှုတည်ဆောက်ပြီး ရေရှည်မှာ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်မြင့်တင်နိုင်ဖို့ အကူအညီပေးနိုင်မှာပါ။

        တချို့သော အလုပ်တာဝန်တွေကို ကြိုတင်အစီအစဥ်ဆွဲထားပြီး အလိုအလျောက်နဲ့ လုပ်ဆောင်နိုင်တဲ့ features တွေပါဝင်တဲ့ CRM စနစ်ဟာဆိုရင် အလုပ်တာဝန်တွေကို လျော့နည်းသက်သာစေတာကြောင့် အကျိုးဆောင်တွေအနေနဲ့ customersတွေကို အချိန်ပိုပေးနိုင်ပြီး လုပ်ဆောင်နိုင်စွမ်းတွေကို မြင့်တင်နိုင်မှာ ဖြစ်ပါတယ်။

        ထို့အပြင် CRMက အရောင်းလုပ်ဆောင်မှုကို ပြန်လည်ဆန်းစစ်နိုင်ဖို့ အချက်အလက်နဲ့ တင်ပြချက်တွေ ပြင်ဆင်ပေးနိုင်လို့ တိုးတက်ကောင်းမွန်အောင် အားထည့်ဖို့လိုတဲ့ အခန်းကဏ္ဍတွေကို မြင်သာစေမှာလည်း ဖြစ်ပါတယ်။

        အများနဲ့အလုပ်လုပ်တဲ့အခါ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှု၊ နားလည်မှုလွဲခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးနဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ CRM စနစ်ကို အသုံးပြုကြတဲ့ ကုမ္ပဏီ/အဖွဲ့အစည်းတွေအတွက်ဆိုရင် အရောင်း/အဝယ်စာရင်း၊ အလုပ်တာဝန်၊ အိမ်ခြံမြေအရောင်းစာရင်းတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ဖြန့်ဝေနိုင်ဖို့၊ အဆက်မပြတ်ဘဲ အချိတ်အဆက်မိမိနဲ့ ဆက်သွယ်နိုင်ဖို့ အကျိုးပြုရုံသာမက အသင်းအဖွဲ့ကြား ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းကိုလည်း မြင့်တင်ပေးပါတယ်။

        အကျိုးဆောင်တွေဟာဆိုရင် အရောင်းအဝယ်တစ်ခု ဖြစ်မြောက်ဖို့သာမက ရေရှည်မှာ relationship တည်ဆောက်ဖို့အတွက် Clientနဲ့  အဆက်အသွယ်မပြတ်ရှိနေဖို့ အရမ်းအရေးကြီးပါတယ်။ CRMစနစ်ကို အခြားသော Marketing နည်းလမ်းတွေဖြစ်တဲ့ social media campaignလုပ်ဆောင်ခြင်း၊ email/စာတိုပေးပို့ခြင်းတို့နဲ့ ပေါင်းစပ်ပြီး အသုံးပြုနိုင်လို့ Marketing ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုမိုထိရောက် အကျိုးရှိစေကာ customers တွေနဲ့ engagement အားကောင်းဖို့ ကူညီပေးနိုင်ပါတယ်။

        အကျိုးဆောင်တစ်ယောက်တစ်နေနဲ့ ဒေတာအသစ်တွေရှာဖွေရတာ၊ ရှိပြီးသားဒေတာအဟောင်းတွေကို confirmလုပ်ရတာ၊ အဝယ်ရှာရတာ၊ ကိုက်ညီမယ့်ဒေတာတွေကို ပြန်လည်စိစစ်ပြီး ပို့ပေးရတာ၊ အဝယ်ကို မြေပြင်လိုက်ပြပေးရတာ၊ အရောင်းအဝယ်ကိစ္စတွေကို စေ့စပ်ညှိနှိုင်းပေးရတာအပြင် စာရွက်စာတန်းနဲ့ အခြားသော သက်ဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကူညီဆောင်ရွက်ပေးရတဲ့ အလုပ်တာဝန်အများအပြားရှိပါတယ်။ ဒီလိုအလုပ်တွေကို အချိန်မီပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ CRM စနစ်နဲ့ဆိုရင် အချို့သော အလုပ်တာဝန်တွေကို ကိုယ်တိုင်လုပ်စရာမလိုတော့ဘဲ လျှော့ချနိုင်တာမို့ လူပင်ပန်းသက်သာပြီး အချိန်ကိုလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင်မှာပဲ ဖြစ်ပါတယ်။

        CRM စနစ်က လုပ်ငန်းကို ထိရောက်စွာ လည်ပတ်လုပ်ကိုင်နိုင်ဖို့၊ customerတွေနဲ့ ရေရှည်မှာ ခိုင်မြဲတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အကျိုးကျေးဇူးများစွာပေးနိုင်ပါတယ်။ CRMနစ်ကို လက်တွေ့အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်မယ်ဆိုရင် လုပ်ငန်းအတွက် အဘက်ဘက်မှ တိုးတက်အောင်မြင်နိုင်မယ့် အလားအလားကောင်းတွေရှိပြီး အပြိုင်အဆိုင်များတဲ့ ဈေးကွက်ထဲမှာ ယှဥ်ပြိုင်ဖို့ အားသာချက်တစ်ခု ဖြစ်နေလို့ အကျိုးဆောင်လုပ်ငန်းအတွက်လည်း အထောက်အကူများစွာပေးစွမ်းနိုင်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အကျိုးဆောင်တွေအနေနဲ့ CRM စနစ်ကို တည်ဆောက်တဲ့အခါ လိုအပ်ချက် (ဥပမာ – client တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အရောင်းအဝယ်လုပ်ငန်းစဥ်တွေကို စစ်ဆေးသုံးသပ်ဖို့၊  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အိမ်ခြံမြေလုပ်ငန်းမှာ CRM system ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းကိုချောမွေ့စွာ လည်ပတ်နိုင်ဖို့ စီမံခန့်ခွဲနိုင်ခြင်း၊   (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…