Zayyan

🔵 အိမ်တန်ဖိုး ဈေးညှိနှိုင်းတဲ့ အခါ သိသင့်တဲ့အရာ (၃) ခု

အိမ်ခြံမြေအရောင်းအဝယ်တစ်ခုမှာ ရောင်းသူ တစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာ ဈေးညှိနှိုင်းတဲ့ အလုပ်က တကယ်ကို ခက်ခဲပါတယ်။ ကိုယ့်ဘက်က ပြောထားတဲ့ ခေါ်ဈေးအတိုင်း ဝယ်သူက ချက်ချင်း သဘောတူပြီးဝယ်တာမျိုးက တကယ်ကိုရှားပါတယ်။ ကိုယ်ခေါ်တဲ့ ဈေးကို ဝယ်သူဘက်က ဈေးညှိမယ်၊ သူတို့ ညှိနှိုင်းတဲ့ ဈေးကို ကိုယ့်ဘက်က တစ်ခါပြန်ပြီးညှိနှိုင်းမယ်။ ဒီလို ဈေးတန်ပြန်ညှိနှိုင်းတာမျိုးတွေက အိမ်ခြံမြေအရောင်းအဝယ်တိုင်းမှာ ကြုံရတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။

ရောင်းသူတစ်ယောက်အနေနဲ့ မိမိအိမ်ကို ဈေးကောင်းရဖို့အတွက် ဈေးညှိနှိုင်းတဲ့အခါ သိသင့်တဲ့ အချက် (၃) ချက် ကို ရှင်းပြသွားပါမယ်။

(၁) အနှိမ့်ဆုံးဈေးကို သတ်မှတ်ပါ။

မိမိအများဆုံးရချင်တဲ့ ဈေးနဲ့ အနှိမ့်ဆုံးလျှော့နိုင်မဲ့ဈေးကို အရင်ဆုံးသတ်မှတ်ထားဖို့ အရေးကြီးပါတယ်။ မိမိဘက်မှ အနှိမ့်ဆုံးဈေးကို သတ်မှတ်ထားပါက ဝယ်သူက ဈေးကို မတရားဆစ်လာရင် ဒီ အနှိမ့်ဆုံးဈေးထက် မလျှော့နိုင်ဘူးလို့ တုံ့ပြန်နိုင်သလို၊ ဒီဝယ်သူကို မရောင်းဖို့ ဆုံးဖြတ်နိုင်ပါတယ်။

(၂) ဈေးညှိနှိုင်းတဲ့အခါ အသာစီးရအောင် ဝယ်သူကို နားလည်ဖို့ကြိုးစားပါ။

ဝယ်သူက ဘာကြောင့်ဝယ်ဖို့ကြိုးစားနေတာလဲ? ဉပမာ – ဝယ်သူက ရင်းနှီးမြှုပ်နှံဖို့ ဝယ်ချင်တဲ့ သူလား၊ မိသားစုအတွက်ဝယ်ချင်တဲ့သူလား ဆိုတာမျိုးကို လေ့လာသင့်ပါတယ်။ ဝယ်သူရဲ့ အိမ်ခြံမြေလိုအပ်ချက်တွေ၊ သုံးမဲ့ ဘတ်ဂျတ်တွေ၊ ပြောင်းရွေ့နေထိုင်ချင်တဲ့ အချိန်တွေကို နားလည်ထားမယ်ဆိုရင်တော့ မိမိ (ရောင်းသူ) ဘက်က ဈေးညှိနှိုင်းတဲ့အခါ ကိုယ်လိုချင်တဲ့ ဈေးမျိုးကို ရနိုင်လောက်တဲ့အထိ ညှိနှိုင်းနိုင်ချေ ပိုများပါတယ်။

(၃) ခံစားချက်တစ်မျိုးထဲကိုဘဲ အခြေံခံပြီး ဈေးညှိနှိုင်းတာမျိုး မလုပ်သင့်ပါဘူး။

အိမ်ရောင်းတယ်ဆိုတာ စိတ်ရောလူပါ နှစ်မြှုပ်ပြီး ပင်ပန်းရတဲ့ ကိစ္စပါ။ ကိုယ်က နှစ်တွေအကြာကြီး နေထားတဲ့ အိမ်ကို ရောင်းမယ်ဆိုရင် ခံစားချက်တွေအများကြီးနဲ့ အိမ်ရဲ့တန်ဖိုးကို ဆုံးဖြတ်ရပါတယ်။ ဒါပေမဲ့ မိမိအိမ်ရဲ့ တန်ဖိုးကို မိမိထင်ထားသလို ဈေးဖြတ်လို့မရပါဘူး၊ အိမ်တစ်လုံးရဲ့ တန်ဖိုးကို သတ်မှတ်ပေးတဲ့ အရာက ဈေးကွက်ဖြစ်ပြီး ဒီဈေးကွက်ကပဲ ကာလပေါက်ဈေးကို ဆုံးဖြတ်ပေးပါတယ်။

ဒါ့ကြောင့် အိမ်ရောင်းတဲ့ အခါ မိမိလိုချင်တဲ့ ဈေးတစ်မျိုးထဲကို ခေါင်းမာမာနဲ့ ဈေးညှိနှိုင်းဖို့ မသင့်တော်ပါဘူး။ ရောင်းသူရော ဝယ်သူပါ နှစ်ဉီးနှစ်ဘက်လုံးအတွက် ယုတ္တိရှိတဲ့ ဈေးတစ်ခုရအောင် ညှိနှိုင်းသင့်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်သည် ရောင်းသူရဲ့ အကျိုးတစ်ခုတည်းကိုသာ ဉီးစားပေးဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ကြော်ငြာမတင်ခင်မှာ အိမ်ကိုရှင်းလင်းထားပြီး အလင်းရောင်ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေရိုက်ဖို့လိုပါတယ်။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ကာလပေါက်ဈေးထက် အများကြီးတင်ပြီးရောင်းမယ်ဆို အိမ်ရောင်းထွက်နိုင်ဖို့က ခက်ခဲပါတယ်။ ဈေးကွက်ထဲမှာ ရောင်းသူများစွာရှိနေတဲ့ အတွက် ဝယ်သူများကလဲ အိမ်ဝယ်ဖို့ ကို သေချာလေ့လာစုံစမ်းပြီးမှ ဝယ်ယူလေ့ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 11