Zayyan

မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

  • ၃၅ ရပ်ကွက်ရဲ့ တည်နေရာအနေအထား

       ပင်လုံမေးတင်ရပ်ကွက်တစ်ခုဖြစ်တဲ့ (၃၅) ရပ်ကွက်က တောင်ဥက္ကလာနဲ့ ဒုတိယအနီးဆုံး VIP ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။
    
  • ၃၅ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ

       မြောက်ဒဂုံမြို့နယ်မှာ ၃၅ ရပ်ကွက်ကို ဝန်းရံထားတဲ့ မိန်းလမ်းမကြီး(၄)ခုကတော့ ပင်လုံ၊ ဘုရင့်နောင်၊ တပင်ရွှေထီးနှင့် ဗိုလ်မင်းရောင်းလမ်းမကြီးတို့ပဲ ဖြစ်ပါတယ်။ ဒီလမ်းမကြီးတွေပေါ်မှာ အ.ထ.က (၁)၊ စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်၊ စတိုးဆိုင်၊ စီးပွားရေးလုပ်ငန်းအမျိုးမျိုးတို့ဖြင့် စည်ကားတဲ့ လမ်းမတွေ ဖြစ်ပါတယ်။ ၃၅ရပ်ကွက် ပင်လုံလမ်းမကြီးပေါ်မှာ ဘဏ်နှင့် အာမခံလုပ်ငန်းများ၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ ရုံး၊ ကျောင်းနဲ့ တနိုင်တပိုင်လုပ်ငန်းငယ်လေးတွေ ရှိပါတယ်။  ဘုရင့်နောင်လမ်းမကြီးပေါ်မှာ အထက်တန်းကျောင်း၊ စားသောက်ဆိုင်၊ ကုမ္ပဏီနဲ့ အိမ်ဆိုင်လေးတွေ ရှိပါတယ်။ တပင်ရွှေထီးလမ်းမပေါ်မှာ လူနေအိမ်အများစုနဲ့ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ လုပ်ငန်းအသေးစားများရှိကြပြီး ဗိုလ်မင်းရောင်လမ်းမပေါ်မှာလည်း ကိုယ်ပိုင်ကျောင်း၊ စားသောက်ဆိုင်များ၊ စီးပွားရေးလုပ်ငန်း အသေးစားများ ရှိကြပါတယ်။ 
    
           ရပ်ကွက်ထဲမှာကတော့ အထက်တန်းကျောင်း၊ မူကြိုကျောင်း၊ သင်တန်းကျောင်း၊ ကားနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်တို့ ရှိပါတယ်။ ၃၅ ရပ်ကွက်ကို ဖြတ်ပြေးနေတဲ့ လောပိတလမ်းမကျယ်ဟာဆိုရင်လည်း တနိုင်တပိုင် အိမ်ဆိုင်လေးများနှင့် အရေးပါတဲ့ အထင်ကရ အတွင်းလမ်းမကျယ်တစ်ခု ဖြစ်ပါတယ်။
    
  • ၃၅ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများ

    ၃၃ ရပ်ကွက် လမ်းမမေးတင်ပေါ်က ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို သိန်း 20000 ဝန်းကျင်ရှိပြီး တစ်ပတ်ပတ်လည်အားဖြင့် 8 သိန်းခွဲ ဝန်းကျင်ပေါက်ဈေး ရှိပါတယ်။
    
      လမ်းမကျောကပ်/တည့်ပေါက်နှင့် အတွင်းလမ်းမကျယ်လိုနေရာမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း 10000 ဝန်းကျင် ကာလတန်ဖိုးအားဖြင့် ပေါက်ဈေးရှိပြီး တစ်ပတ်ပတ်လည်ကို 4သိန်း ဝန်းကျင်မှာ ရှိပါတယ်။
    
      ရပ်ကွက်အတွင်းလမ်းထဲက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ဆိုရင်တော့ သိန်း 7000-8000 ဝန်းကျင်မှာ ဈေးပေါက်လျက်ရှိပြီး တစ်ပေပတ်လည်နှုန်းထား 3 သိန်းဝန်းကျင် ဖြစ်ပါတယ်။
    

မှတ်ချက်

အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။

Appendix:1 မြောက်ဒဂုံ ၃၅ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 20000

👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 10000

👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 7000

Appendix 2: မြောက်ဒဂုံ ၃၅ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၃၅ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 7000 ဝန်းကျင်ကနေ စပါတယ်။ သိန်း 8000 အထက်လောက်ဆိုရင်တော့ လမ်းမကျောကပ်/တည့်ပေါက်တွေထဲက ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ သိန်း6000-9000 ကြားမှာရှိတဲ့ မြေကွက်တွေ များပါတယ်။

