Zayyan

🔵 အိမ်နေရာသစ်ကို ပြောင်းကြမယ်

လောလောဆယ်နေတဲ့ အိမ်ကိုရောင်းတဲ့ သူများအတွက်ကတော့ ဒီအိမ်ကို ရောင်းပြီးသွားရင် အိမ်ပိုင်ရှင် အသစ်ဆီကို သော့အပ်ပြီး မိမိက တစ်ခြားအိမ်အသစ်ကို ပြောင်းရွေ့နေထိုင်ရပါတော့မယ်။

အိမ်ပြောင်းရွေ့ရတဲ့ အလုပ်က အိမ်ပြောင်းရွေ့ဝန်ဆောင်မှု ကားတွေကို ဖုန်းဆက်ပြီး ပစ္စည်းတွေလာသယ်ခိုင်းလိုက်ရုံနဲ့ မပြီးပါဘူး။ ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များနဲ့ အိမ်ပြောင်းဖို့ လုပ်ရတယ်ဆို ပိုပြီး ခက်ခဲပါတယ်။ အိမ်မပြောင်းခင် စီစဉ်ရတာတွေ၊ ပစ္စည်းထုတ်ပိုးရတာတွေ၊ အိမ်အသစ်မှာ နေရာချထားရတာတွေက အဆင့်တိုင်းမှာလိုလို အနဲနဲ့အများ ပင်ပန်းရပါတယ်။ ဒီလိုလုပ်ဆောင်ရမဲ့ ကိစ္စတွေ အများကြီးရှိတာကြောင့် ဒီ ရောင်းသူလမ်းညွှန်ကနေပြီး အထောက်အကူပြုနိုင်မဲ့ အကြံပြုချက်တွေကို ထည့်သွင်းရေးသားထားပေးပါတယ်။

  • လစဉ်ပေးရတဲ့ ဝန်ဆောင်မှုများ Cancel လုပ်ပါ။ ဉပမာ – Internet Service, ရေကူးကန်သန့်ရှင်းရေး Service, TV (Sky-net) Service
  • မိမိအသုံးပြုနေကျ Delivery Service ကို အိမ်လိပ်စာပြောင်းသွားကြောင်း အကြောင်းကြားပါ။
  • မိမိအိမ်သုံးပစ္စည်းများကို စနစ်တစ်ကျ ထုတ်ပိုးပါ။
  • အဖိုးတန်ပစ္စည်းများနဲ့ အရေးကြီးစာရွက်စာတန်းများကို သေချာသိမ်းပါ။
  • ပြောင်းရွေ့မဲ့ ရက်ကို သတ်မှတ်ပြီး အိမ််ပြောင်းရွေ့ဝန်ဆောင်မှုကို ဆက်သွယ်ပါ။
  • အိမ်သော့များကို အိမ်ရှင် အသစ်ကိုပေးပါ။
  • ပစ္စည်းများ မကျန်စေရန် သေချာစစ်ဆေးပါ။
  • အိမ်အသစ်ကို ရောက်ပြီဆို သော့များအသစ်လဲတပ်တာက အကောင်းဆုံးပါဘဲ။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အဝယ်ပြတယ်ဆိုတာက မိမိအိမ်ကို စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုသူကို အိမ်ထဲမှာ လျှောက်ကြည့်ခွင့်ပေးတာကို ဆိုလိုတာပါ။ ပြောရမယ်ဆိုရင်တော့ သူစိမ်းတစ်ယောက်ကို မိမိအိမ်ထဲ ဖိတ်ခေါ်တဲ့ သဘောပါဘဲ။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • မိမိအိမ်ကို ဈေးကောင်းရဖို့အတွက် စပြီးမရောင်းခင်ကတည်းက အိမ်ကိုရှင်းလင်းထားဖို့လိုပါတယ်။ ဝယ်သူတစ်ယောက်က သင့်အိမ်ကို လူတိုင်လာကြည့်တာဘဲဖြစ်ဖြစ်၊  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • မိမိရောင်းမဲ့ အိမ်ရဲ့ ဈေးကိုသတ်မှတ်တဲ့အခါ ဈေးကွက်ကိုလေ့လာပြီး ခေါ်ဈေး (Asking Price) ကို သတ်မှတ်ရပါတယ်။ ကာလပေါက်ဈေးထက် အများကြီးပိုပြီး ဈေးခေါ်တယ်ဆိုရင်တော့                       (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 85