မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

၂၉ ရပ်ကွက်ရဲ့ တည်နေရာအနေအထား
၂၉ ရပ်ကွက်သည် ပင်လုံလမ်းနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းမြို့နယ်တွေနဲ့ အနီးဆုံး ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။ မြို့ထဲကို သွားလာဖို့အတွက်ဆိုရင်လည်း ဘေလီတံတားနဲ့ အမှတ်(၂)လမ်းတံတားတို့ကို အသုံးပြုလို့ ရပါတယ်။
၂၉ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ
၂၉ ရပ်ကွက်မှာရှိတဲ့ လမ်းမကြီးတွေကတော့ ပင်လုံ၊ ပြည်ထောင်စု၊ မဟာဗန္ဓုလတို့ပဲ ဖြစ်ပါတယ်။ ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးတို့ကတော့ YBS အများသုံး ယာဥ်လိုင်းများ ပြေးဆွဲနေတဲ့ လမ်းမတွေလည်း ဖြစ်ပါတယ်။ ၂၉ရပ်ကွက်ရဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာဆိုရင် စားသောက်ဆိုင်၊ ဘောလုံးကွင်း၊ ရေကူးကန်၊ မြင်းစီးကွင်း၊ Golden Park တို့အနီး တည်ရှိပါတယ်။ ၂၉ ရပ်ကွက်ရဲ့ ပင်လုံလမ်းမကြီးဟာဆိုရင် တော်တော်လေး စည်ကားပြီး KTV၊ Bar၊ လက်ဘက်ရည်ဆိုင်၊ Hotel၊ Maxi Wholesale တို့ ရှိကြပါတယ်။ ၂၉ ရပ်ကွက်က မဟာဗန္ဓုလလမ်းမကြီးပေါ်မှာကတော့ ကုန်စုံဆိုင်၊ ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်အများအပြားနဲ့ စည်ကားနေပြီး Private School၊ အိမ်ဆိုင်/ တနိုင်တပိုင်လုပ်ငန်းလေးတွေကိုလည်း တွေ့ရပါတယ်။ သခင်ဗစိန်လမ်းမပေါ်မှာကတော့ လူနေအိမ်နဲ့ ရုံးခန်းတွေကိုသာ တွေ့ရပါတယ်။ ရပ်ကွက်ထဲမှာ မူလတန်းကျောင်းတစ်ကျောင်းရှိပြီးတော့ မဟာဗန္ဓုလလမ်းအနီးမှာ နွယ်သာကီတိုက်ခန်းအိမ်ရာလည်း ရှိပါတယ်။ ရပ်ကွက်ထဲမှာ ချက်ပြုတ်စားသောက်ဖို့အတွက် မန္တလေးဈေးရှိပြီးတော့ ပင်လုံလမ်းမပေါ်မှာ Maxi Wholesale လက်ကားဒိုင်ကြီးလည်း ရှိပါတယ်။ ကျန်းမာရေးအတွက်ဆိုရင် ၃၆ရပ်ကွက်ထဲမှာရှိတဲ့ အရှေ့အနောက်ပါရမီဆေးရုံနဲ့လည်းနီးတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ရပ်ကွက်ရဲ့ အရှေ့ပိုင်းတွေဖြစ်တဲ့ အောင်သစ္စာနဲ့ အောင်မေတ္တာဘက်ခြမ်းတွေမှာဆိုရင် ပေ၂၀-၆၀ခြံတွေထက် ပေ၄၀-၆၀ခြံက ပိုများပါတယ်။ မဟာဗန္ဓုလလမ်းနဲ့ နီးတဲ့ နွယ်သာကီတိုက်ခန်းအိမ်ရာဘက်မှာဆိုရင်တော့ ကန်ထရိုက်တိုက်တွေရှိပြီး ပေ၂၀-၆၀ ခြံတွေက ပိုများတာကို တွေ့ရပါတယ်။
၂၉ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းအခြေအနေများ
