Zayyan

North Dagon(29 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၂၉ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၂၉ ရပ်ကွက်သည် ပင်လုံလမ်းနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းမြို့နယ်တွေနဲ့ အနီးဆုံး ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။ မြို့ထဲကို သွားလာဖို့အတွက်ဆိုရင်လည်း ဘေလီတံတားနဲ့ အမှတ်(၂)လမ်းတံတားတို့ကို အသုံးပြုလို့ ရပါတယ်။ ၂၉ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ ၂၉ ရပ်ကွက်မှာရှိတဲ့ လမ်းမကြီးတွေကတော့ ပင်လုံ၊ ပြည်ထောင်စု၊ မဟာဗန္ဓုလတို့ပဲ ဖြစ်ပါတယ်။ ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးတို့ကတော့ YBS အများသုံး ယာဥ်လိုင်းများ ပြေးဆွဲနေတဲ့ လမ်းမတွေလည်း ဖြစ်ပါတယ်။ ၂၉ရပ်ကွက်ရဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာဆိုရင် စားသောက်ဆိုင်၊ ဘောလုံးကွင်း၊ ရေကူးကန်၊ မြင်းစီးကွင်း၊ Golden Park တို့အနီး တည်ရှိပါတယ်။ […]

Loading

North Dagon(28 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၂၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၂၈ရပ်ကွက်ရဲ့ တည်နေရာအနေအထား Pilot ရပ်ကွက်လို့ခေါ်တဲ့ ၂၈ရပ်ကွက်က မြောက်ဒဂုံမြို့နယ်ရဲ့ အရှေ့တောင်ဘက်စွန်းမှာ တည်ရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ သွားလာရေးအတွက် သစ္စာတံတား၊ အမှတ်(၂)တံတားတို့ကို အဓိကအသုံးပြုနိုင်ပြီး ဘေလီတံတားနှင့်လည်း နီးပါတယ်။ ထို့အပြင် မြို့ထဲသွားလာဖို့အတွက်လမ်းကြောင်းအသင့်ဆုံးနဲ့ အနီးဆုံးရပ်ကွက်လည်း ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာဆိုရင် ပင်လုံဆေးရုံ၊ ဒဂုံဆေးရုံ၊ အထက်တန်းကျောင်း/ မူလတန်းကျောင်းတွေ ရှိကြပါတယ်။ (၂၈) ရပ်ကွက်ကို အောင်သီရိ၊ အောင်ရိပ်သာ၊ အောင်ရတနာ၊ အောင်သုခနဲ့ အောင်သိဒ္ဓိ ဆိုပြီး အပိုင်း(၅)ပိုင်း ခွဲနိုင်ပြီး အောင်ရတနာအပိုင်းက လမ်းတွေမှာဆိုရင် တရားဝင် ပေ၄၅-၆၀ ဂရန်ထဲမှာ ပါဝင်တဲ့ ခြံတွေလည်း ရှိပါတယ်။ တည်နေရာအနေအထား အရောင်းစာရင်းများအရ ရပ်ကွက်အတွင်းလမ်းမှာရှိတဲ့အရောင်းအရေအတွက်က အများဆုံးဖြစ်ပြီး လမ်းမကျောကပ်/တည့်ပေါက် […]

Loading

North Dagon(45 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၅ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၄၅ ရပ်ကွက်က ဗထူးနဲ့ ပြည်ထောင်စုလမ်းမဆုံရာထောင့်မှာ တည်ရှိတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး မြောက်ဘက်ကို သွားမယ်ဆိုရင် မြောက်ဥက္ကလာ၊ တောင်ဘက်ကိုသွားမယ်ဆိုရင် သင်္ဃန်းကျွန်း၊ တောင်ဒဂုံတို့ကို သွားရလွယ်ကူပြီး ဒဂုံတက္ကသိုလ်နဲ့ အနီးဆုံးမှာရှိတဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ရပ်ကွက်တွင်းထဲမှာဆိုရင် အ.မ.က(၈) မူလတန်းကျောင်း၊ ရေကန်၊ အားကစားကွင်းရှိ ဈေးဝယ်ဖို့အတွက်ဆိုရင် မဟာဗန္ဓုလလမ်းမပေါ်က ၄၄ရပ်ကွက်ဈေးနဲ့ ဗထူးလမ်းဆုံနဲ့အနီးဆုံးက ဗထူးဈေးမှာ နေ့စဥ် စားသောက်ဖို့ လိုအပ်တာတွေ ဝယ်ယူရရှိနိုင်ပါတယ်။ ရပ်ကွက်တွင်းထဲမှာ အိမ်သစ်တွေသိပ်မရှိသေးဘဲ ပေ၂၀-၆၀ခြံတွေကလည်း ၄၀-၆၀ထက် များနေတာကို တွေ့ရပါတယ်။ ၂၀-၆၀တွေများတာကြောင့် စာရွက်စာတန်းအားဖြင့်လည်း ဂရန်မခွဲစိတ်ရသေးတာက ပိုများလို့ မိတ္တူခြမ်း/မူရင်းခြမ်းများနေတဲ့ အနေအထား ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ မင်းရဲကျော်စွာလမ်းမကြီးကိုပဲ […]

