Zayyan

🔵 အောင်မြင်တဲ့ အကျိုးဆောင်တွေမှာတွေ့ရတဲ့ အလေ့အကျင့် (၁၀)ခု

နိဒါန်း

အောင်မြင်တဲ့ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကံကိုပဲ ပုံအပ်နေလို့မရပါဘူး။ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှု၊ ထက်မြတ်တဲ့ အမျှော်အမြင်နဲ့ မဆုတ်မနှစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ လိုအပ်ပါတယ်။ အခြားသော အကျိုးဆောင်တွေနဲ့ မတူဘဲ အောင်မြင်တဲ့ အကျိုးဆောင်တွေမှာ တူညီနေတဲ့ အလေ့အကျင့်လေးတွေကို လေ့လာတွေ့ရှိရပါတယ်။ ဒီpost လေးမှာတော့ ရေရှည်အောင်မြင်တဲ့ အကျိုးဆောင်တွေမှာ တွေ့ရတတ်တဲ့ အမူအကျင့် (၁၀)ကို ပြောပြပေးသွားပါမယ်။

၁. နေ့စဥ် ရောင်းသူ/ဝယ်သူများ ရှာဖွေခြင်း

အောင်မြင်နေတဲ့ အကျိုးဆောင်တွေဟာ မိမိတို့မှာရှိတဲ့ အရောင်းဒေတာတွေကို ဝယ်ယူမယ့်သူ၊ အဝယ်တွေအတွက် ကိုက်ညီမယ့်အရောင်းစာရင်းတွေအတွက် အိမ်ခြံမြေ ရောင်းလိုသူ၊ ဝယ်ယူလိုသူတွေကို ရှာဖွေခြင်းက အခြေခံလိုအပ်ချက်တစ်ခု ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။ ဒါ့ကြောင့် ဖုန်းခေါ်ဆိုခြင်း၊ စာ/ဒေတာပေးပို့ခြင်း၊ Facebookတို့လို Social Media Platform တွေကနေတဆင့် အိမ်ခြံမြေ ရောင်းချင်သူ/ ဝယ်ချင်သူတွေကို အမြဲရှာဖွေပြီး ဆက်သွယ်ချိတ်ဆက်တဲ့ အလုပ်ကိုပုံမှန်လုပ်ဆောင်တတ်ကြပါတယ်။

၂. အချိန်ကို ကောင်းမွန်ထိရောက်စွာ စီမံခန့်ခွဲခြင်း

အချိန်ဟာ လူတိုင်းအတွက် အဖိုးတန်ဆုံး ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်တွေဟာလည်း သူတို့ရဲ့ တာဝန်ဝတ္တရားကို ဦးစားပေးလုပ်ဆောင်မှုအဆင့် ခွဲခြားသတ်မှတ်ပြီး လုပ်တစ်ခုစီအတွက် အချိန်သတ်မှတ်လုပ်ဆောင်ကာ အနှောင့်အယှက်တွေကနေ ကာကွယ်တားဆီးကြပါတယ်။ အလုပ်နဲ့လုပ်ဆောင်ရမယ့်အချိန်တွေကို calendarမှာ မှတ်သားခြင်း၊ အလုပ်တွေကို စီမံခန့်ခွဲပေးတဲ့ applicationအသုံးပြုခြင်းတွေလို လုပ်ငန်းဆိုင်ကိစ္စရပ်တွေကို နစ်တကျ မှတ်သားစီမံထားပြီး အရောင်းအဝယ်ဖြစ်မြောက်ရေးအပေါ်မှာ အပြည့်အဝအာရုံစိုက်ကြကာ လုပ်ဆောင်နိုင်စွမ်းရည်ကို မြင့်တင်ဖို့ ကြိုးပမ်းကြပါတယ်။

၃. Clientတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထိန်းသိမ်းခြင်း

အောင်မြင်တဲ့ အကျိုးဆောင်ကောင်းတွေက အရောင်းအဝယ်တစ်ခုတည်းကိုပဲ ဖြစ်မြောက်အောင် လုပ်ဆောင်ကြတာ မဟုတ်ပါဘူး။ ရေရှည်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ရှိတဲ့Clientတွေနဲ့လည်း အဆက်သွယ်မပြတ်ချိတ်ဆက်ရုံသာမက Clientဟောင်းတွေနဲ့လည်း ပြန်လည်ဆက်သွယ်ခြင်းဖြင့် professional network ကောင်းကောင်း ထိန်းသိမ်းတတ်ကြပါတယ်။ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေးအပေါ်မှာ အခြေပြုထားတာကြောင့် နောက်ပိုင်းမှာလည်း ရောင်းပြီးသားသူက ကိုယ်နဲ့ပဲ ပြန်ဝယ်တာ၊ ဝယ်ပြီးသားသူကလည်း ပြန်ရောင်းလာတာမျိုးအပြင် ယုံကြည်စိတ်ချလို့ အသိမိတ်ဆွေတွေကို ညွှန်းပေးလို့ networkပိုကြီးလာတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။

