Zayyan

🔵 မိမိရောင်းမဲ့အိမ်ကို ဈေးဘယ်လိုသတ်မှတ်မလဲ?

မိမိရောင်းမဲ့ အိမ်ရဲ့ ဈေးကိုသတ်မှတ်တဲ့အခါ ဈေးကွက်ကိုလေ့လာပြီး ခေါ်ဈေး (Asking Price) ကို သတ်မှတ်ရပါတယ်။ ကာလပေါက်ဈေးထက် အများကြီးပိုပြီး ဈေးခေါ်တယ်ဆိုရင်တော့ အိမ်ရောင်းထွက်ဖို့ ခက်ခဲနိုင်ချေရှိပြီး ကာလပေါက်ဈေးအောက် ဈေးခေါ်တယ်ဆိုရင် ရောင်းသူဘက်က နှစ်နာတာမျိုးတွေရှိပါတယ်။ ပြီးတော့ ဝယ်သူဘက်ကလဲ ဈေးကွက်ထဲမှာ ရှိတဲ့ အိမ်များစွာကို လေ့လာနေတဲ့အတွက် ရောင်းသူအနေနဲ့ သတိမူရမှာက ဈေးကွက်ထဲမှာ အခြားရောင်းသူများလဲ မိမိနဲ့ ပြိုင်ဆိုင်ပြီး သူတို့အိမ်ကို ရောင်းထွက်ဖို့ ကြိုးစားနေကြပါတယ်။ အဲ့တာကြောင့် မိမိအိမ်ကို မှန်မှန်ကန်ကန် ဈေးသတ်မှတ်ဖို့ လိုပါတယ်။

အိမ်တစ်လုံးတန်ဖိုး ဘယ်လောက်ရှိလဲဆိုတာ သိနိုင်ဖို့ အတွက် နည်းလမ်း ၂ လမ်းရှိပါတယ်။

  • [ ] (၁) မိမိကိုယ်တိုင် ဈေးကွက်ကို လေ့လာပြီး မိမိအိမ် ဘယ်လောက်တန်လဲဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။
  • [ ] (၂) အကျိုးဆောင်ဆီက CMA (Comparative Market Analysis) လို့ခေါ်တဲ့ အခြားဆင်တူ အိမ်တွေနဲ့ နှိုင်းယှဥ်ပြတဲ့ စာတန်း (Report) ကို တောင်းသင့်ပါတယ်။ ဒီ Report က မိမိအိမ်ဘယ်လောက်တန်လဲ ဆိုတာကို သိနိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  •   အိမ်ခြံမြေအရောင်းအဝယ်တစ်ခုမှာ ရောင်းသူ တစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာ ဈေးညှိနှိုင်းတဲ့ အလုပ်က တကယ်ကို ခက်ခဲပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • သင့်အိမ်ကို ဝယ်သူဘက်က ဈေးမတရား နှိမ်ရတဲ့ အကြောင်းအရင်း ၂ ချက် (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ပိုင်ရှင်တိုက်ရိုက်ရောင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အိမ်ရှင်ဘက်ကနေ အကျိုးဆောင်ကို ပွဲခပေးဖို့ ဆန္ဒမရှိလို့ဘဲ ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 10