Zayyan

Is it a good idea to build a quality home in an unclean neighborhood? – Zayyan

🔵  ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်းဆောက်နေသင့်သလား 👉 ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း လုံးဝမဆောက်သင့်ပါဘူး။ အိမ်ဘယ်လောက်ဘဲ ကောင်းကောင်း ဘေး ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ဒီအိမ်က ရောင်းထွက်ဖို့ ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။ (၁) မိသားစုနေထိုင်ဖို့ လုံခြုံတဲ့ နေရာမျိုးမဟုတ်ဘူး 👉 ဒီမြေနေရာက ဈေးနဲ့ အရမ်းနီးတာတို့၊ ရပ်ကွက်ထဲမှာ အဆောင်တွေများတာတို့၊ အုတ်သဲကျောက်၊ သံထည်၊ ပလတ်စတစ် လုပ်ငန်းတွေများတာတို့ဆိုရင်တော့ ဒီနေရာက မိသားစုနေထိုင်ချင်တဲ့ သူတွေ မကြိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ တော်တော်များများ စိတ်ပူတာက လုံခြုံရေးဖြစ်တဲ့အတွက် ရပ်ကွက်သန့်ပြီး ဆိတ်ငြိမ်တဲ့ ဘေးပတ်ဝန်းကျင််ကို ပိုပြီး အားသာကြပါတယ်။ (၂) အိမ်က ကိုယ်ကြိုက်တဲ့ အချိန် ဘယ်အချိန်မဆို ပြင်လို့ ရတယ်။ […]

Loading

What types of land plots are hard to resell? – Zayyan

🔵 ဘယ်လိုမြေကွက်မျိုးက ပြန်ရောင်းရခက်လဲ 👉 မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ ဒီ ပို့စ်မှာတော့ ပြန်ရောင်းရခက်တဲ့ မြေကွက်မျိုးတွေက ဘယ်မြေကွက်တွေ ဖြစ်မလဲ ဆိုတာကို ဆွေးနွေးသွားပါမယ်။ (၁) စာရွက်စာတန်း မသန့်တဲ့ မြေကွက်မျိုးတွေ 👉 အရပ်စာချုပ်တို့၊ ဂရန်းတုံးတို့ဆိုရင်တော့ ပြန်ရောင်းရခက်ပါတယ်။ ဝယ်သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒီမြေကွက်ကို ဝယ်လိုက်ပြီး ဆက်လုပ်ရမဲ့ အလုပ်တွေအရမ်းများနေတယ်ဆိုရင် မဝယ်ချင်ကြပါဘူး။ သဘောက သူများတကာရဲ့ အရှုပ်ထုတ်ကို ဘယ်သူမှ ပိုက်ဆံပေးပြီး ဆက်လက်ဖြေရှင်းဖို့ အားမသန်ကြပါဘူး။ စာရွက်စာတန်းကိစ္စတွေက လွယ်ကူတယ် ရိုးရှင်းတယ်ဆိုရင် အဝယ်တွေက ပိုပြီး အားသာကြပါတယ်။ ဂရန်ဂတုံးဆိုရင်တော့ ဆက်လုပ်ရမဲ့ ကိစ္စတွေကများတဲ့အတွက် အဝယ်တွေအနေနဲ့ အလုပ်ရှုတ်မခံချင်ကြပါဘူး။ ဘဏ်တွေကလဲ ဂတုံးဆိုရင် ချေးငွေမထုတ်ပေးတဲ့အတွက် စာရွက်စာတန်း […]