၄. အဆက်မပြတ် သင်ယူလေ့လာခြင်း

အိမ်ခြံမြေလောကဟာ အမြဲပြောင်းလဲတိုးတက်နေတာ ဖြစ်ပါတယ်။ အကျိုးဆောင်တွေအနေနဲ့ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် ပြောင်းလဲနေတဲ့ အိမ်ခြံမြေဈေးကွက်အခြေအနေ၊ ရင်းနှီးမြှုပ်နှံသူများအကြား ရေပန်းစားနေတဲ့ဈေးကွက်၊ အိမ်ခြံမြေဆိုင်ရာ ဥပဒေ/သတင်းအချက်အလက်သစ်တွေနဲ့ နည်းပညာဖွံ့ဖြိုးတိုးတတ်မှုတွေနဲ့ ပေါင်းစပ်လုပ်ကိုင်တတ်ဖို့ အမြဲမပြတ် လေ့လာသင်နေပြီး skillတွေကို မြင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ နေ့စဥ်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ နယ်ပယ်ထဲမှာ နောက်ကောက်ကျကျန်မနေမှာပဲ ဖြစ်ပါတယ်။

၅. နည်းပညာကို ထိရောက်စွာ အသုံးချတတ်ခြင်း

ရေရှည်အောင်မြင်နေတဲ့ အကျိုးဆောင်ဟာ နည်းပညာအသစ်တွေကို လက်ခံပြီး ခက်ခဲတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ ထိရောက်စွာ လုပ်ကိုင်နိုင်ဖို့ အသုံးချတတ်ကြပါတယ်။ ဥပမာ-CRM software နဲ့ AIတို့လို နည်းပညာကို အသုံးပြုပြီး နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ အချိန်ပေးရတဲ့ ဝန်ပိုတွေကိုလျှော့ချပြီး အချိန်ကုန်လူပင်ပန်းသက်သာစွာ လုပ်ငန်းစဥ်တွေ လွယ်ကူလျင်မြန်စွာ လည်ပတ်နိုင်ဖို့ လုပ်ဆောင်တတ်ကြပါတယ်။

၆. ထိရောက်တဲ့ ဆက်သွယ်ချိတ်ဆက်ခြင်း

အောင်မြင်နေတဲ့ ထိပ်တန်းအကျိုးဆောင်တွေမှာ ထူးချွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတာကို တွေ့ရပါတယ်။ Clientတွေရဲ့ လိုအပ်ချက်ကို သေချာနားထောင်ပေးပြီး ရှုပ်ထွေးတဲ့ အရောင်းအဝယ်ဆိုင်ရာ လုပ်ငန်းစဥ်တွေကို ရှင်းလင်းစွာ နားလည်သဘောပေါက်အောင် ရှင်းပြပေးတတ်ကြပါတယ်။ ဒီလိုရှင်းလင်းပြီးထိရောက်တဲ့ ပြောဆိုဆက်ဆံရေးက Clientတွေနဲဲ့ ယုံကြည်မှု တည်ဆောက်စေနိုင်ပြီး နားလည်မှုလွဲတဲ့ ကိစ္စရပ်တွေကို ဟန့်တားနိုင်မှာပဲ ဖြစ်ပါတယ်။

၇. Marketing ကျွမ်းကျင်ခြင်း

Marking က မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ အကျိုးဆောင်တွေဟာ မိမိတို့ကိုယ်တိုင်နဲ့ မိမိတို့ရဲ့ အရောင်းစာရင်းတွေကို ဈေးကွက်ထဲမှာ ထိထိရောက်ရောက် ထိုးဖောက်ချပြရမယ့် နည်းလမ်းကို သိရှိနားလည်ကြပါတယ်။ မိမိတို့မှာရှိတဲ့ အရင်းအမြစ်၊ အားသာချက်နဲ့ အဝယ်တွေရဲ့ လိုအပ်ချက်အပေါ် မှာ ကိုက်ညီပြီး ဆွဲဆောင်နိုင်တဲ့ ဓာတ်ပုံ၊ videoတွေကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးပုံဖော်တတ်ကြပါတယ်။

