Top 10 Habits of Successful Real Estate Agents – Zayyan

🔵 အောင်မြင်တဲ့ အကျိုးဆောင်တွေမှာတွေ့ရတဲ့ အလေ့အကျင့် (၁၀)ခု နိဒါန်း အောင်မြင်တဲ့ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကံကိုပဲ ပုံအပ်နေလို့မရပါဘူး။ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှု၊ ထက်မြတ်တဲ့ အမျှော်အမြင်နဲ့ မဆုတ်မနှစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ လိုအပ်ပါတယ်။ အခြားသော အကျိုးဆောင်တွေနဲ့ မတူဘဲ အောင်မြင်တဲ့ အကျိုးဆောင်တွေမှာ တူညီနေတဲ့ အလေ့အကျင့်လေးတွေကို လေ့လာတွေ့ရှိရပါတယ်။ ဒီpost လေးမှာတော့ ရေရှည်အောင်မြင်တဲ့ အကျိုးဆောင်တွေမှာ တွေ့ရတတ်တဲ့ အမူအကျင့် (၁၀)ကို ပြောပြပေးသွားပါမယ်။ ၁. နေ့စဥ် ရောင်းသူ/ဝယ်သူများ ရှာဖွေခြင်း အောင်မြင်နေတဲ့ အကျိုးဆောင်တွေဟာ မိမိတို့မှာရှိတဲ့ အရောင်းဒေတာတွေကို ဝယ်ယူမယ့်သူ၊ အဝယ်တွေအတွက် ကိုက်ညီမယ့်အရောင်းစာရင်းတွေအတွက် အိမ်ခြံမြေ ရောင်းလိုသူ၊ ဝယ်ယူလိုသူတွေကို ရှာဖွေခြင်းက အခြေခံလိုအပ်ချက်တစ်ခု ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။ ဒါ့ကြောင့် […]
How AI is Transforming the Real Estate Industry – Zayyan

🔵 AI က အိမ်ခြံမြေလောကကို ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေ ယူဆောင်လာပေးလဲ။ နိဒါန်း အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ ဒီလို နည်းပညာတိုးတက်မှုတွေထဲမှာ AI (Artificial Intelligence)က အိမ်ခြံမြေအကျိုးဆောင်များ၊ ဝယ်ယူသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ရောင်းသူများအတွက် အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာ လုပ်ငန်းစဥ်တွေကို ပြောင်းလဲတိုးတက်စေပြီး ဈေးကွက်ကိုလည်း ပိုမိုနားလည်းကျွမ်းကျင်အောင် အကျိုးပြုပေးနေပါတယ်။ ၁. ပိုမိုထိရောက်စွာ ဝယ်သူတွေကို ရှာဖွေ၊ စီမံခန့်ခွဲနိုင်ခြင်း AI က အချက်အလက်တွေကို ဆန်းစစ်ပြီး အရောင်းအဝယ်ဖြစ်နိုင်ချေ အလားအလာများတဲ့ အဝယ်တွေကို ခွဲခြားသတ်မှတ်ပေးနိုင်ပြီး ထိုဝယ်သူများနှင့် ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်စေပါတယ်။ CRMကလည်း အိမ်ခြံမြေဝယ်ယူသူများရဲ့ စိတ်ဝင်စားမှု၊ ဦးစားပေးရှာဖွေမှုနဲ့ ကြိုက်နှစ်သစ်ကမှုတွေကို မှတ်သားအခြေခံပြီး ကိုက်ညီမှုရှိတဲ့ အရောင်းစာရင်းတွေကို အကြံပြုပေးနိုင်ပါတယ်။ ဒါကြောင့် […]
Types of CRM Systems in Real Estate – Zayyan

