Zayyan

🔵 နည်းပညာကို အသုံးချပြီး အိမ်ခြံမြေရှာဖွေခြင်း၏ အကျိုးကျေးဇူးများ

နိဒါန်း

👉 အိမ်ခြံမြေစာရင်းတွေကို စာအုပ်ထဲမှာ မှတ်ပြီး ခက်ခက်ခဲခဲ ပြန်ရှာနေရလား?

👉 လိုချင်တဲ့ အိမ်ခြံမြေကို ဝယ်ယူနိုင်ဖို့ အကြိုက်မတွေ့မချင်း တလမ်းဝင်တလမ်းထွက် ရှာဖွေနေရတုန်းလား?

      နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ လူတွေရဲ့ နေ့စဥ်လုပ်ဆောင်မှုတွေဟာလည်း ပိုမိုလွယ်ကူ ချောမွေ့လာပါတယ်။ အိမ်ခြံမြေနယ်ပယ်မှာလည်း ပြောင်းလဲမှု၊ တိုးတက်လွယ်ကူမှုနဲ့အတူ အိမ်ခြံမြေရှာဖွေရာမှာ ပိုမိုလွယ်ကူလျင်မြန်ပြီး ထိရောက်မှုရှိဖို့ကိုလည်း အထောက်အကူပြုပါပေးပါတယ်။ အိမ်ခြံမြေဝယ်ယူသူ၊ ငှါးရမ်းသူ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် လက်လေးတစ်ချက်ထောက်ရုံနဲ့  အိမ်ခြံမြေစာရင်းများစွာကို အလွယ်တကူ လေ့လာကြည့်ရှုနိုင်တဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် နည်းပညာကို အသုံးချပြီး အိမ်ခြံမြေတွေရှာဖွေတဲ့အခါ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။
  1. အသုံးပြုရ လွယ်ကူအဆင်ပြေခြင်း
       နည်းပညာကို အသုံးချပြီး အိမ်ခြံမြေရှာဖွေရမှာ ရရှိနိုင်တဲ့ အကြီးမားဆုံးအကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ အင်တာနက်ရှိရုံနဲ့  online platform, website, application ကနေတစ်ဆင့် အိမ်မှာနေနေ၊ အလုပ်မှာပဲဖြစ်ဖြစ်၊ သွားရင်းလာရင်း ဘယ်နေရာရောက်ရောက် အချိန်မရွေး၊ နေရာမရွေး ၂၄နာရီပတ်လုံး အိမ်ခြံမြေတွေကို ရှာဖွေလေ့လာလို့ ရပါတယ်။ အချိန်အကန့်အသတ်မရှိလို့ ရုံးချိန်ထိ စောင့်ဆိုင်းပြီး ဆက်သွယ်ရတာ၊ ဝန်ဆောင်မှုပေးနိုင်မယ့်သူကို ချိန်းဆိုညှိနှိုင်းရတာတွေလည်း မလိုအပ်တာကြောင့် အဆင်ပြေတဲ့အပြင် အသုံးပြုရလည်း လွယ်ကူပါတယ်။
    
  2. ရွေးချယ်စရာများခြင်း
        အလွယ်တကူ ကလစ်လေးအနည်းငယ်နှိပ်လိုက်တာနဲ့ မြို့နယ်၊ ရပ်ကွက်၊ လမ်းအသီးသီးမှာရှိကြတဲ့ အိမ်ခြံမြေစာရင်းအများအပြားကို ဖော်ပြပေးနိုင်တာကြောင့် ရွေးချယ် ကြည့်ရှုစရာများပြီး မိမိလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ အိမ်ခြံမြေကို ပိုင်ဆိုင်နိုင်ဖို့ ပိုမိုလွယ်ကူသွားပါတယ်။
    
  3. အကိုက်ညီဆုံး အိမ်ခြံမြေစာရင်းများကို အသေးစိတ် စိစစ်ရွေးချယ် လေ့လာနိုင်ခြင်း
         အိမ်ခြံမြေတွေ ရှာဖွေနိုင်တဲ့ website, App တွေမှာ အသုံးပြုသူတွေအတွက် လိုချင်တဲ့ မြို့နယ်၊ ရပ်ကွက်၊ နေရာဒေသနဲ့ သုံးမယ့် ဈေးတန်းအတွင်းဝင်တဲ့ အိမ်ခြံမြေအမျိုးစားတွေကို မိမိတို့ လိုအပ်ချက်အလျောက် filter systemကို အသုံးပြုပြီး စိစစ်ရွေးချယ်ကြည့်ရှုနိုင်တာကြောင့် အကိုက်ညီဆုံးဖြစ်မယ့် စာရင်းတွေကိုပဲ ပြသပေးမှာဖြစ်ပြီး ဒီထဲကမှ မိမိနဲ့ အဆင်ပြေဆုံးကို ရွေးချယ်ဝယ်ယူရုံပါပဲ။
    
