Zayyan

🔵 အကျိုးဆောင်မသုံးဘဲ ပိုင်ရှင်တိုက်ရိုက်အနေနဲ့ အိမ်ရောင်းမယ်ဆို ရရှိမဲ့ ကောင်းကျိုး ဆိုကျိုးများ

နိဒါန်း
Commission Fees (ပွဲခ)

ပိုင်ရှင်တိုက်ရိုက်ရောင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အိမ်ရှင်ဘက်ကနေ အကျိုးဆောင်ကို ပွဲခပေးဖို့ ဆန္ဒမရှိလို့ဘဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရောင်းအဝယ်ဖြစ်သွားရင် အိမ်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို အကျိုးဆောင်ရဲ့ ဝန်ဆောင်မှုအတွက် အခကြေးငွေအနေနဲ့ အိမ်ပိုင်ရှင် (ရောင်းသူ) ဘက်ကပေးရလို့ပါ။ အဲ့လိုဆိုတော့ ရောင်းသူဘက်ကနေ အကျိုးဆောင်ခ ၂ ရာခိုင်နှုန်းကို ချွေတာချင်တယ်ဆိုရင်တော့ အကျိုးဆောင်မသုံးဘဲ မိမိအိမ်ကို ကိုယ်တိုင်ရောင်းရခြင်းဖြစ်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ ပိုင်ရှင်တိုက်ရိုက်ရောင်းရင် ရနိုင်တဲ့ အဓိကကောင်းကျိုးကတော့ အိမ်ရောင်းထွက်သွားရင် အကျိုးဆောင်ခ တစ်ပြားမှမကုန်ဘူးဆိုတဲ့ ကောင်းကျိုးဘဲဖြစ်ပါတယ်။

Pricing Strategy (အိမ်ကိုဘယ်ဈေးနဲ့ ရောင်းရမလဲ?)

ပိုင်ရှင်တိုက်ရိုက်ဘဲရောင်းရောင်း အကျိုးဆောင်နဲ့ဘဲရောင်းရောင်း အိမ်ရဲ့ တန်ဖိုးကို အိမ်ပိုင်ရှင်ကဘဲ ဆုံးဖြတ်ရပါတယ်။ မိမိဆုံးဖြတ်လိုက်တဲ့ အိမ်တန်ဖိုးက ကာလပေါက်ဈေးထက် အရမ်းများနေတယ်ဆိုရင် အိမ်ရောင်းထွက်ဖို့ ခက်ခဲနိုင်ပြီး ကာလပေါက်ဈေးထက် နည်းနေတယ်ဆိုရင်တော့ အိမ်ပိုင်ရှင် ရောင်းသူဘက်ကနှစ်နာနိုင်ပါတယ်။

ဒီလိုအိမ်တန်ဖိုးကို ဆုံးဖြတ်တဲ့ အချိန်မှာ အိမ်ပိုင်ရှင်အနေနဲ့ လေ့လာသင့်တဲ့အချက် ၃ ချက်ရှိပါတယ်။ ဘာတွေလဲဆိုတော့ –

(၁) အိမ်ရဲ့ ကာလတန်ဖိုးကို လူတွေကဆုံးဖြတ်တာမဟုတ်ဘဲ ဈေးကွက်အခြေအနေကဆုံးဖြတ်တဲ့ အတွက်ကြောင့် မိမိအိမ်မရောင်းခင် ဈေးကွက်ကို လေ့လာဖို့လိုပါတယ်။

(၂) မိမိအိမ်ရဲ့တန်ဖိုးအနည်းအများက အိမ်ရဲ့ Location, အိမ်ရဲ့ အရည်အသွေးတို့အပေါ် မူတည်တဲ့အတွက် ဈေးကွက်ထဲမှာ မိမိအိမ်နဲ့ အနီးစပ်ဆုံး ဆင်တူတဲ့ အိမ်တွေရဲ့ ဈေးနှုန်းကို လေ့လာဖို့လိုပါတယ်။

(၃) မိမိအိမ်ပိုပြီး ဈေးကောင်းရအောင် ဘာတွေလုပ်သင့်လဲဆိုတာကို လေ့လာဖို့လိုပါတယ်၊ ဉပမာ – အိမ်ဆေးသုတ်တာတို့၊ ဓါတ်ပုံကောင်ကောင်း Video ကောင်းကောင်းရိုက်တာတို့၊ အိမ်တွင်းပိုင်းကို အလှဆင်တာတို့ အစရှိတဲ့ လုပ်ဆောင်မှုတွေက သင့်အိမ်တန်ဖိုးကို မြင့်တက်စေပါတယ်။