Discover the Pros and Cons of Permit Land – Zayyan

🔵  ပါမစ်မြေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ 👉 ဒဂုံမြို့သစ် ၄ မြို့နယ်မှာ ပါမစ်မြေတွေ ရောင်းချနေတဲ့ အရောင်းတွေရှိပါတယ်။ ပါမစ်မြေအကြောင်းကို နားလည်တဲ့ ဝယ်ရောင်းသမားတွေကတော့ ပါမစ်မြေမှ ပါမစ်မြေကိုဘဲ ဝယ်ချင်ကြပါတယ်။ ဒီပို့စ်မှာတော့ ပါမစ်မြေက ဘယ်လို ကောင်းကျိုးတွေ ရှိလဲ ဘယ်လိုအားနည်းချက်တွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပါမစ်မြေမှာ အားသာချက် ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က ပါမစ်မြေကို အလွယ်တစ်ကူ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ပါမစ်မြေကို ကားတွေ ရောင်းဝယ်သလိုဘဲ အရောင်းအဝယ်စာချုပ် တစ်ခုထဲနဲ့ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ဂရန်မြေတွေဆိုရင်တော့ အရောင်းမြေပုံထုတ်ရတာနဲ့ အခွန်ဆောင်ရတာနဲ့ လုပ်ဆောင်ရတဲ့ အဆင့်တွေ ရှိပါတယ်။ ပါမစ်မြေမှာတော့ ဒီကိစ္စတွေ လုပ်စရာမလိုလို့ အရောင်းအဝယ်လုပ်ရတာ လွယ်ကူရိုးရှင်းပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ ပါမစ်ကနေ ဂရန်ပြောင်းမယ်ဆိုရင် အခွန်ဆောင်စရာမလိုပါဘူး။ ဒါ့ကြောင့်ပါမစ်ကို ဝယ်တဲ့ အခါ […]

Explore Transferring Property Ownership with the Best Real Estate – Zayyan

🔵  အမည်ပြောင်းရင် အချိန် ဘယ်လောက်ကြာမလဲ ဘယ်လောက် ကုန်ကျမလဲ အရောင်းအဝယ်လုပ်ပြီးတာနဲ့ မိမိကိုယ်တိုင် အမည်ဖေါက်ချင်တယ်ဆိုရင် မြေဂရန်မူရင်း၊ အရောင်းအဝယ်စာချုပ်နှင့် ဝယ်သူရဲ့ မှတ်ပုံတင်ကို ယူပြီး မြို့တော်ခန်းမသို့သွားကာမြေဂရန်အမည်ပြောင်း လျှောက်ထားရပါမယ်။ မြေယာဌာနက သတ်မှတ်တဲ့အမည်ပြောင်းခ၊ သတင်းစာ၊ ကြော်ငြာခတွေပေး သွင်းပြီး ကန့်ကွက်သူရှိ၊ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါတယ်။ ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက်ဆိုင်ရာက အမည်ပြောင်းလဲမှတ်သားပေးသွားမှာ ဖြစ်ပြီး မြေဂရန်အမည်ပေါက်ရရှိပြီ ဖြစ်ပါတယ်။ ကြာချိန်ကတော့ ၃/၄ လကနေ ၈ လ တစ်နှစ် အထိကြာတတ်ပါတယ်။ အမည်ပေါက်ကနေ အမည်ပြန်ဖေါက်မယ်ဆိုရင် မြန်ဆန်နိုင်ပြီး SP တို့ ဂတုံးတို့ဆိုရင်တော့ လုပ်ဆောင်ရတဲ့ ကိစ္စတွေ ပိုပြီးများလာတဲ့အတွက် အချိန်ပိုကြာတယ်.. အကုန်အကျပိုပြီးများပါတယ်။ အကုန်အကျကတော့ […]