Loading

North Dagon(44 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၄၄ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၄ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၄၄ရပ်ကွက်က ဗထူးမေးတင်ရပ်ကွက်ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းမနဲ့ ရပ်ကွက်ကြားမှာ မြောင်းခံနေတဲ့အတွက် ဒီရပ်ကွက်မှာတော့ လမ်းမမေးအကွက်တွေ မရှိပါဘူး။ မြောက်ဒဂုံ ၄၄ရပ်ကွက်ကနေ မြောက်ဥက္ကလာဘက်ကို သွားချင်ရင် ဗထူးလမ်းမကြီးကိုသုံးလို့ရသလို ဘုရင့်နောင်လမ်းမကြီးကနေလည်း ဆင်းလို့ ရပါတယ်။ ၄၄ရပ်ကွက်ကို ကျောက်စိမ်း၊ ငွေစင်၊ ရွှေစင်နဲ့ နဝရတ်ဆိုပြီး အပိုင်း(၄)ပိုင်း ခွဲနိုင်ပါတယ်။ ဗထူးလမ်းမကြီးနဲ့ အနီးဆုံးအပိုင်းဖြစ်တဲ့ ကျောက်စိမ်းကတော့ ဖွံ့ဖြိုးပြီး အိမ်ကြီးအိမ်ကောင်းတွေများတဲ့ အပိုင်းဖြစ်ပါတယ်။ ဘုရင့်နောင်လမ်းမနဲ့နီးတဲ့ ရွှေစင်ဘက်ကတော့ ဖွံ့ဖြိုးမှုသိပ်မရှိသေးဘဲ ပေ၂၀-၆၀တွေများပြီး လူဟောင်းတွေလည်း များနေသေးတာကို တွေ့ရပါတယ်။ ဒီရွှေစင်အပိုင်းမှာဆိုရင်လည်း ရွှေစင်(၃)လမ်းတစ်ခုတည်း လမ်းမကြီးကို တည့်ပေါက်ပြီး ကျန်လမ်းတွေက လမ်းမကို တည့်ပေါက်နေတာမျိုး မရှိပါဘူး။ ငွေစင်လမ်းအပိုင်းကတော့ […]

Loading

North Dagon(43 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၃ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၄၃ ရပ်ကွက်က ဗထူးမေးတင်ရပ်ကွက်တစ်ခု ဖြစ်ပြီး ပညာတန်ဆောင်၊ အေးရိပ်သာ၊ ဖိုးရာဇာနဲ့ စေတနာဆိုပြီး အပိုင်း(၄)ပိုင်း ခွဲနိုင်ပါတယ်။ ဒီထဲမှာမှ ပညာတန်ဆောင်၊ အေးရိပ်သာနဲ့ ဖိုးရာဇာအပိုင်းတွေက ပိုသန့်ပြီး ပေ၄၀-၆၀ ခြံတွေက ပေ၂၀-၆၀ထက် ပိုများတာကို တွေ့ရပါတယ်။ စေတနာဘက်ခြမ်းကတော့ လူများပြီး ပင်လုံခန်းမနဲ့နီးတဲ့အတွက် နိုင်ငံရပ်ခြားအလုပ်သွားလုပ်ဖို့ အလုပ်သမားကတ်လျှောက်သူများနှင့် လူစည်/လူရှုပ်ပါတယ်။ စေတနာဘက်မှာ ပေ၂၀-၆၀ ခြံတွေကလည်း ပိုများတဲ့အပြင် အဆောင်၊ ထမင်းဆိုင်များတဲ့ ရပ်ကွက်ပိုင်း ဖြစ်ပါတယ်။ ၄၃ရပ်ကွက် သခင်ဖိုးလှကြီးလမ်းမှာဆိုရင် ရပ်ကွက်ဈေးရှိပြီးတော့ ဗိုလ်မှူးဗထူးလမ်းမအနီးမှာလည်း Mini City Mart လေး ရှိပါတယ်။ ၄၃ ရပ်ကွက်က ပညာရေးရပ်ကွက်ဖြစ်ပြီး […]