အကျိုးဆောင်နဲ့ အိမ်ရောင်းမယ်ဆိုရင်တော့ အိမ်ရဲ့ ကာလတန်ဖိုးကို သိဖို့အတွက် CMA (Comperative Market Analysis) လို့ခေါ်တဲ့ ဈေးကွက်ကို လေ့လာသုံးသတ်ပြီး အိမ်ရဲ့ ကာလတန်ဖိုးကို သတ်မှတ်တဲ့ အကြံပြုစာတန်းကို အကျိုးဆောင်ဘက်ကနေ အိမ်ရှင်ကို တင်ပြဖို့တာဝန်ရှိပါတယ်။ ဒီအကြံပြုစာတန်းကို ကြည့်ပြီး အိမ်ရှင်ဘက်က မိမိအိမ်ကို ဘယ်လောက်နဲ့ ရောင်းရမလဲဆိုတာကို ဆုံးဖြတ်လို့ရပါတယ်။

ပိုင်ရှင်တိုက်ရိုက်ရောင်းမယ်ဆိုရင်တော့ မိမိကိုယ်တိုင် အချိန်တစ်ခုပေးပြီး ဈေးကွက်ကိုလေ့လာရတာဟာ ဆိုးကျိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။

Marketing Channels (အိမ်ရောင်းထွက်အောင်ဘယ်လို Marketing နည်းလမ်းတွေအသုံးချမလဲ?)

Digital ခေတ်မှာတော့ အိမ်တစ်လုံးကို ရောင်းဖို့ ကြော်ငြာတင်တော့မယ်ဆို Online Platform တွေ ဖြစ်တဲ့ Facebook တို့ ShweProperty တို့ iMyanmarHouse တို့ မှာ ကြော်ငြာတင်ကြပါတယ်။ ဒီလို ကြော်ငြာတင်တာက တော်တော်လေးလွယ်ကူတဲ့အတွက် အကျိုးဆောင်တွေတင်နိုင်သလို အိမ်ပိုင်ရှင်တွေလဲ တင်လို့ရပါတယ်။

ဒါပေမဲ အိမ်ရောင်းတဲ့အခါ လုပ်ဆောင်ရတဲ့ Marketing ကိစ္စတွေက Online ပေါ်မှာ ကြော်ငြာတင်ရုံနဲ့ မပြီးပါဘူး။ ကြောငြာမတင်ခင် ပြင်ဆင်ရမဲ့ အရာတွေရှိပါတယ်။ ဘာတွေလဲဆိုတော့ –

(၁) ဝယ်သူတွေ စိတ်ဝင်စားမှု အများဆုံးရအောင် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေရိုက်တာတွေ၊

(၂) ဓါတ်ပုံမရိုက်ခင် အိမ်ကို သန့်ရှင်းရေးလုပ်တာတွေ၊

(၃) အိမ်နဲ့ ပက်သက်တဲ့ အချက်အလက်တွေ (Property Description) ကို ရေးတာတွေ၊

(၄) Facebook မှာ လူများများမြင်ဖို့အတွက် Facebook ကို ပိုက်ဆံပေးပြီး ကြော်ငြာတာတွေ – အစရှိတဲ့ Marketing ကိစ္စတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။

ဒီလို Marketing ကိစ္စတွေကို အိမ်ပိုင်ရှင်က ကိုယ်တိုင်လုပ်မယ်ဆို ရင်ဆိုင်ရမဲ့ ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ပိုင်ရှင်တိုက်ရိုက်အရောင်းအများစုက ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေမသုံးတဲ့အတွက် ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုကို မရတဲ့အပြင်၊ စိတ်ဝင်စားလာရင်လဲ ဆိုးရွားတဲ့ဓါတ်ပုံတွေကို ကြည့်ပြီး အိမ်ရဲ့ အရည်အသွေးနှိမ့်ကျတယ်လို့ ယူဆပြီး ဈေးနှိမ်ဝယ်တဲ့ ဝယ်သူမျိုးကိုဘဲ ရနိုင်ပါတယ်။ ပြီးတော့ Facebook ကို ပိုက်ဆံပေးကြော်ငြာတဲ့ အလုပ်ကလည်း Digital Marketing နဲ့ သက်ဆိုင်တဲ့ ပညာရပ်တစ်ခုဖြစ်တဲ့အတွက် ပိုင်ရှင်တိုက်ရိုက်အနေနဲ့ ရောင်းမယ်ဆို ဒီပညာရပ်ကို တတ်ကျွမ်းဖို့ လိုပါတယ်။ မဟုတ်ရင် ကြော်ငြာဖိုးအတွက် ပိုက်ဆံတွေ ကုန်ပြီး ထိရောက်တဲ့ ကြော်ငြာမျိုးဖြစ်မလာကို ကြုံရနိုင်ပါတယ်။