🔵 CRM စနစ်အမျိုးအစားများ CRMစနစ်သည် လုပ်ငန်းတစ်ခုရဲ့ ကဏ္ဍအသီးသီးကို နည်းလမ်းအမျိုးအမျိုးဖြင့် အကျိုးပြုပြီး ယေဘုယျအားဖြင့် အမျိုးအစား(၃)မျိုး ရှိပါတယ်။ (၁) Operational CRM (လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ CRM) အိမ်ခြံမြေရောင်းချမှု၊ Marketingနဲ့ Customers တွေကို ဝန်ဆောင်မှုပေးရတဲ့ နေ့စဥ်လုပ်ငန်းဆောင်ရွက်မှုတွေမှာ အဆင်ပြေချောမွေ့မှုရှိအောင် စီမံခန့်ခွဲပေးပြီး customersတွေနဲ့ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မိဖို့ အဓိကဦးစားပေးတဲ့ အမျိုးအစားဖြစ်ပါတယ်။ (ဥပမာ – online/ဖုန်းကနေတဆင့် ဆက်သွယ်ရရှိလာတဲ့ အဝယ်တွေကို သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်/ မြို့နယ်အလိုက် အကျိုးဆောင်အသီးသီးဆီကို ခွဲဝေပေးခြင်း၊ ရောင်းသူ/ဝယ်သူဆိုင်ရာ အချက်အလက််တွေကို၊ contact history တွေကို အလွယ်တကူ ကြည့်ရှုလို့ရအောင် တစ်နေရာတည်း ထားရှိခြင်း) (၂) Analytical CRM (ခွဲခြားဆန်းစစ်ရေးဆိုင်ရာ CRM) Customers တွေရဲ့ ပုဂ္ဂိုလ်ရေးရာ […]
5 Ways CRM Boosts Communication in Real Estate – Zayyan

🔵 CRMစနစ်က အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများတွင် ဆက်သွယ်ချိတ်ဆက်မှုကို တိုးတက်ကောင်းမွန်အောင် မြင့်တင်ပေးနိုင်တဲ့ နည်းလမ်း(၅)ခု နိဒါန်း CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး အရောင်း၊အဝယ်၊ အကျိုးဆောင်များအကြား ဆက်သွယ်ရေးကို အချိတ်အဆက်မိမိ ဖြစ်စေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ဒီလိုအပြန်အလှန်ဆက်သွယ်ရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်း(၅)ခုကတော့ (၁) အချက်အလက်များကို တစ်နေရာတည်းမှာ စုစည်းထားနိုင်ခြင်း – CRMစနစ်က Client ရဲ့အချက်အလက်တွေ၊ အရောင်းစာရင်းတွေရဲ့အသေးစိတ်အချက်အလက်နဲ့ အရောင်းအဝယ်မှတ်တမ်းတွေကို တစ်နေရာတည်းမှာ ထိန်းသိမ်းထားပါတယ်။ Clientတွေနဲ့ အကျိုးဆောင်အဖွဲ့သားတွေကလည်း ဒီနေရာမှာပဲ အရောင်းစာရင်းဆိုင်တာအချက်အလက်တွေနဲ့ update အကြောင်းအရာတွေကို အချင်းချင်းအပြန်အလှန် ဝေမျှနိုင်တာကြောင့် နားလည်မှုလွှဲတာ၊ အချိတ်အဆက်မမိတာ၊ နှောင့်နှေးကြန့်ကြာမှုတွေမဖြစ်ရလေအောင် ကာကွယ်တားဆီးပေးနိုင်လို့ ထိရောက်တဲ့ ဆက်သွယ်ရေး ဖြစ်စေမှာပါ။ (၂) […]
How CRM Can Transform the Real Estate Business – Zayyan

🔵 CRM က အိမ်ခြံမြေလုပ်ငန်းကို ဘယ်လိုပြောင်းလဲစေနိုင်လဲ။ နိဒါန်း အိမ်ခြံမြေလုပ်ငန်းမှာ CRM system ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းကိုချောမွေ့စွာ လည်ပတ်နိုင်ဖို့ စီမံခန့်ခွဲနိုင်ခြင်း၊ Customers တွေကို ပိုမို တိုးတက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်ခြင်းနှင့် ရောင်းအားမြင့်တက်ပြီး အကျိုးအမြတ်များရရှိနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိပြီး လုပ်ငန်းပိုမို တိုးတက်ကောင်းမွန်လာမယ့် ပြောင်းလဲမှုတွေ ပေးစွမ်းနိုင်ပါတယ်။ (၁) ဒေတာများကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်ခြင်း – အမျိုးမျိုးသော social media platforms, အိမ်ခြံမြေ website တွေကနေ ရယူထားတဲ့ အိမ်ခြံမြေအရောင်းစာရင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ၊ ရောင်းသူ/ဝယ်သူတွေကို ဆက်သွယ်ရမယ့် ကိုယ်ရေးအချက်အလက် အစရှိသည်တို့ကို CRM software လို တစ်နေရာတည်းမှာ တစုတစည်းတည်း ထိမ်းသိမ်းထားနိုင်လို့ လိုအပ်ချိန်တိုင်း […]
How to Avoid Common Mistakes When Using Real Estate CRM – Zayyan