  • ၃၅ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မြေကွက်အရောင်းတည်နေရာ အနေအထား

        ဇေယံအိမ်ခြံမြေမှာ လာရောက်အပ်နှံထားကြသော အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၃၅ ရပ်ကွက်မှာ ဂရန်(အမည်ပေါက်)60% ခန့်နှင့် ကျန်သော 40% မှာ ဂရန်(SP)၊ နှင့် ဂရန်မူရင်းခြမ်းများကို တွေ့ရှိရပါတယ်။
    
      ၃၅ ရပ်ကွက်၏ စာရွက်စာတန်းအခြေအနေသည် ဂရန်(အမည်ပေါ်) အများစုလို့ ခိုင်မာမှုရှိပြီး အရောင်းအဝယ်အရှုပ်အရှင်းကင်းမယ့်တဲ့ အနေအထား ဖြစ်ပါတယ်။  ၄၀-၆၀ ခြံအရောင်းတွေကလည်း ဈေးကွက်ထဲမှာ 60% ကျော်နေရာယူထားတာကြောင့် ခြံကျယ်လုံးချင်းများမယ့်ရပ်ကွက်တစ်ခုအဖြစ် ယူဆနိုင်ပါတယ်။ ဈေးတန်းအားဖြင့်တော့ အခြားသောရပ်ကွက်တွေနဲ့ ယှဥ်ရင် ဈေးမြင့် ရပ်ကွက်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
    
      မြေကွက် အရောင်းစာရင်းများရဲ့ တည်နေရာအနေအထားအရ ရပ်ကွက်အတွင်းလမ်း 70%ခန့်၊ လမ်းမကျောကပ်/တည့်ပေါက်နှင့် လမ်းမကြီးပေါ်မှာ 30%ကျော် ရှိကြပါတယ်။ အကျယ်ပေအားဖြင့်လည်း ပေ၄၀-၆၀ မြေကွက်အရောင်းတွေက 60%ကျော်ရှိပြီး ကျန်30%ကျော်မှာ ပေ၂၀-၆၀ နှင့် ၈၀-၆၀ ခြံကျယ်တွေ ဖြစ်ပါတယ်။
    


Appendix 3: မြောက်ဒဂုံ ၃၄ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉  ၃၅ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 60% ကျော်ရှိတာကြောင့် ဈေးကွက်၏ ထက်ဝက်ကျော် နေရာယူထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ခြံကျယ်လုံးချင်းတွေများတဲ့ ရပ်ကွက်သန့်မှာ နေချင်သူတွေအတွက် သင့်တော်ပါတယ်။

၃၅ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

၃၅ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ

        ၃၅ ရပ်ကွက်က အဓိက မိန်းလမ်းများဝန်းရံလျက်ရှိတာကြောင့် စည်ကားဖွံ့ဖြိုးလို့ စီးပွားရေးအတွက် သင့်တော်ပါတယ်။ အတွင်းလမ်းမကျယ်တွေလည်း များတာကြောင့် ရပ်ကွက်သန့်ပြီး လမ်းအဝင်အထွက်သာလို့ ကိုယ်တိုင်နေဖို့ အထူးသင့်တော်သလို့ လုပ်ငန်းလုပ်ဖို့/ဆိုင်ဖွင့်ဖို့လည်း အဆင်ပြေပါတယ်။ ခြံကျယ်ကျယ်နဲ့ လုံးချင်းအိမ်ကြီးအိမ်ကောင်းတွေရှိတာကြောင့် ပတ်ဝန်းကျင်ကောင်းကောင်း နေရာသန့်သန့်မှာ နေချင်တဲသူတွေ ရွေးချင်သင့်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ လောပိတနှင့် ပင်လုံလမ်းမကြီးကြားမှာရှိတဲ့ အကွက်တွေက နေရာကောင်းပြီး အကွက်လှပါတယ်။တောင်ဥက္ကာနဲ့ အရှေ့ဒဂုံတို့ကို လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပါတယ်။ ၃၅ ရပ်ကွက်က ဘုရင့်နောင်ဈေး၊ ငွေပုလဲဈေး၊ ၄၀ရပ်ကွက်ဈေးတို့နဲ့နီးလို လိုအပ်တဲ့ စားရေးသောက်ရေး၊ ပညာရေးအတွက် စိတ်ပူစရာ မရှိပါဘူး။ ပိုင်ဆိုင်မှု စာရွက်စာတန်းအရလည်း ဂရန်(အမည်ပေါက်)များတာကြောင့် အရှုပ်အရှင်းကင်းစွာ ဝယ်ယူနေထိုင်မြှုပ်နှံနိုင်ပါတယ်။