  4. အချိန်ကုန် လူပင်ပန်းမှု သက်သာခြင်း မြေပြင်မှာ လူကိုယ်တိုင် အချိန်ပေး အပင်ပန်းခံပြီး စာရွက်စာတန်း ခိုင်မာသေချာမှုမရှိ၊ မိမိလိုချင်တာနဲ့ ကိုက်ညီမှုရှိမရှိ မသေချာတဲ့ အိမ်ခြံမြေကို လိုက်ကြည့်စရာမလိုဘဲ ရှိတဲ့နေရာကနေ App, website တွေကတစ်ဆင့် ဓာတ်ပုံ၊ videoတွေနဲ့ Location mapထောက်ပြီး တည်နေရာ ဘေးပတ်ဝန်းကျင်အနေအထားတွေကို တခါတည်း စုံစုံလင်လင် ကြည့်ရှုနိုင်တာမို့ အချိန်တိုတိုအတွင်းမှာ အိမ်ခြံမြေစာရင်း အများအပြားလေ့လာနိုင်တာမို့ အချိန်သက်သာတဲ့အပြင် ပင်ပင်ပန်းပန်း သွားလာရှာဖွေဖို့ မလိုအပ်ပါဘူး။
  5. Video များနှင့် အသေးစိတ် လေ့လာနိုင်ခြင်း အိမ်ခြံမြေလုပ်ငန်းနဲ့ အကျိုးဆောင်တွေကနေ အသင့်ရိုက်ကူးထားတဲ့ Home Tour Video/ Review Video တွေကနေတစ်ဆင့် အိမ်ရဲ့ တည်နေရာ၊ ပတ်ဝန်းကျင်အနေအထား၊ အတွင်းခန်းဖွဲ့စည်းပုံ၊ အပြင်အဆင်၊ အခြေအနေတွေကို လေ့လာကြည့်ရှုလို့ရတာမို့ အလုပ်ရှုပ်သက်သာပြီး အသေးစိတ်ကြည့်ရှုနိုင်တာမို့ အဝေးရောက်အဝယ်များ/ နယ်မှာနေပြီး ရန်ကုန်က အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း အရောင်းအဝယ်မလုပ်သေးဘဲ ရန်ကုန်တက်လာပြီး အချိန်ပေး ရှာဖွေနေဖို့ မလိုတော့ပါဘူး။
  6. အရောင်းစာရင်းများရဲ့ အချိန်နှင့်တပြေးညီ update အချက်အလက်များ သိရှိနိုင်ခြင်း
        အကြောင်းအမျိုးမျိုးကြောင်း အိမ်ခြံမြေတွေ အရောင်းပိတ်လိုက်တာ၊ ဈေးနှုန်းအပြောင်းအလဲ ဖြစ်သွားတာ၊ စာရွက်စာတန်းအခြေအနေ၊ မရောင်းဖြစ်တော့တာနဲ့ ရောင်းထွက်သွားတာ အစရှိတဲ့ အိမ်ခြံမြေစာရင်းတွေရဲ့ update အချက်အလက်တွေကို အမြဲ update သိရှိနိုင်တာမို့ ဈေးကွက်အခြေအနေ၊ ကာလပေါက်ဈေးတို့ကို လေ့လာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အထောက်အကူပြုပါတယ်။
    
  7. မိမိလိုအပ်ချက်အလိုက် ကိုက်ညီတဲ့ အရောင်းစာရင်း အကြံပြုချက်များ ရရှိနိုင်ခြင်း
         Artificial Intelligence (AI) နဲ့ machine learning algorithms က မိမိတို့ အိမ်ခြံမြေအမျိုးအစား ရွေးချယ်ကြည့်ရှုမှုနဲ့ ကြိုက်နှစ်သက်မှုကို မှတ်သားထားပြီး ကိုက်ညီမှုရှိတဲ့ အိမ်ခြံမြေစာရင်းတွေကို ပြသပေးနိုင်တဲ့အတွက် မိမိတို့ လိုအပ်ချက်တဲ့ သင့်တော်ပြီး အကြိုက်တွေ့မယ့် အလိုက်ဖက်ဆုံး အိမ်ခြံမြေတွေကို အကြံပြုပေးနိုင်တာပဲ ဖြစ်ပါတယ်။
    
  8. အရောင်းစာရင်းများ၏ အသေးစိတ် အချက်အလက်များ ကြည့်ရှုနိုင်ခြင်း
         အရောင်းစာရင်းတွေရဲ့ တည်နေရာ၊ လမ်းအနေအထား၊ ဖွဲ့စည်းပုံ၊ အဆောက်အဦအခြေအနေ၊ အသေးစိတ် အချက်အလက်တွေကို ဓာတ်ပုံ၊ Location Mapတို့နှင့် အသေးစိတ် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြပေးထားတာကြောင့် တိကျမှန်ကန်မှုရှိပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
    