🔵 အိမ်ခြံမြေ CRMကို အသုံးပြုရာတွင် တွေ့ရသော အမှားများနှင့် ရှောင်ကြဥ်ရမည့် အရာများ နိဒါန်း အိမ်ခြံမြေလုပ်ငန်းတွေမှာ CRM စနစ်ကို အသုံးပြုတဲ့အခါ လုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုကို ထိခိုက်စေနိုင်တဲ့ ပြုလုပ်တတ်ကြတဲ့ အမှားတွေနဲ့ ရှောင်ကြဥ်ရမယ့် အချက်တွေရှိပါတယ်။ (၁) မှန်ကန်တဲ့ CRMစနစ်ကို မရွေးချယ်တတ်ခြင်း လုပ်ငန်းနဲ့ ကိုက်ညီမှုမရှိတဲ့ နည်းစနစ်ရွေးချယ်မိခြင်း၊ အိမ်ခြံမြေလုပ်ငန်းသီးသန့်အတွက် သက်ဆိုင်မှုရှိတဲ့ လုပ်ဆောင်ချက်မပါဝင်တဲ့ စနစ်ကို ရွေးချယ်မိခြင်းက လုပ်ငန်းလိုအပ်ချက်ကို သေချာမသိတဲ့အခါမှာ မှားတတ်တဲ့ အရာတစ်ခုဖြစ်လို့ အိမ်ခြံမြေလုပ်ငန်းရဲ့ လိုအပ်ချက်ကို သေချာနားလည်အောင် မလေ့လာဘဲ CRMစနစ် ရွေးချယ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ (၂) လုံလောက်သော လေ့ကျင့်မှုမပေးခြင်းနှင့် အသုံးမပြုနိုင်ခြင်း CRM စနစ်ကို အသုံးပြုသူ အဖွဲ့သားတွေအား ထိရောက်ရှင်းလင်းစွာ နားလည်သဘောပေါက်အောင် ရှင်းပြပြီး လိုအပ်တဲ့ […]
How to Set Up CRM for Real Estate Agents – Zayyan

🔵 အကျိုးဆောင်များအတွက် CRM တည်ဆောက်ခြင်း လမ်းညွှန် နိဒါန်း အကျိုးဆောင်တွေအနေနဲ့ CRM စနစ်ကို တည်ဆောက်တဲ့အခါ လိုအပ်ချက် (ဥပမာ – client တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အရောင်းအဝယ်လုပ်ငန်းစဥ်တွေကို စစ်ဆေးသုံးသပ်ဖို့၊ အရောင်းဒေတာတွေကို စနစ်တကျ စုစည်းထိန်းသိမ်းဖို့) အပေါ်မူတည်ပြီး သုံးသပ်တည်ဆောက်မှသာ အကျိုးရှိပြီး အမှတ်တကယ် ဖြေရှင်းဖို့ လိုအပ်တဲ့ အခက်အခဲကို ပြေလည်စေမှာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့ အောက်ပါအဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ၁. CRM တည်ဆောက်ရခြင်း၏ ရည်ရွက်ချက်ကို သတ်မှတ်ပါ။ ပထမဆုံးအဆင့်အနေနဲ့ CRM တည်ဆောက်ရခြင်း အကြောင်းအရာ၊ ရည်ရွယ်ချက်ကို သတ်မှတ်ပြီး ဒီCRMစနစ်ကို တစ်သီးပုဂ္ဂလအကျိုးဆောင်တစ်ယောက်တည်းက သုံးမှာလား?၊ အဖွဲ့ဝင်အနည်းငယ်နဲ့ teamအနေနဲ့ အသုံးပြုမှာလား? ဒါမှမဟုတ် အကျိုးဆောင်ကုမ္ပဏီကြီး အသုံးပြုမှာလား? ဆိုတာကို ဆန်းစစ်သတ်မှတ်ရမှာ […]
Why is CRM Important for Real Estate Agents? – Zayyan

