Zayyan

🔵 ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင် ဆီကနေ ဘယ်လိုဝန်ဆောင်မှုတွေ ရသင့်သလဲ

ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်သည် ရောင်းသူရဲ့ အကျိုးတစ်ခုတည်းကိုသာ ဉီးစားပေးဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဉပမာ – ရောင်းသူဘက်က အကောင်းဆုံးဈေးရအောင် အစွမ်းကုန်ကြိုးစားပေးခြင်း၊ စာချုပ်ချုပ်ဆိုရာတွင် ရောင်းသူဘက်မှ နှစ်နာမှုမရှိအောင် အမှားအရွင်းမရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ အစရှိတဲ့ ရောင်းသူအကျိုးကို ဉီးစားပေးတဲ့ဝန်ဆောင်မှုများကို ဆောင်ရွက်တဲ့ အကျိုးဆောင်ဖြစ်ပါတယ်။

(၁) အိမ်မရောင်းမီ ပြင်ဆင်ရမည့်အရာများကို အကြံပေးကူညီခြင်း

(၂) အိမ်ဘယ်လောက်တန်လဲ ဆိုတာကို သိဖို့အတွက် ဈေးကွက်ကို လေ့လာပြီး ကာလတန်ဖိုးကို အကြံပြုခြင်း

(၃) အိမ်ဈေးကောင်းရရန်နှင့် ဝယ်သူများစိတ်ဝင်စားမှုများရရန်အတွက် အိမ်ကို Professional Photography နှင့် Video များ အသုံးပြု၍ ကြော်ငြာပေးခြင်း

(၄) ထိရောက်တဲ့ Marketing Strategy များအသုံးပြုပြီး အိမ်ကို ဈေးအမြင့်ဆုံးနဲ့ အမြန်ဆုံးရောင်းထွက်နိုင်အောင် ကြိုးစားပေးခြင်း

(၅) အိမ်အဝယ်ပြသည့် ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးခြင်း

(၆)စာချုပ်ချုပ်ဆိုရာတွင် ရောင်းသူဘက်မှ နှစ်နာမှုမရှိအောင် အမှားအယွင်းမရှိအောင် ကူညီဆောင်ရွက်ပေးခြင်း

(၇) အခွန်ကိစ္စရပ်များနဲ့ ပတ်သက်ပြီး အကြံပေးကူညီဆောင်ရွက်ပေးခြင်း

(၈) အိမ်ရောင်းချပြီး ပြောင်းရွေ့ရပါက အပြောင်းအရွေ့ကိစ္စရပ်များအတွက် အကြံပေးကူညီဆောင်ရွက်ပေးခြင်း

အရေးကြီးဆုံးကတော့ ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်သည် အရောင်းအဝယ် အစမှအဆုံးထိ ရောင်းသူဘက်မှကြုံတွေ့ လာနိုင်သော အခက်အခဲများကို တာဝန်ယူဆောင်ရွက်ပေးတဲ့ သူတစ်ဉီးဖြစ်ရပါမယ်။ ဒါ့ကြောင့် အကျိုးဆောင်တစ်ယောက်နဲ့ အိမ်ရောင်းမယ်ဆိုရင် အထက်ပါ ဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်တဲ့ အကျိုးဆောင်မျိုးနဲ့ အိမ်ရောင်းသင့်တယ်လို့ အကြံပေးချင်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အဝယ်ပြတယ်ဆိုတာက မိမိအိမ်ကို စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုသူကို အိမ်ထဲမှာ လျှောက်ကြည့်ခွင့်ပေးတာကို ဆိုလိုတာပါ။ ပြောရမယ်ဆိုရင်တော့ သူစိမ်းတစ်ယောက်ကို မိမိအိမ်ထဲ ဖိတ်ခေါ်တဲ့ သဘောပါဘဲ။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • သင့်အိမ်ကို ဝယ်သူဘက်က ဈေးမတရား နှိမ်ရတဲ့ အကြောင်းအရင်း ၂ ချက် (ဆက်ဖတ်ရန် နှိပ်ပါ)……
  • မိမိရောင်းမဲ့ အိမ်ရဲ့ ဈေးကိုသတ်မှတ်တဲ့အခါ ဈေးကွက်ကိုလေ့လာပြီး ခေါ်ဈေး (Asking Price) ကို သတ်မှတ်ရပါတယ်။ ကာလပေါက်ဈေးထက် အများကြီးပိုပြီး ဈေးခေါ်တယ်ဆိုရင်တော့ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 43