  9. ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း
          မိမိစိတ်ဝင်စားတဲ့ အိမ်ခြံမြေတွေကို လိုက်ကြည့်တဲ့အခါ အကြိုက်တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ မဖြစ်မနေ ကုန်ကျမယ့် ဆီဖိုး၊ သွားလာစရိတ်၊ အပိုအသုံးစရိတ်၊ ကြော်ငြာစာစောင်စရိတ်နဲ့ အခြားအမျိုးမျိုးသော အသေးသုံးစရိတ်တွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
    
  10. ဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် ကူညီပေးခြင်း
       အိမ်ခြံမြေ ရောင်းသူ၊ ဝယ်သူနှင့် အကျိုးတော်ဆောင်များအကြား message, chatbot, App တွေကနေတစ်ဆင့် အပြန်အလှန် အချိန်မရွေး လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်ပြီး သိလိုတာတွေကို အချိန်နဲ့တပြေးညီ ဖြေကြားပေးနိုင်တာကြောင့် ဆက်သွယ်ရေးအတွက် အထောက်အကူပြုပြီး တိုးတက်ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပါတယ်။
    
  11. မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ အထာက်အကူပြုခြင်း
         နည်းပညာကိုအသုံးပြုပြီး သိမ်းဆည်းထားတဲဲ့ ဒေတာအချက်အလက်တွေ၊ အိမ်ခြံမြေ ဈေးကွက်အခြေအနေ၊ ကာလပေါက်ဈေးနဲ့ သုံးသပ်ချက်တွေကို နှိုင်းယှဥ်လေ့လာအကဲဖြတ်နိုင်တာကြောင့် အိမ်ခြံမြေဝယ်ယူရာ/ ရင်းနှီးမြှုပ်နှံရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ဒေတာအချက်အလက်တွေ ထောက်ပံ့ပေးနိုင်ပါတယ်။
    
  12. ကမ္ဘာနှင့်အဝှမ်း အိမ်ခြံမြေအရောင်းများ လေ့လာနိုင်ခြင်း
         Internetရှိရုံနဲ့ တီထွင်ဖန်တီးထားတဲ့ အမျိုးမျိုးသော အိမ်ခြံမြေ platforms တွေကနေတဆင့် ကမ္ဘာနဲ့အဝှမ်းက အိမ်ခြံမြေဈေးကွက်၊ ပြည်တွင်းပြည်ပအခြေအနေနဲ့ အရောင်းစာရင်းတွေကို လေ့လာကြည့်ရှုနိုင်သေးလို့ ကမ္ဘာတစ်ဝှမ်းရင်းနှီးမြှုပ်နှံသူနှင့် ရွေ့ပြောင်းနေထိုင်သူများအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။
    
  13. အိမ်ခြံမြေစာရင်းများကို အလွယ်တကူ နှိုင်းယှဥ်ကြည့်ရှုနိုင်ခြင်း
         အိမ်ခြံမြေ App/ Website တွေကနေ စုစည်းဖော်ပြထားတဲ့ စာရင်းတွေရဲ့ တည်နေရာ၊ ဖွဲ့စည်းပုံ၊ ပြင်ဆင်မှုအနေအထား နဲ့ ဈေးတန်း အစရှိတာတွေကို အမျိုးအစားတူရာ နှိုင်းယှဥ်ပြီး လေ့လာနိုင်တာကြောင့် သင့်တော်မှုအရှိဆုံး အိမ်ခြံမြေကို  ရွေးချယ်ဝယ်ယူဖို့ လွယ်ကူသွားပါတယ်။
    
  14. လုံခြုံရေးနှင့် လိမ်လည်မှုများကို ကာကွယ်ပေးခြင်း
       အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းစဥ်တွေမှာလည်း digital စာရွက်စာတန်းကိစ္စရပ်တွေ၊ ငွေပေးချမှုတွေ၊ ရောင်းမှား/ဝယ်မှား မဖြစ်စေရန် လိုအပ်တဲ့ အတည်ပြုချက်တွေနဲ့ အရောင်းသူ/ဝယ်သူတွေရဲ့ အချက်အလက် လုံခြုံခိုင်မာမှုတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ platforms တွေလည်း အသီးသီး ရှိကြပါတယ်။
    
              ဒါ့ကြောင့် အိမ်ခြံမြေရှာဖွေဝယ်ယူရာမှာ နည်းပညာကို အသုံးပြုတတ်ခြင်းက မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့် အိမ်ခြံမြေတွေကို ပိုမို လွယ်ကူလျင်မြန်စွာ ရွေးချယ်ရှာဖွေကြည့်ရှုနိုင်ပြီး အချိန်ကုန်/စရိတ်နည်း လူပင်ပန်း သက်သာစွာနဲ့ အရောင်းအဝယ်လုပ်ငန်းစဥ်ကို ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ အကျိုးပြုနိုင်ပါတယ်။
    

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အောင်မြင်တဲ့ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကံကိုပဲ ပုံအပ်နေလို့မရပါဘူး။ (ဆက်ဖတ်ရန် နှိပ်ပါ)......

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 13