Market Update System of Zayyan App (App features)

Market Update System of Zayyan App(စျေးကွက်သုံးသပ်ချက်) Zayyan app တွင် ပါဝင်သော ကာလပေါက်စျေး စျေးကွက်သုံးသပ်ချက် စနစ် သည် အရောင်းတင်ထားသော အိမ်ခြံမြေများကို ရပ်ကွက်အလိုက် ပျှမ်းမျှလက်ရှိပေါက်စျေးများကို ဖော်ပြထားသောကြောင့် အိမ်ခြံမြေ ဝယ်လိုသူများအနေဖြင့် ကာလစျေးကွက် များကို သုံးသပ်နိုင်မည်ဖြစ်ပါသည်။ ရပ်ကွက်အလိုက် ကာလစျေးကွက် ကို သိရှိနိုင်မည့်အပြင် ယခင်စျေးကွက် များကိုပါ ကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် စျေးကွက် ပြောင်းလဲသွားပုံကိုလဲ သုံးသပ်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ရပ်ကွက် အလိုက် အိမ်ခြံမြေအရောင်းများကို အကျယ်အဝန်းအပေါ်မူတည်ပြီး အရေအတွက်ကိုလဲ ရာခိုင်နှုန်းဖြင့်ဖော်ပြပေးထားပါသည်။ (ဥပမာ – ရပ်ကွက်တွင်း ပေ ၂၀-၆၀ နှင့် ပေ ၄၀-၆၀ မြေကွက် ဘယ်ဟာပိုများလဲ ဆိုတာ ရာခိုင်နှုန်းဖြင့်ဖော်ပြထားပါသည်။) ညာဘက်ထိပ်တွင်ရှိသော ( […]
Map Interface of Zayyan App (App feature)

Map Interface in Zayyan App (မြေပုံအသုံးပြုမှုစနစ်) Zayyan app တွင်တွေ့ရသော မြေပုံ အသုံးပြုမှုစနစ်သည် မိမိ ရှာလိုသော အိမ်ခြံမြေအရောင်းများကို နေရာအတိအကျ သိရှိကာ ပတ်ဝန်းကျင်အနေအထားများကို သိရှိနိုင်ရန်ကူညီပေးပါသည်။ မြေပုံပေါ်တွင် အရောင်းတင်ထားသော အရောင်းစာရင်းများကို စျေးနှုန်းအတိအကျဖြင့် တွေ့နိုင်ပြီး မိမိ စိတ်ဝင်စားသော အရောင်းကို နှိပ်ရုံဖြင့် အသေးစိတ်အချက်အလက်များကျရောက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိလိုချင်သော အိမ်ခြံမြေများကို Zayyan App ရှိ (Map interface) တွင် အလွယ်တကူရှာဖွေလိုက်ပါ။ ပိုမိုဖတ်ရှုရန် နှိပ်ပါ….(Click to read more..) အပြည့်အစုံဖတ်ရန် နှိပ်ပါ….. Shortlist of Zayyan App (App feature) Shortlists ဆိုတာက တူညီသောအိမ်ခြံမြေအရောင်းများကို ရွှေချယ်စုစည်းထားခြင်းဖြစ်သည်အလွယ်မှတ်နိုင်ပါသည်။ […]
Shortlist of Zayyan App (App feature)

Shortlists of Zayyan App 🔵 Shortlists ဆိုတာဘာလဲ။ Shortlists ဆိုတာက တူညီသောအိမ်ခြံမြေအရောင်းများကို ရွှေချယ်စုစည်းထားခြင်းဖြစ်သည်ဟု အလွယ်မှတ်နိုင်ပါသည်။ Zayyan app တွင် shortlists များကို အကျိုးဆောင်များ အတွက် shortlists များနှင့် အိမ်ခြံမြေဝယ်ရန်ရှာနေသူများအတွက် shortlists ဟူ၍ နှစ်မျိုးတွေ့ရှိနိုင်ပါသည်။ (၁) အကျိုးဆောင်များအတွက် shortlists အကျိုးဆောင်များအတွက် shortlists များသည် အကျိုးဆောင်များမှ မိမိစုစည်းထားသော အရောင်းစာရင်းများကို တူရာအလိုက်စုစည်းထားခြင်းဖြစ်ပါသည်။ (ဥပမာ – ပေ ၂၀-၆၀ နှစ်ထပ်အိမ်အရောင်းများ) ထိုသို့ခေါင်းစဥ် တပ်ကာ စုစည်းထားခြင်းဖြင့် မိမိအဝယ်ပြလိုသော အိမ်ခြံမြေစာရင်းများကို အလွယ်တကူမှတ်၍စုစည်းထားနိုင်ခြင်း၊ မိမိ အဝယ်အပေါ်မူတည်ပြီးမိမိပြလိုသော အရောင်းများကို တစ်ခါတည်းပို့ပေးထားနိုင်ခြင်း၊ အရောင်းစာရင်းများကို မပျောက်မပျက် သိမ်းထားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ […]
Top 10 Habits of Successful Real Estate Agents – Zayyan