Loading

North Dagon(42 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၂ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ငမိုးရိပ်တံတားပေါ်ကဆင်းဆင်းချင်း မြင်တွေ့ရတဲ့ ဦးဝိစာရနဲ့ ဗထူးလမ်းမထောင့်က ရပ်ကွက်ဟာ (၄၂)ရပ်ကွက် ဖြစ်ပါတယ်။ ၄၂ရပ်ကွက်ကနေ မြို့ပြင်ထွက်ရလွယ်သလို မြောက်ဥက္ကလာ၊ လေဆိပ်တို့နဲ့နီးလို့ သွားလာရလွယ်ကူမြန်ဆန်ပါတယ်။ ရပ်ကွက်တည်နေရာအနေအထားနဲ့ သွားလာရေးအရ အလွန်အဆင်ပြေလို့ Locationနဲ့ transportation ကောင်းတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ဒီရပ်ကွက်ထဲမှာဆိုရင် ဗိုလ်မင်းရောင်အိမ်ရာလည်း တည်ရှိပြီး ပေ၂၀-၆၀နဲ့ ၄၀-၆၀ ခြံမှာဆိုရင် ပေ၂၀-၆၀က သိသိသာသာ ပိုများနေတာကို တွေ့ရပါတယ်။ ရပ်ကွက်ရဲ့ အရှေ့ပိုင်းဖြစ်တဲ့ ပီမိုးနင်း၊ မဟာဆွေ၊ ဒဂုံရွှေမျှားဘက်ခြမ်းမှာ အိမ်အသစ်တွေကို တွေ့ရပြီး ပတ်ဝန်းကျင်လည်း တိုးတက်ကောင်းမွန်ပါတယ်။ ရပ်ကွက်အောက်ဘက်ခြမ်းက ကင်းဝန်၊ ဇော်ဂျီလမ်းဘက်တွေမှာတော့ ကန်ထရိုက်တိုက်နဲ့ အိမ်ဟောင်းတွေကို အများအပြား တွေ့ရပါတယ်။ […]

Loading

North Dagon(41 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၁ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၄၁ ရပ်ကွက်က ဦးဝိစာရမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး သွားလာရလွယ်ကူ အဆင်ပြေတဲ့ Location ကောင်း ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ၄၁ ရပ်ကွက်ထဲမှာ ရေကန်(၂)ကန်နဲ့ ကျောင်းတစ်ကျောင်းရှိပြီး လမ်းနာမည်တွေက ပန်းနာမည်တွေသာ ဖြစ်ပါတယ်။ ၄၁ရပ်ကွက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ လူနေအိမ်နဲ့ ကန်ထရိုက်တိုက်တွေ ရောနှောနေပြီး ရပ်ကွက်အရှေ့ပိုင်းဖြစ်တဲ့ ဗိုလ်မင်းရောင်လမ်းဘက်ခြမ်းမှာ လူနေအိမ်တွေအများစုရှိပြီး ရပ်ကွက်အနောက်ပိုင်းဖြစ်တဲ့ ဦးဝိစာရလမ်းမအနီးမှာတော့ ကန်ထရိုက်တိုက်တွေ များတာဖြစ်ပါတယ်။ ပေ၄၀-၆၀နဲ့ ပေ၂၀-၆၀ခြံအကျယ်အရေအတွက်ကို ယှဥ်ကြည့်ရင် ပေ၄၀-၆၀ခြံတွေက အနည်းငယ် ပိုများနေတာကိုလည်း တွေ့ရပါတယ်။ ၄၁ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ ၄၁ ရပ်ကွက်ကို ဝန်းရံထားတဲ့ အဓိကလမ်းမကြီးတွေကတော့ ဦးဝိစာရ၊ တပင်ရွှေထီး၊ […]

Loading

North Dagon(40 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၀ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၄၀ ရပ်ကွက်ဟာလည်း မြောက်ဒဂုံမြို့နယ်ရဲ့အလယ် အတွင်းကျတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပြီး ဗထူး/ ပင်လုံဘက်ကို သွားလာရ အဆင်ပြေပါတယ်။ ၄၀ရပ်ကွက်ထဲမှာကတော့ ရပ်ကွက်အလယ်မှာ အ.မ.က(၁၂)ကျောင်း၊ ရာဇဓိရာဇ်လမ်းဘက်မှာ အ.ထ.က(၅)၊ တပင်ရွှေထီးဘက်မှာ အမှတ်(၄)ဈေးနဲ့ Yoma Land က စီစဥ်ဆောင်ရွက်နေတဲ့ အိမ်ရာစီမံကိန်းတစ်ခု ရှိပါတယ်။ ၄၀ ရပ်ကွက်က အရမ်းဖွံ့ဖြိုးတိုးတက်နေတဲ့ ရပ်ကွက်တစ်ခုတော့ မဟုတ်ပါဘူး။ ပေ၂၀-၆၀ ခြံတွေကလည်း ပေ၄၀-၆၀ခြံတွေထက် ပိုများပြီး အိမ်အသစ်တွေကို သိပ်မတွေ့ရသေးပါဘူး။ ပေ၄၀-၆၀ခြံနဲ့ အိမ်အသစ်တွေကတော့ ရပ်ကွက်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာ ပိုရှိပြီး ရပ်ကွက်ရဲ့ မြောက်ဘက်ခြမ်း ၃၉ ရပ်ကွက်နဲ့ နီးတဲ့နေရာတွေမှာတော့ ရေတက်တတ်ပါတယ်။ ရပ်ကွက်ရဲ့ […]