Legal Paper Work (စာရွက်စာတန်းနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များ)

အကျိုးဆောင်နဲ့ အိမ်မရောင်းဘူဆိုရင်တော့ အိမ်ပိုင်ရှင်ကိုယ်တိုင် စာရွက်စာတန်းကိစ္စရပ်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလို စာရွက်စာတန်းတွေက အိမ်ခြံမြေအရောင်းအဝယ်တိုင်းမှာ အရေးကြီးဆုံး အရာဖြစ်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကူအညီနဲ့ ဆောင်ရွက်တာ အကောင်းဆုံးပါ။ အကျိုးဆောင်ကို မသုံးဘူးဆိုရင်တောင် အနည်းဆုံးတော့ ဉပဒေပညာရှင် တစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ စာချုပ်ကိစ္စတွေကို ဆောင်ရွက်တာ အကောင်းဆုံးပါ။

ပိုင်ရှင်တိုက်ရိုက်ရောင်းပြီး စာရွက်စာတန်းပိုင်းမှာ ကြုံတွေ့ လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ –

(၁) ပိုင်ဆိုင်မှု ခိုင်မာကြောင်း သက်သေအထောက်အထားတွေကို သေသေချာချာ မစစ်ဆေးတတ်တာမျိုး

(၂) စရန်စာချုပ်၊ အရောင်းအဝယ်စာချုပ်ကြီး ချုပ်ဆိုတဲ့ အခါ ရောင်းသူဘက်က နှစ်နာတာမျိုး

(၃) အမည်ပြောင်းတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့ အချိန် လူပင်ပန်းစိတ်ပင်ပန်းရတာမျိုး – တွေကို ကြုံရတတ်ပါတယ်။

Time & Energy (မိမိဘက်က ကုန်မဲ့အချိန်နဲ့ အင်အား)

ပိုင်ရှင်တိုက်ရိုက်ဘဲဖြစ်ဖြစ် အကျိုးဆောင်နဲ့ဘဲဖြစ်ဖြစ် အိမ်ရောင်းတဲ့ အလုပ်က လူရောစိတ်ပါ ပင်ပန်းရပါတယ်။ အရောင်းအဝယ်ရဲ့ အဆင့် ၁ ဖြစ်တဲ့ အိမ်မရောင်းခင် ပြင်ဆင်စရာရှိတာ ပြင်ဆင်တာကစပြီး၊ အိမ်ကို ဈေးကွက်ထဲထည့်၊ အဝယ်ပြ၊ စာရွက်စာတန်းကိစ္စတွေလုပ် ပိုက်ဆံယူပြီးတဲ့ အဆင့်အထိ အဆင့်တစ်ဆင့်ချင်းတိုင်းမှာ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ ပိုင်ရှင်တိုက်ရိုက်ရောင်းမယ်ဆိုရင်တော့ ဒီအဆင့် တစ်ဆင့်ချင်းဆီကို လေ့လာသင်ယူပြီးရောင်းနိုင်သလို အကျိုးဆောင်နဲ့ ရောင်းမယ်ဆိုရင်လဲ အကျိုးဆောင်ရဲ့ တတ်ကျွမ်းတဲ့ အိမ်ခြံမြေပညာရပ်ကို အားကိုးပြီး ပိုမိုချောမွေ့တဲ့ အရောင်းအဝယ်တစ်ခု ဖြစ်အောင် ဆောင်ရွက်လို့ရပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အဝယ်ပြတယ်ဆိုတာက မိမိအိမ်ကို စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုသူကို အိမ်ထဲမှာ လျှောက်ကြည့်ခွင့်ပေးတာကို ဆိုလိုတာပါ။ ပြောရမယ်ဆိုရင်တော့ သူစိမ်းတစ်ယောက်ကို မိမိအိမ်ထဲ ဖိတ်ခေါ်တဲ့ သဘောပါဘဲ။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • သင့်အိမ်ကို ဝယ်သူဘက်က ဈေးမတရား နှိမ်ရတဲ့ အကြောင်းအရင်း ၂ ချက် (ဆက်ဖတ်ရန် နှိပ်ပါ)……
  • မိမိရောင်းမဲ့ အိမ်ရဲ့ ဈေးကိုသတ်မှတ်တဲ့အခါ ဈေးကွက်ကိုလေ့လာပြီး ခေါ်ဈေး (Asking Price) ကို သတ်မှတ်ရပါတယ်။ ကာလပေါက်ဈေးထက် အများကြီးပိုပြီး ဈေးခေါ်တယ်ဆိုရင်တော့                       (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 20