👉 ဘဏ်တွေ တော်တော်များများကတော့ Home Loan ဆိုပြီး ချေးငွေထုတ်ပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်။ Home Loan ဆိုတာတော့ အိမ်ဝယ်တဲ့ အခါ ဘဏ်ကချေးငွေထုတ်ပြီး ဝယ်တာကိုဆိုလိုပါတယ်။ အိမ်ဝယ်ဖို့အတွက် ဘဏ်ကနေ ပိုက်ဆံချေးတဲ့ သဘောပါ။ ဘဏ်တိုင်းကတော့ Home Loan ထုတ်ပေးပါတယ်။ KBZ တို့ AYA တို့ CB Bank တို့ကတော့ အိမ်ဝယ်မယ်ဆိုရင် ချေးငွေထုတ်ပေးလေ့ ရှိပါတယ်
အိမ်မပါဘဲနဲ့ မြေကွက်သီးသန့်ကိုရော ဘဏ်ချေးငွေနဲ့ ဝယ်လို့ ရနိုင်မလားလို့ ဇေယံအိမ်ခြံမြေကို လာလာမေးတဲ့ အဝယ်တွေ ရှိပါတယ်။ KBZ, AYA, CB Bank တို့ကတော့ အိမ်မပါဘဲ မြေကွက်သီးသန့်ဆိုရင်တော့ ချေးငွေမထုတ်ပေးပါဘူး။ အိမ်ပါမှဘဲ ချေးငွေထုတ်ပေးပါတယ်။
မြေကွက်သီးသန့်ကိုဘဲ ချေးငွေထုတ်ပေးတဲ့ ဘဏ်တစ်ခုရှိပါတယ်။ သူက Myanmar Citizens Bank (MCB) ပါ။ MCB ကနေ မြေကွက်ဝယ်ဖို့ ချေးငွေထုတ်ပေးတဲ့အတွက် မြေကွက်သီးသန့်ကို ငွေအလုံးလိုက်အရင်းလိုက်ပေးချေစရာမလိုဘဲ Download Payment 50% ကို ပေးချေထားပြီး နှစ်စဉ်အရစ်ကျနဲ့ ဘဏ်ကို ပြန််ပေးလို့ ရပါတယ်။
MCB က ဇေယံ အိမ်ခြံမြေနဲ့ အမြဲချိတ်ဆက်ပြီး လက်တွဲလုပ်ကိုင်နေတဲ့ ဘဏ်တစ်ခုဖြစ်လို့ မြေကွက်သီးသန့်ကို ဘဏ်ချိတ်နဲ့ ဝယ်ချင်တယ်ဆ်ိုရင် ဇေယံကို အခုဘဲ ဆက်သွယ်လိုက်ပါနော်…
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…