အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့အချိန်မှာ ရောင်းမှားဝယ်မှားမဖြစ်အောင် လူရောစိတ်ပါနှစ်မြှုပ်ပြီး ပင်ပန်းတတ်ကြပါတယ်။ အထူးသဖြင့် အိမ်ဝယ်မယ်ဆိုရင် ဝယ်ပြီးတာနဲ့ ပြန်လဲလည်လို့မရတဲ့ ပစ္စည်းဖြစ်တာကြောင့် မဝယ်ခင်ကတည်းက အဝယ်မမှားအောင်၊ ဝယ်လိုက်တဲ့ အချိန်မှာလည်း အဆင့်ဆင့်တိုင်းမှာ အမှားအယွင်းမရှိအောင် သတိကြီးကြီးထားပြီး ဝယ်ရပါတယ်။
ဒါကြောင့် အိမ်ဝယ်တဲ့အချိန်မှာ အမှားအယွင်းမရှိအောင် အဆင့်တစ်ဆင့်ချင်းတိုင်းမှာ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ဒီ Post မှာ ပြောပြပေးသွားပါမယ်။
အိမ်ခြံမြေတစ်ခုဝယ်ယူတော့မယ်ဆိုရင် အဆင့် ၅ ဆင့်ကို တစ်ဆင့်ချင်းစီ လုပ်ဆောင်ရပါမယ်။
အိမ်တစ်လုံးဘဲဖြစ်ဖြစ်၊ Condo တစ်လုံးဘဲဖြစ်ဖြစ် ဘာပဲဝယ်ဝယ် မဝယ်ခင်ကတည်းက ကိုယ်ကဘာလိုချင်လဲ၊ ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့အရာတွေက ဘာတွေလဲဆိုတာကို သိပြီးမှ ကိုယ်ကဘယ်လိုအိမ်မျိုးကို ရှာရမလဲဆိုတာ သိမှာပါ။ အိမ်မဝယ်ခင် ပြင်ဆင်စရာ ၃ ခုရှိပါတယ်။
ဝယ်သင့်သလား? ဌားသင့်သလား? –
ပထမဆုံးအနေနဲ့ အိမ်ဝယ်သင့်သလား၊ အိမ်ဌားနေသင့်သလားဆိုတာကို ဆုံးဖြတ်ရပါမယ်။ ပိုက်ဆံအပိုရှိလို့ အိမ်ခြံမြေထဲမှာ ရင်းနှီးမြုပ်နှံ့လိုသူတွေအတွက်တော့ အိမ်ဝယ်တာက ပိုပြီးကောင်းပေမဲ့၊ အိမ်ကို ဘဏ်ချေးငွေနဲ့ ဝယ်မယ့်သူတွေအတွက်ကတော့ ဝယ်ရမလား ငှားရမလားဆိုတာကို ကိုယ့်လိုအပ်ချက်အပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချရပါမယ်။
ကိုယ်သုံးမဲ့ Budget ကို သတ်မှတ်ပါ –
ကိုယ်ပိုင်ပိုက်ဆံနဲ့ အလုံးအရင်းဝယ်တဲ့ သူတွေအတွက်တော့ ကိုယ်သုံးမဲ့ Budget အတွင်းမှာ ဘယ်လိုအိမ်တွေရှာနိုင်သလဲဆိုတာသိဖို့အတွက် Budget အတိုင်းအတာတစ်ခုကို မဝယ်ခင်ကတည်းက သတ်မှတ်ထားတာပိုကောင်းပါတယ်။ ဘဏ်ချေးငွေနဲ့ ဝယ်မဲ့သူတွေအတွက်ကတော့ Down Payment တွေဘယ်လောက်ပေးရမလဲ၊ ဘဏ်ကနေ ချေးငွေပမာဏ ဘယ်လောက်ရမလဲ၊ အတိုးဘယ်လောက်ပေးရမလဲ၊ ရတဲ့ ချေးငွေနဲ့ ဘယ်လိုအိမ်တွေရနိုင်မလဲဆိုတာတွေကို အိမ်စပြီးမဝယ်ခင်ကတည်းက လေ့လာထားသင့်ပါတယ်။
ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်ပုံစံမျိုးကိုရှာဖို့အတွက် ပြင်ဆင်ပါ –
အိမ်တစ်လုံးစပြီးမရှာခင် ကိုယ့်မိသားစုဝင်နဲ့ဘဲဖြစ်ဖြစ် အကျိုးဆောင်တစ်ယောက်နဲ့ဘဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ အိမ်ပုံစံမျိုးကို သေသေချာချာတိုင်ပင်ဖို့လိုပါတယ်။ ဥပမာ – အိပ်ခန်းဘယ်နှစ်ခန်းပါရမလဲ၊ ဘယ်လို Location မျိုးကို လိုချင်တာလဲ၊ ဆိုတာတွေကို ဆုံးဖြတ်ထားဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်လိုချင်တဲ့ ပုံစံကို တစ်ခြားသူတွေနဲ့ တိုင်ပင်တဲ့အခါ ရှင်းရှင်းလင်းလင်းပြောပြနိုင်မှာပါ။