၈. အပေါင်းလက္ခဏာဆောင်တဲ့ အတွေးအမြင်သဘောထား ထိန်းသိမ်းတတ်ခြင်း

ဈေးကွက်အပြောင်းအလဲ၊ စိန်ခေါ်မှုနဲ့ ခက်ခဲတားဆီးမှုတွေများတဲ့ အိမ်ခြံမြေလောကမှာ အရောင်းအဝယ်တစ်ခုဖြစ်မြောက်ဖို့အတွက်ကလည်း မလွယ်ကူလှပါဘူး။ ရေရှည်အောင်မြင်နေတဲ့ အကျိုးဆောင်တွေက ဒီလိုအခက်ခဲ၊ စိန်ခေါ်မှုတွေကို အကောင်းမြင်တတ်တဲ့ စိတ်နဲ့ကြည့်ပြီး တိုးတက်ဖို့ အတွေ့အကြုံကောင်း/အခွင့်အလမ်းတွေအဖြစ် မြင်တတ်ကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့ အကောင်းမြင်စိတ်နဲ့ အတားအဆီးတွေပေါ် ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်က Client တွေအမြင်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အကျိုးဆောင်ကောင်းတွေအဖြစ် ပုံဖော်စေပါတယ်။

၉. ပန်းတိုင်ထားရှိပြီး လိုက်နာလုပ်ဆောင်ခြင်း

အများအကြား ထူးခြားကွဲပြားစွာ အောင်မြင်ချင်တဲ့ အကျိုးဆောင်တွေဟာ သူတို့ကိုယ်တိုင် ရယူလိုတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရှင်းလင်းစွာ ချမှတ်ထားကြပါတယ်။ ဥပမာ-တစ်လမှာ ဖြစ်မြောက်ရမယ့် ပွဲအရေအတွက်သတ်မှတ်ခြင်း၊ ဈေးကွက်မြို့နယ်အသစ်ချဲ့ထွင်ခြင်းတို့လို ရည်ရွယ်ချက်ပန်းတိုင်များ ချမှတ်တတ်ကြပါတယ်။ နေ့စဥ်ပြီးမြောက်ရမယ့် အလုပ်တွေကိုလည်း သတ်မှတ်ထားတတ်ပြီး လက်တွေ့ အချိန်မီပြီးစီးအောင် လိုက်နာလုပ်ကိုင်ခြင်းအားဖြင့် ဦးတည်ချက်လွဲမသွားစေဘဲ အမြဲစိတ်အားတက်ကြွနေစေရန် လှုံဆော်ပေးတဲ့ အရာအဖြစ် သတ်မှတ်ထားရှိကြပါတယ်။

၁၀. ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးခြင်း

Client တွေကို ကောင်းမွန်ပြီး စိတ်ကျေနပ်တဲ့ ဝန်ဆောင်မှုမျိုးပေးခြင်းကလည်း အကျိုးဆောင်တစ်ယောက်ရဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ အကျိုးဆောင်တွေမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်တစ်ခုက အဝယ်တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်အလိုက် သီးသန့် အရောင်းစာရင်း၊ အကြံပြုချက်နဲ့ ဝန်ဆောင်မှုပေးတတ်ကြပါတယ်။ ဒီလိုထပ်ထိုး ဝန်ဆောင်မှုတွေနဲ့ Clientတွေရဲ့ စိတ်ကျေနပ်မှုပေးစွမ်းနိုင်လို့ ရှိနေတဲ့ Client တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ရုံသာမက Clientအသစ်တွေလည်း ထပ်မံရရှိနိုင်ပါတယ်။

အိမ်ခြံမြေလောကမှာ အောင်မြင်ဖို့နဲ့ အကျိုးကျေးဇူးတွေရရှိဖို့အတွက် ဒီအလေ့အကျင့်ကောင်းလေးတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ Clientတွေနဲ့ အချိန်ကို စီမံခန့်ခွဲနိုင်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ ခိုင်မြဲဆက်ဆံရေးတည်ဆောက်နိုင်တဲ့အပြင် ဈေးကွက်ကျွမ်းကျင်ကာ အောင်မြင်မှု ပန်းတိုင်ကို ဦးတည်ချက်ရှိရှိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ပဲ အလေ့အကျင့်ကောင်းတွေကို မွေးမြူလေ့ကျင့်ရင်း အနာဂတ်မှာ လုပ်ငန်းရဲ့ညဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် (ဆက်ဖတ်ရန် နှိပ်ပါ)……
  • CRM by Zayyan ဆိုတာကို မပြောခင် CRMအကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)......
     

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…