🔵 အောင်မြင်တဲ့ အကျိုးဆောင်တွေမှာတွေ့ရတဲ့ အလေ့အကျင့် (၁၀)ခု နိဒါန်း အောင်မြင်တဲ့ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကံကိုပဲ ပုံအပ်နေလို့မရပါဘူး။ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှု၊ ထက်မြတ်တဲ့ အမျှော်အမြင်နဲ့ မဆုတ်မနှစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ လိုအပ်ပါတယ်။ အခြားသော အကျိုးဆောင်တွေနဲ့ မတူဘဲ အောင်မြင်တဲ့ အကျိုးဆောင်တွေမှာ တူညီနေတဲ့ အလေ့အကျင့်လေးတွေကို လေ့လာတွေ့ရှိရပါတယ်။ ဒီpost လေးမှာတော့ ရေရှည်အောင်မြင်တဲ့ အကျိုးဆောင်တွေမှာ တွေ့ရတတ်တဲ့ အမူအကျင့် (၁၀)ကို ပြောပြပေးသွားပါမယ်။ ၁. နေ့စဥ် ရောင်းသူ/ဝယ်သူများ ရှာဖွေခြင်း အောင်မြင်နေတဲ့ အကျိုးဆောင်တွေဟာ မိမိတို့မှာရှိတဲ့ အရောင်းဒေတာတွေကို ဝယ်ယူမယ့်သူ၊ အဝယ်တွေအတွက် ကိုက်ညီမယ့်အရောင်းစာရင်းတွေအတွက် အိမ်ခြံမြေ ရောင်းလိုသူ၊ ဝယ်ယူလိုသူတွေကို ရှာဖွေခြင်းက အခြေခံလိုအပ်ချက်တစ်ခု ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။ ဒါ့ကြောင့် […]
How AI is Transforming the Real Estate Industry – Zayyan

🔵 AI က အိမ်ခြံမြေလောကကို ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေ ယူဆောင်လာပေးလဲ။ နိဒါန်း အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ ဒီလို နည်းပညာတိုးတက်မှုတွေထဲမှာ AI (Artificial Intelligence)က အိမ်ခြံမြေအကျိုးဆောင်များ၊ ဝယ်ယူသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ရောင်းသူများအတွက် အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာ လုပ်ငန်းစဥ်တွေကို ပြောင်းလဲတိုးတက်စေပြီး ဈေးကွက်ကိုလည်း ပိုမိုနားလည်းကျွမ်းကျင်အောင် အကျိုးပြုပေးနေပါတယ်။ ၁. ပိုမိုထိရောက်စွာ ဝယ်သူတွေကို ရှာဖွေ၊ စီမံခန့်ခွဲနိုင်ခြင်း AI က အချက်အလက်တွေကို ဆန်းစစ်ပြီး အရောင်းအဝယ်ဖြစ်နိုင်ချေ အလားအလာများတဲ့ အဝယ်တွေကို ခွဲခြားသတ်မှတ်ပေးနိုင်ပြီး ထိုဝယ်သူများနှင့် ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်စေပါတယ်။ CRMကလည်း အိမ်ခြံမြေဝယ်ယူသူများရဲ့ စိတ်ဝင်စားမှု၊ ဦးစားပေးရှာဖွေမှုနဲ့ ကြိုက်နှစ်သစ်ကမှုတွေကို မှတ်သားအခြေခံပြီး ကိုက်ညီမှုရှိတဲ့ အရောင်းစာရင်းတွေကို အကြံပြုပေးနိုင်ပါတယ်။ ဒါကြောင့် […]
Types of CRM Systems in Real Estate – Zayyan