၂၉ ရပ်ကွက်ရဲ့ လမ်းမမေးတင်ပေါ်က ပေ၄၀-၆၀ မြေကွက်တစ်ကွက်ရဲ့ တစ်ပေပတ်လည်ဈေးနှုန်းမှာ 6 သိန်းခွဲ ဝန်းကျင်ရှိပြီး ဈေးတန်းအားဖြင့်တော့ သိန်း 16000 ဝန်းကျင်မှာ ရှိပါတယ်။ ရပ်ကွက်အတွင်းလမ်းကျယ်၊ လမ်းမကျောကပ်/တည့်ပေါက်လို နေရာကောင်းမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း 8500 ဝန်းကျင်မှာ ကာလပေါက်ဈေးရှိပြီး တစ်ပေပတ်လည်ကို 3 သိန်း ဝန်းကျင် ဈေးပေါက်ပါတယ်။ ရပ်ကွက်အတွင်းထဲက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကိုတော့ သိန်း 7000 ဝန်းကျင် ပေါက်ဈေးရှိနေပြီး တစ်ပတ်ပတ်လည်အားဖြင့် 280000 သိန်း ဝန်းကျင်မှာ ကာလပေါက်ဈေး ရှိနေပါတယ်။
မှတ်ချက်
အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။
Appendix:1 မြောက်ဒဂုံ ၂၉ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 16000
👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ လမ်းမကျောကပ်/တည့်ပေါက်ဈေး – သိန်း 8500
👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 7000
Appendix 2: မြောက်ဒဂုံ ၂၉ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၂၉ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 6000-6500ဝန်းကျင်ကနေ စပါတယ်။ သိန်း 8500ဝန်းကျင် လောက်သုံးမယ်ဆိုရင် လမ်းမကျောကပ်/တည့်ပေါက်နဲ့ အတွင်းလမ်းမကျယ်တွေထဲက ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ ပေ၄၀-၆၀ မြေကွက်တွေဟာ သိန်း6000-9000 ဈေးတန်းမှာ ရှိတာများပါတယ်။
၂၉ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများ
ဇေယံ အိမ်ခြံမြေမှာ လက်ရှိ အပ်နှံထားတဲ့ အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်များနှင့် ချိတ်ဆက်ထားတဲ့ အရောင်းစာရင်းများအရ ၂၉ ရပ်ကွက်ထဲမှာ ဂရန်မြေအမျိုးအစား အများစုရှိနေတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့် ဂရန်အမည်ပေါက် 50%၊ ဂရန်မြေ 36.1%၊ ဂရန်(SP) 8.3% နဲ့ ဂရန်အမွေဆက်ခံ၊ အခြားသော စာရွက်စာတန်း အမျိုးအစားများ ပါဝင်ပါတယ်။ ဂရန်အမည်ပေါက်က ဈေးကွက်ရဲ့ ထက်ဝက်ရှိနေတာကြောင့် အရှုပ်အရှင်းကင်းကင်းနဲ့ အရောင်းအဝယ်ချောချောမွေ့မွေ့ ဝယ်ယူနိုင်ချေ 50% ရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။ အရောင်းစာရင်းတွေရဲ့ တည်နေရာအနေအထားတွေအရ ၂၉ ရပ်ကွက်ထဲမှာ ရပ်ကွက်အတွင်းလမ်း 50%၊ လမ်းမကျောကပ်/တည့်ပေါက်က 27.8%နှင့် လမ်းမေးတင်ပေါ်မှာက 22.2% အရောင်းအရေအတွက်နှုန်းထား အသ်ီးသီးရှိကြတာကို တွေ့ရှိရပါတယ်။ ဈေးတန်းအပိုင်းအခြားအရ ပေ၄၀-၆၀ မြေကွက်တွေဟာ သိန်း6000-9000 ကြား အရေအတွက်အများဆုံးဖြစ်ပြီး သိန်း 5500 ဝန်းကျင်ကနေ သိန်း 20000 နီးပါးအထိ တည်နေရာအလိုက် ဈေးတန်းပေါက်ဈေးတွေ ရှိနေပါတယ်။