ကိုယ်နဲ့ ကိုက်ညီတဲ့ အိမ်တစ်လုံးကို ရှာဖို့အတွက် List (စရင်း) ၂ ခု လုပ်ဖို့လိုပါတယ်။ ပထမ တစ်ခုက “မရှိမဖြစ်လိုအပ်သည့်အရာများ” (Must-have Features) နဲ့ ဒုတိယ တစ်ခုက “လိုချင်သည့်အရာများ” (Nice-to-have Features) တို့ကို List လုပ်ပြီး ချရေးထားသင့်ပါတယ်။ ဒီလို List လုပ်ထားရတဲ့ အကြောင်းအရင်းကတော့ အိမ်ရှာတဲ့အခါ ဒီ List အပေါ်မူတည်ပြီး အိမ်ရှာနိုင်သလို၊ ဝယ်ဖို့ ဆုံးဖြတ်တဲ့ အခါမှာလည်း ဒီ List က အထောက်အကူပြုပါမယ်။
ကိုယ်ဘက်က ဘယ်လိုအိမ်မျိုးကို ဝယ်ချင်လဲ၊ Budget ဘယ်လောက်သုံးမလဲ ဆိုတာကို ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ အိမ်ကို စရှာလို့ရပါပြီ။
ဒီခေတ်ဒီခါမှာ Phone တွေ Internet တွေရှိတာကြောင့် အိမ်ရှာရတာ လွယ်ကူသလို ရွေးချယ်စရာတွေလဲ အများအပြားရှိပါတယ်။ ကိုယ်လိုချင်တဲ့ အိမ်ပုံစံမျိုးကို Facebook, iMyanmarHouse တို့မှာ ရှာနိုင်သလို Zayyan Real Estate ရဲ့ ဖုန်း Application မှာလည်း ရှာနိုင်ပါတယ်။
မိမိလိုချင်တဲ့အိမ် ပုံစံနဲ့ အကိုက်ညီဆုံးအိမ်တွေကို Zayyan Real Estateရဲ့ Buyer Agent က ရှာဖွေပေးပြီး မိမိစိတ်တိုင်းကျ စကာတင်ရွေးချယ်နိုင်ပါတယ်။ စကာတင်ရွေးချယ်ထားတဲ့အိမ်တွေ လူကိုတိုင်သွားရောက်ကြည့်ချင်တယ်ဆိုရင်တော့ Buyer Agent မှ အိမ်ရှင်နဲ့ ချိတ်ဆက်ပြီး မိမိအဆင်ပြေတဲ့ အချိန်မှာ အိမ်ကို သွားကြည့်နိုင်ပါတယ်။ လူကိုယ်တိုင် သွားကြည့်ထားတဲ့ အိမ်တွေကို ကြိုက်တယ်ဆိုရင်တော့ Buyer Agent က CMA (Comperative Market Analysis) လို့ခေါ်တဲ့ အိမ်တန်ဖိုးသည် ကာလပေါက်ဈေးနှင့် ကိုက်ညီမှုရှိမရှိကို သုံးသပ်ပေးပါတယ်။ အဲ့အပြင် Buyer Agent ကနေ ဝယ်သူအဝယ်မမှားဖို့အတွက် ဒီအိမ်ရဲ့ အားသာချက်အားနည်းချက်တွေကို သုံးသပ်ပေးပါတယ်။
စကာတင်ရွေးချယ်ထားတဲ့ အိမ်တွေထဲကမှ မိမိအကြိုက်ဆုံးအိမ်ကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အိမ်ဝယ်ယူမှုရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ စာချုပ်စာတမ်းများ စစ်ဆေးခြင်း၊ ရောင်းသူထံမှ ပိုင်ဆိုင်မှုခိုင်မာကြောင်းနှင့် အရှုပ်အရှင်း ကင်းရှင်းခြင်း၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပေးခြင်းး၊ နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပေးခြင်းအစရှိတဲ့ ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များကို Zayyan Real Estate မှ ဝယ်သူ စိတ်ကျေနပ်သည် အထိ တာဝန်ယူပြီး ဝန်ဆောင်မှုပေးပါတယ်။
မိမိဝယ်မည့်အိမ်ကို အမည်ပေါက်ပိုင်ဆိုင်နိုင်ဖို့အတွက် နောက်ဆုံးတစ်ဆင့်အနေနဲ့ ငွေပေးချေရပါမယ်။ ငွေပေးချေတဲ့ အခါ လိုအပ်သည့် စာရွက်စာတန်းများ အမှားအယွင်းမရှိအောင် စီစစ်ပေးခြင်း၊ ဂရမ်အမည်ပေါက် လျှောက်ထားခြင်း၊ တို့ကို Zayyan Real Estate မှ တာဝန်ယူဆောင်ရွက်ပေးပါတယ်။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…