🔵 CRM စနစ်အမျိုးအစားများ CRMစနစ်သည် လုပ်ငန်းတစ်ခုရဲ့ ကဏ္ဍအသီးသီးကို နည်းလမ်းအမျိုးအမျိုးဖြင့် အကျိုးပြုပြီး ယေဘုယျအားဖြင့် အမျိုးအစား(၃)မျိုး ရှိပါတယ်။ (၁) Operational CRM (လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ CRM) အိမ်ခြံမြေရောင်းချမှု၊ Marketingနဲ့ Customers တွေကို ဝန်ဆောင်မှုပေးရတဲ့ နေ့စဥ်လုပ်ငန်းဆောင်ရွက်မှုတွေမှာ အဆင်ပြေချောမွေ့မှုရှိအောင် စီမံခန့်ခွဲပေးပြီး customersတွေနဲ့ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မိဖို့ အဓိကဦးစားပေးတဲ့ အမျိုးအစားဖြစ်ပါတယ်။ (ဥပမာ – online/ဖုန်းကနေတဆင့် ဆက်သွယ်ရရှိလာတဲ့ အဝယ်တွေကို သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်/ မြို့နယ်အလိုက် အကျိုးဆောင်အသီးသီးဆီကို ခွဲဝေပေးခြင်း၊ ရောင်းသူ/ဝယ်သူဆိုင်ရာ အချက်အလက််တွေကို၊ contact history တွေကို အလွယ်တကူ ကြည့်ရှုလို့ရအောင် တစ်နေရာတည်း ထားရှိခြင်း) (၂) Analytical CRM (ခွဲခြားဆန်းစစ်ရေးဆိုင်ရာ CRM) Customers တွေရဲ့ ပုဂ္ဂိုလ်ရေးရာ […]
5 Ways CRM Boosts Communication in Real Estate – Zayyan

🔵 CRMစနစ်က အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများတွင် ဆက်သွယ်ချိတ်ဆက်မှုကို တိုးတက်ကောင်းမွန်အောင် မြင့်တင်ပေးနိုင်တဲ့ နည်းလမ်း(၅)ခု နိဒါန်း CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး အရောင်း၊အဝယ်၊ အကျိုးဆောင်များအကြား ဆက်သွယ်ရေးကို အချိတ်အဆက်မိမိ ဖြစ်စေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ဒီလိုအပြန်အလှန်ဆက်သွယ်ရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်း(၅)ခုကတော့ (၁) အချက်အလက်များကို တစ်နေရာတည်းမှာ စုစည်းထားနိုင်ခြင်း – CRMစနစ်က Client ရဲ့အချက်အလက်တွေ၊ အရောင်းစာရင်းတွေရဲ့အသေးစိတ်အချက်အလက်နဲ့ အရောင်းအဝယ်မှတ်တမ်းတွေကို တစ်နေရာတည်းမှာ ထိန်းသိမ်းထားပါတယ်။ Clientတွေနဲ့ အကျိုးဆောင်အဖွဲ့သားတွေကလည်း ဒီနေရာမှာပဲ အရောင်းစာရင်းဆိုင်တာအချက်အလက်တွေနဲ့ update အကြောင်းအရာတွေကို အချင်းချင်းအပြန်အလှန် ဝေမျှနိုင်တာကြောင့် နားလည်မှုလွှဲတာ၊ အချိတ်အဆက်မမိတာ၊ နှောင့်နှေးကြန့်ကြာမှုတွေမဖြစ်ရလေအောင် ကာကွယ်တားဆီးပေးနိုင်လို့ ထိရောက်တဲ့ ဆက်သွယ်ရေး ဖြစ်စေမှာပါ။ (၂) […]
How CRM Can Transform the Real Estate Business – Zayyan

🔵 CRM က အိမ်ခြံမြေလုပ်ငန်းကို ဘယ်လိုပြောင်းလဲစေနိုင်လဲ။ နိဒါန်း အိမ်ခြံမြေလုပ်ငန်းမှာ CRM system ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းကိုချောမွေ့စွာ လည်ပတ်နိုင်ဖို့ စီမံခန့်ခွဲနိုင်ခြင်း၊ Customers တွေကို ပိုမို တိုးတက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်ခြင်းနှင့် ရောင်းအားမြင့်တက်ပြီး အကျိုးအမြတ်များရရှိနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိပြီး လုပ်ငန်းပိုမို တိုးတက်ကောင်းမွန်လာမယ့် ပြောင်းလဲမှုတွေ ပေးစွမ်းနိုင်ပါတယ်။ (၁) ဒေတာများကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်ခြင်း – အမျိုးမျိုးသော social media platforms, အိမ်ခြံမြေ website တွေကနေ ရယူထားတဲ့ အိမ်ခြံမြေအရောင်းစာရင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ၊ ရောင်းသူ/ဝယ်သူတွေကို ဆက်သွယ်ရမယ့် ကိုယ်ရေးအချက်အလက် အစရှိသည်တို့ကို CRM software လို တစ်နေရာတည်းမှာ တစုတစည်းတည်း ထိမ်းသိမ်းထားနိုင်လို့ လိုအပ်ချိန်တိုင်း […]
How to Avoid Common Mistakes When Using Real Estate CRM – Zayyan