       ဈေးတန်းအားဖြင့် ၃၅ ရပ်ကွက်က ဈေးမြင့်တန့်အထဲ ပါဝင်ပါတယ်။ ဒါကလည်း ရပ်ကွက်ရဲ့ တည်နေရာအနေအထားအချက်အချာကျခြင်း၊ လမ်းသာပြီး ပတ်ဝန်းကျင်ကောင်းတဲ့ ရပ်ကွက်သန့်တစ်ခုဖြစ်ခြင်း၊ စာရွက်စာတန်းအရခိုင်မာမှုရှိခြင်းတို့ကြောင့် ဈေးမြင့်နေတဲ့ ရပ်ကွက်တစ်ခုဖြစ်ကြောင်း သတ်မှတ်နိုင်ပါတယ်။ လောပိတနဲ့ တပင်ရွှေထီးကြားမှာ လူဟောင်းတွေရှိနေသေးပြီး ရေ အနည်းငယ်တက်နိုင်တဲ့ ခြေအနမျိုးလည်း တွေ့ရပါတယ။ 

       လုံးချင်းအိမ်ကောင်းကောင်းအရောင်းတွေလည်း များတာကြောင့် အချက်အချာကျစည်ကားတဲ့ လမ်းမကြီးတွေနဲ့နီးပြီး သွားလာရလွယ်ကူတဲ့ အဝင်အထွက်သာတဲ့နေရာမျိုး၊ လုံးချင်းအိမ်ကြီးအိမ်ကောင်းတွများပြီး ပတ်ဝန်းကျင်ကောင်းတဲ့ ရပ်ကွက်သန့်မျိုးမှာ ခြံကျယ်ကျယ်နဲ့မိသားစုအိမ်ဆောက်နေချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဆောက်ပြီးသားအသင့်တက်နေအိမ်ကောင်းကောင်း လိုချင်ရင်ဖြစ်ဖြစ် စာရွက်စာတန်းအရလည်း အရှုပ်အရှင်းအကင်းဆုံးနဲ့ လွယ်ကူချောမွေ့နိုင်လို့ ရွေးချယ်ဖို့ အသင့်တော်ဆုံး ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းလုပ်ဖို့အတွက်ဆိုရင် ပင်လုံလမ်းမကြီးကို ရွေးချယ်နိုင်ပြီး စားသောက်ဆိုင်ဖွင့်ဖို့အတွက်ဆိုရင်တော့ ဘုရင့်နောင်လမ်းမက သင့်တော်ပါတယ်။ တပင်ရွှေထီးလမ်းမကိုတော့ ကိုယ်တိုင်နေလိုသူများရွေးနိုင်ပြီး ဗိုလ်မင်းရောင်လမ်းမကိုတော့ ကော်ဖီဆိုင်၊ ရုံးခန်းဖွင့်လိုသူများအတွက် အဆင်ပြေနိုင်ပါတယ်။ 

       ဒါ့ကြောင့်၃၅ရပ်ကွက်ရဲ့ တောင်ပိုင်းအခြမ်းကို မိသားစုနှင့် အေးအေးဆေးဆေးနေလိုသူများ ရွေးချယ်နိုင်ပြီး တိုးတက်ဖို့ လိုအပ်နေသေးတဲ့ မြောက်ပိုင်းအခြမ်းကိုတော့ ကန်ထရိုက်တာနှင့် ဆောက်ရောင်းသမားများ ရွေးချယ်နိုင်ပါတယ်။
 

  • မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၈ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၈ ရပ်ကွက်က ပြည်ထောင်စုလမ်းမမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်နဲ့ ထိစပ်နေတာကို (ဆက်ဖတ်ရန် နှိပ်ပါ)…… 
  • ၃၆ ရပ်ကွက်သည် ပင်လုံမေးတင် ရပ်ကွက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အလယ်ကျတာကြောင့် နီးစပ်ရာမြို့နယ်တွေဖြစ်တဲ့ တောင်ဥက္ကာ၊ သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံနဲ့ တောင်ဒဂုံတို့ကို သွားလာရလွယ်ကူပါတယ်။ (ဆက်ဖက်ရန် နှိပ်ပါ)…..
  • ၃၇ ရပ်ကွက်ရဲ့ တည်နေရာအနေအထား  ၃၇ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုအပါအဝင်ဖြစ်ပြီး ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်လေးဖြစ်ပါတယ်။  ၃၇ ရပ်ကွက် (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…