Appendix 3: မြောက်ဒဂုံ ၂၉ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၂၉ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 76.6% ရှိတာကြောင့် ဈေးကွက်ရဲ့ လေးပုံသုံးပုံ နေရာယူထားတာကို တွေ့ရပါတယ်။ ၂၉ ရပ်ကွက်မှာ ပေ၄၀-၆၀အရောင်းက ၂၀-၆၀ ထက် သိသိသာသာများနေတာကို ကြည့်ခြင်းအားဖြင့် ၂၉ ရပ်ကွက်က အိမ်ချေနည်းပြီး ခြံကျယ်လုံးခြင်းတွေနဲ့ ဆိတ်ငြိမ်တဲ့ ရပ်ကွက်တစ်ခု ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
၂၉ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

၂၉ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ
ပင်လုံလမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီးနှင့် မန္တလေး လမ်းကြီးတွေ ဝန်းရံထားတဲ့ ၂၉ ရပ်ကွက်ဟာဆိုရင် ကျောင်း၊ လုပ်ငန်း၊ အိမ်တွင်းတနိုင်တပိုင်အပါအဝင် စီးပွားရေးအမျိုးမျိုးတို့ကလည်း လမ်းမကြီးတွေနဲ့ ရပ်ကွက်အတွင်းထဲမှာ စုံစုံလင်လင် တည်ရှိကြပါတယ်။ ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးတွေက လိုင်းကားပြေးဆွဲတဲ့ လမ်းမကြီးတွေ ဖြစ်တာကြောင့် ဆိုင်ဖွင့်၊ စီးပွားရေးလုပ်နိုင်သလို ကုမ္ပဏီ၊ ရုံးခန်းဖွင့်တဲ့ သူတွေအတွက်လည်း ဝန်ထမ်းများ သွားရေးလာရေး အဆင်ပြေနိုင်တဲ့ ရပ်ကွက်တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ရပ်ကွက်အတွင်းလမ်းတွေကလည်း လမ်းသာပြီး ပတ်ဝန်းကျင်ကောင်းကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး သွားလာရေးလည်း လွယ်ကူအဆင်ပြေတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။
၂၉ ရပ်ကွက်ရဲ့ လုံးချင်းနှင့် မြေကွက် အရေအတွက် စာရင်းများအရ မြေကွက်အရောင်းတွေက လေးပုံသုံးပုံနီးပါရှိလို့ အိမ်အရောင်းထက် များနေတာကို တွေ့ရပါတယ်။ ၂၉ ရပ်ကွက်မှာ မြေကွက်နှင့် ပေ၄၀-၆၀ တွေ ပိုမိုများပြားနေခြင်းက လူနေအိမ်ချေနည်းပြီး ခြံကျယ်တွေများနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဂရန်(အမည်ပေါက်)ခြံတွေက အရောင်းဈေးကွက်တဲ့ ထက်ဝက်ရှိနေခြင်းကလည်း အရောင်းအဝယ်လုပ်ရ အဆင်ပြေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
မိသားစု ကိုယ်တိုင်နေချင်ရင်လည်း ဆိတ်ငြိမ်ပြီး သွားရေးလာရေးလွယ်ကူတဲဲ့ ရပ်ကွက်ဖြစ်သလို Internaitonal ကျောင်းကောင်းကောင်းတွေလည်း ရှိတာကြောင့် မိဘတွေအနေနဲ့ ကလေးပညာအတွက် နီးနီးနားနားနဲ့ အဆင်ပြေနိုင်ပါတယ်။ အရောင်းစာရင်းတွေအရ အတွင်းလမ်းမကျယ်နဲ့ ကျောကပ်/တည့်ပေါက်လိုနေရာမျိုးက အဝင်အထွက်လမ်းသာတဲ့ နေရာကောင်းကောင်း ထောင့်ကွက်အရောင်း တွေလည်းရှိတဲ့အတွက် ရွေးချယ်စဥ်းစားနိုင်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပါတယ်။