🔵 အိမ်ခြံမြေ CRMကို အသုံးပြုရာတွင် တွေ့ရသော အမှားများနှင့် ရှောင်ကြဥ်ရမည့် အရာများ နိဒါန်း အိမ်ခြံမြေလုပ်ငန်းတွေမှာ CRM စနစ်ကို အသုံးပြုတဲ့အခါ လုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုကို ထိခိုက်စေနိုင်တဲ့ ပြုလုပ်တတ်ကြတဲ့ အမှားတွေနဲ့ ရှောင်ကြဥ်ရမယ့် အချက်တွေရှိပါတယ်။ (၁) မှန်ကန်တဲ့ CRMစနစ်ကို မရွေးချယ်တတ်ခြင်း လုပ်ငန်းနဲ့ ကိုက်ညီမှုမရှိတဲ့ နည်းစနစ်ရွေးချယ်မိခြင်း၊ အိမ်ခြံမြေလုပ်ငန်းသီးသန့်အတွက် သက်ဆိုင်မှုရှိတဲ့ လုပ်ဆောင်ချက်မပါဝင်တဲ့ စနစ်ကို ရွေးချယ်မိခြင်းက လုပ်ငန်းလိုအပ်ချက်ကို သေချာမသိတဲ့အခါမှာ မှားတတ်တဲ့ အရာတစ်ခုဖြစ်လို့ အိမ်ခြံမြေလုပ်ငန်းရဲ့ လိုအပ်ချက်ကို သေချာနားလည်အောင် မလေ့လာဘဲ CRMစနစ် ရွေးချယ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ (၂) လုံလောက်သော လေ့ကျင့်မှုမပေးခြင်းနှင့် အသုံးမပြုနိုင်ခြင်း CRM စနစ်ကို အသုံးပြုသူ အဖွဲ့သားတွေအား ထိရောက်ရှင်းလင်းစွာ နားလည်သဘောပေါက်အောင် ရှင်းပြပြီး လိုအပ်တဲ့ […]
How to Set Up CRM for Real Estate Agents – Zayyan

🔵 အကျိုးဆောင်များအတွက် CRM တည်ဆောက်ခြင်း လမ်းညွှန် နိဒါန်း အကျိုးဆောင်တွေအနေနဲ့ CRM စနစ်ကို တည်ဆောက်တဲ့အခါ လိုအပ်ချက် (ဥပမာ – client တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အရောင်းအဝယ်လုပ်ငန်းစဥ်တွေကို စစ်ဆေးသုံးသပ်ဖို့၊ အရောင်းဒေတာတွေကို စနစ်တကျ စုစည်းထိန်းသိမ်းဖို့) အပေါ်မူတည်ပြီး သုံးသပ်တည်ဆောက်မှသာ အကျိုးရှိပြီး အမှတ်တကယ် ဖြေရှင်းဖို့ လိုအပ်တဲ့ အခက်အခဲကို ပြေလည်စေမှာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့ အောက်ပါအဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ၁. CRM တည်ဆောက်ရခြင်း၏ ရည်ရွက်ချက်ကို သတ်မှတ်ပါ။ ပထမဆုံးအဆင့်အနေနဲ့ CRM တည်ဆောက်ရခြင်း အကြောင်းအရာ၊ ရည်ရွယ်ချက်ကို သတ်မှတ်ပြီး ဒီCRMစနစ်ကို တစ်သီးပုဂ္ဂလအကျိုးဆောင်တစ်ယောက်တည်းက သုံးမှာလား?၊ အဖွဲ့ဝင်အနည်းငယ်နဲ့ teamအနေနဲ့ အသုံးပြုမှာလား? ဒါမှမဟုတ် အကျိုးဆောင်ကုမ္ပဏီကြီး အသုံးပြုမှာလား? ဆိုတာကို ဆန်းစစ်သတ်မှတ်ရမှာ […]