Loading

North Dagon(39 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၃၉ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၉ ရပ်ကွက်ရဲ့ တည်နေရာ အနေအထား ၃၉ ရပ်ကွက်က မြောက်ဒဂုံမြို့နယ်ရဲ အလယ်မှာ တည်ရှိတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး 39(A)နဲ့ 39(B)ဆိုပြီး အလယ်ကနေ ဗိုလ်ဆွန်ပက်လမ်းနဲ့ ပိုင်းခြားထားတဲ့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ အလယ်မှာရှိနေတဲ့ ရပ်ကွက်ဖြစ်တဲ့အတွက် ဗထူးဘက်ကိုဖြစ်ဖြစ်၊ ပင်လုံဘက်ပဲဖြစ်ဖြစ် သွားလာလို့ အဆင်ပြေပါတယ်။ ဗိုလ်ဆွန်ပက်လမ်းနဲ့ ဘုရင့်နောင်လမ်းကြားမှာရှိတဲ့ 39(A)ရပ်ကွက်အပိုင်းမှာ သစ္စာလမ်းတွေနဲ့ ဦးဘဝင်း၊ မေတ္တာလမ်းတွေရှိပြီး 39(B)အပိုင်းမှာကတော့ အကောက်ခွန်နဲ့ သမာဓိလမ်းတွေ များပါတယ်။ ၃၉ ရပ်ကွက်ရဲ့ အပိုင်းနှစ်ပိုင်းလုံးမှာ ပေ၂၀-၆၀ခြံတွေက ပေ၄၀-၆၀ ခြံတွေထက် ပိုများပြီး အိမ်ဟောင်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ပေ၄၀-၆၀ထဲမှာတော့ အိမ်သစ်တွေရှိတာကို တွေ့ရပါတယ်။ ၃၉ရပ်ကွက်ထဲမှာဆိုရင် အခြားရပ်ကွက်တွေနဲ့ မတူတာက ရေကန်၊ […]

Loading

North Dagon(38 Ward) – Market Update by Zayyan

မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၈ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၈ ရပ်ကွက်က ပြည်ထောင်စုလမ်းမမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်နဲ့ ထိစပ်နေတာကို တွေ့ရပါတယ်။ ဗထူးနှင့် ပင်လုံလမ်းမနှစ်ခုကြားမှာရှိနေတဲ့ ရပ်ကွက်ဖြစ်ပြီး ဒီလမ်းမကြီးတွေကနေ ဝင်ထွက်သွားလာလို့ လွယ်ပါတယ်။ ရပ်ကွက်ရဲ့တည်နေရာအနေအထားအရ အရှေ့ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တွေနဲ့ နီးစပ်နေပေမဲ့ မြို့ထဲနဲ့တော့ အလှမ်းဝေးတာကို တွေ့ရပါတယ်။ ၃၈ ရပ်ကွက်ရဲ့ ရပ်ကွက်တွင်းထဲမှာဆိုရင် အ.မ.က (၁၈)၊ မင်္ဂလာအေးကျောင်းတိုက်နဲ့ ဘောလုံးကွင်းကျယ်ကြီးတို့ ရှိကြပါတယ်။ ရပ်ကွက်အတွင်းနေထိုင်သူများက လူသစ်လူဟောင်း ရောနှောနေသလို အိမ်သစ်တွေရှိလာပေမဲ့ အိမ်ဟောင်းတွေကို တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ ၃၈ရပ်ကွက်တွင်း အရှေ့အနောက်ပြေးနေတဲ့ လမ်းတွေက ပိုပြီး ပတ်ဝန်းကျင်သန့် လမ်းသာပါတယ်။ တောင်မြောက်ပြေးနေလမ်းတွေကတော ပတ်ဝန်းကျင် သိပ်မသန့်တဲ့ အခြေအနေမျိုးရှိပြီး သီဟ၊ […]

Loading