ဆိတ်ငြိမ်ပြီး သန့်တဲ့ရပ်ကွက်တစ်ခုဖြစ်ပေမဲ့ အချို့နေရာတွေမှာ ရေဝပ်တဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ နွယ်သာကီနဲ့ အောင်တံခွန်ဘက်ခြမ်းလို နေရာမျိုးတွေကတော့ မိုးရွာတဲ့အခါ ရေတက်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ပေ၂၀-၆၀ ခြံတွေ ပိုများတဲ့အတွက် ဂရမ်သီးသန့် မခွဲစိတ်ရသေးတဲ့ အကွက်တွေလည်း များပါတယ်။ ဆိတ်ငြိမ်တဲ့ အောင်မေတ္တာနဲ့ အောင်သစ္စာဘက်ခြမ်းမှာ ပေ၄၀-၆၀ ခြံပိုများလို့ အိမ်ကြီးအိမ်ကောင်းများပြီး ရေလည်းမတက်တဲ့ ရပ်ကွက်ပိုင်း ဖြစ်ပါတယ်။ ၂၉ ရပ်ကွက်ဟာလည်း ဈေးတန်းမြင့်တဲ့ ရပ်ကွက်တစ်ခု ဖြစ်နေပါတယ်။ ဒီရပ်ကွက်မှာရှိတဲ့ အချို့သော အရောင်းတွေဟာလည်း ပျမ်းမျှဈေးတန်းထက်ကို ပိုများပြီးဈေးခေါ်ထားတာမျိုးကိုလည်း တွေ့ရပါတယ်။ လုံးချင်းအိမ်အရောင်းတွေထဲမှာထည်း အိမ်ကြီးအိမ်ကောင်းတွေပါဝင်ပါတယ်။
ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက် အချက်ချာကျလူစည်ကားပြီး လမ်းဆက်သွယ်ရေးကောင်းတဲ့ လမ်းမမေးတင်က အရောင်းတွေကို ရွေးချယ်နိုင်ပြီး နားအေးပါးအေးနဲ့ ပတ်ဝန်းကျင်သန့် ဆိတ်ငြိမ်တဲ့နေရာမျိုးမှာ အိမ်ဆောက်ချင်တာမျိုး၊ အိမ်ကောင်းကောင်းပါတာမျိုးကို လိုချင်တယ်ဆိုတော့ အောင်မေတ္တာနဲ့ အောင်သစ္စာဘက်ခြမ်းလို နေရာမျိုးတွေကို စဥ်းစားနိုင်ပါတယ်။ နွယ်သာကီနဲ့ အောင်တံခွန်ဘက်ခြမ်းတွေကိုတော့ ကန်ထရိုက်တိုက်ဆောက်လိုတဲ့သူတွေအတွက် သင့်တော်ပါတယ်။
- မြောက်ဒဂုံမြို့နယ် ၃၉ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၉ ရပ်ကွက်ရဲ့ တည်နေရာ အနေအထား ၃၉ ရပ်ကွက်က မြောက်ဒဂုံမြို့နယ်ရဲ အလယ်မှာ တည်ရှိတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး 39(A)နဲ့ 39(B)ဆိုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
- မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၄ ရပ်ကွက်ရဲ့ တည်နေရာအနေအထား မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်က တောင်ဥက္ကလာဘက်ကနေ ဆင်းလာတာနဲ့ ပထမဆုံးမြင်ရတဲ့ (ဆက်ဖက်ရန် နှိပ်ပါ)…..
- ၃၇ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၇ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုအပါအဝင်ဖြစ်ပြီး ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်လေးဖြစ်ပါတယ်။ ၃၇ ရပ်ကွက် (ဆက်ဖတ်ရန် နှိပ်ပါ)……
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…