🔵 ဘာကြောင့် အိမ်ခြံမြေအကျိုးဆောင်များအတွက် CRM က အရေးကြီးတာလဲ? ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် အိမ်ခြံမြေလုပ်ငန်းကို ကျွမ်းကျင်နေရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ Customerတွေကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့၊ တစ်ခါဆက်ဆံ ရာသက်ပန်ဆိုသလို ကိုယ့်မှာရှိတဲ့ အဝယ်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီး ကိုယ်နဲ့ အရောင်းအဝယ်တစ်ခါ ဖြစ်ပြီးရင် နောက်ထပ်လည်း ကိုယ်နဲ့ပဲ ဆက်သွယ်ချင်အောင်၊ ခိုင်မြဲတဲ့ ဆက်ဆံရေး တည်ဆောက်ထားဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဒီလို customersတွေနဲ့ ကိုက်ညီမှုရှိရှိ စိတ်ကျေနပ်စေနိုင်မယ့် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးပြီး အကျိုးဆောင်များအကြား ကွဲပြားပေါ်လွင်နေစေဖို့အတွက် CRMစနစ်က အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ CRM စနစ်ကို […]
What Are 5 Important Features of CRM to Boost Real Estate Performance? – Zayyan

🔵 အိမ်ခြံမြေလုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်တဲ့ CRMရဲ့ အင်္ဂါရပ် (၅) ခု နိဒါန်း CRM (Customer Relationship Management) သည် အိမ်ခြံမြေလုပ်ငန်းတစ်ခုရဲ့ အရောင်း/အဝယ်ဒေတာ ရရှိဖို့၊ Customersတွေနဲ့ လုပ်ငန်းရဲ့ လည်ပတ်မှု လုပ်ဆောင်ချက်တွေကို စီမံခန့်ခွဲရာမျာ အထောက်အကူပြုတဲ့ platformတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (၁) ရောင်းသူ/ဝယ်သူများ အလိုအလျောက်ရရှိခြင်းနှင့် စီမံခန့်ခွဲခြင်း website၊ Social media တို့လို အမျိုးမျိုးသော channelနဲ့ platforms တွေကနေတစ်ဆင့် အိမ်ခြံမြေရောင်းဖို့/ဝယ်ဖို့ အလားအလာရှိသူတို့နှင့် ချိတ်ဆက်နိုင်ပြီး ၄င်းတို့ လိုအပ်ချက် အမျိုးအစားတူရာအလိုက် ခွဲခြားခြင်းနှင့် အချက်အလက်တွေကို စနစ်တကျ စီမံသိမ်းဆည်းရာမှာ ထိရောက်မှုရှိအောင် […]
Benefits of Using Technology to Search for Real Estate – Zayyan

🔵 နည်းပညာကို အသုံးချပြီး အိမ်ခြံမြေရှာဖွေခြင်း၏ အကျိုးကျေးဇူးများ နိဒါန်း 👉 အိမ်ခြံမြေစာရင်းတွေကို စာအုပ်ထဲမှာ မှတ်ပြီး ခက်ခက်ခဲခဲ ပြန်ရှာနေရလား? 👉 လိုချင်တဲ့ အိမ်ခြံမြေကို ဝယ်ယူနိုင်ဖို့ အကြိုက်မတွေ့မချင်း တလမ်းဝင်တလမ်းထွက် ရှာဖွေနေရတုန်းလား? နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ လူတွေရဲ့ နေ့စဥ်လုပ်ဆောင်မှုတွေဟာလည်း ပိုမိုလွယ်ကူ ချောမွေ့လာပါတယ်။ အိမ်ခြံမြေနယ်ပယ်မှာလည်း ပြောင်းလဲမှု၊ တိုးတက်လွယ်ကူမှုနဲ့အတူ အိမ်ခြံမြေရှာဖွေရာမှာ ပိုမိုလွယ်ကူလျင်မြန်ပြီး ထိရောက်မှုရှိဖို့ကိုလည်း အထောက်အကူပြုပါပေးပါတယ်။ အိမ်ခြံမြေဝယ်ယူသူ၊ ငှါးရမ်းသူ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် လက်လေးတစ်ချက်ထောက်ရုံနဲ့ အိမ်ခြံမြေစာရင်းများစွာကို အလွယ်တကူ လေ့လာကြည့်ရှုနိုင်တဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် နည်းပညာကို အသုံးချပြီး အိမ်ခြံမြေတွေရှာဖွေတဲ့အခါ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။ အသုံးပြုရ လွယ်ကူအဆင်ပြေခြင်း နည်းပညာကို အသုံးချပြီး အိမ်ခြံမြေရှာဖွေရမှာ ရရှိနိုင်တဲ့ […]