Do We Need a Lawyer for Property Down Payment? – Zayyan

🔵  စရန်ပေးချေတဲ့အခါ ရှေ့နေခေါ်ဖို့ လိုလား ဈေးညှိလို့ အဆင်ပြေသွားပြီ… စာရွက်စာတန်းတွေလဲ စည်ပင်မှာ စစ်ဆေးပြီးလို့ အကုန်ခိုင်မာမှု ရှိလို့ စရန်ချမယ်ဆိုရင် အရောင်းအဝယ်စာချုပ်နဲ့ ချုပ်ဆိုဖို့ လိုပါတယ်။ ဒီလို စာချုပ်ချုပ်ဆိုတဲ့အခါ ရှေ့နေခေါ်ဖို့လိုလားဆိုကို မေးတတ်ကြပါတယ်။ 👉  စတိစရန်ချတဲ့အခါမှာတော့ အရောင်းအဝယ်ဖြစ်အောင် လုပ်ပေးတဲ့ အကျိုးဆောင်နဲ့ဘဲ ဒီအရောင်းအဝယ်ကို ဈေးဘယ်လောက်နဲ့ သဘောတူညီထားကြောင်း စရန်စာချုပ်ကြီးကို ဘယ်ရက်မှာ ချုပ်ဆိုမလဲဆိုတာကို သဘောတူထားကြောင်းကို စာချုပ်ထဲမှာ ထည့်ရေးပြီး ချုပ်ဆိုလို့ရပါတယ်။ 👉  ဒါကြောင့် စတိစရန်ဆိုရင်တော့ အကျိုးဆောင်နဲ့ဘဲ ချုပ်ဆိုပြီး စရန်ကြီးချတဲ့ အခါမှသာလျင် ရှေ့နေ့နဲ့ ချုပ်ဆိုရပါမယ်။ အချို့အဝယ်များကတော့ ဈေးဆိုင်တဲ့အခါ ကိုယ့်ရှေ့နေ ခေါ်လာပြီး စာရွက်စာတန်းတွေ စစ်ဆေးပြီး စရန်စာချုပ်ကိုပါ ချုပ်ဆိုလေ့ ရှိပါတယ်။ 👉  စရန်ကြီးမှာ တော့ […]

How Much is the Property Purchase Tax? – Zayyan

🔵  အိမ်ခြံမြေ ဝယ်ခွန်က ဘယ်လောက်ဆောင်ရမှာလဲ 👉 ၂ဝ၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅တွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက်အသုံးပြုသည့် ဝင်ငွေမှာ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေပေါ်တွင်လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်းအတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ထို့ကြောင့် အိမ်၊ မြေ၊ တိုက်ခန်းများဝယ်ရာတွင် အသုံးပြုသောငွေမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေ ဖြစ်နေလျှင် ယင်းဝင်ငွေ အပေါ် ဝင်ငွေခွန်စည်းကြပ်ခံရမည်ဖြစ်ပေသည်။ 👉 သို့ရာတွင် အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ရာတွင် အသုံးပြုသော ငွေထဲ၌ ဝင်ငွေရလမ်းတင် ပြနိုင်သည့် ဝင်ငွေပါရှိနေပါက ယင်းဝင်ငွေ […]

Is Buying Copies of Grant/Permit Documents Worth It? – Zayyan

🔵  ဂရန်/ပါမစ် မိတ္တူတွေကို ဝယ်သင့်လား 👉  အိမ်ခြံမြေဝယ်တဲ့အခါ မိတ္တူတွေကို တွေ့ရတတ်ပါတယ်။ ဂရန်မိတ္တူတို့၊ ပါမစ်မိတ္တူတို့ ဆိုပြီး ရောင်းနေကြတာကို တွေ့ရပါတယ်။ မိတ္တူတွေက ဘာလဲဆိုတော့ ပေ ၄၀-၆၀ ကနေ ၂၀-၆၀ ခွဲရောင်းတဲ့အခါ ၂၀-၆၀ ဝယ်တဲ့သူက ကိုယ်တိုင်အမည်ခွဲထွက်တာမျိုးမလုပ်ဘဲ ဒီ နဂို ၄၀-၆၀ ရဲ့ မိတ္တူကိုသိမ်းထားရတဲ့ သဘောပါ။ မိတ္တူတွေကိုအရောင်းအဝယ်လုပ်တဲ့ သူတွေရှိပေမဲ့ ဇေယံကတော့ မိတ္တူတွေကို ဝယ်ဖို့ အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ မိတ္တူစာရွက်စာတန်းတွေက ပိုင်ဆိုင်မှု မခိုင်မာသလို မိမိကိုယ်တိုင် အမည်ဖေါက်မယ်ဆိုရင်လဲ မူရင်းကိုင်ထားတဲ့ သူက လိုက်ဖောက်မှဘဲ ကိုယ်လဲ ဖေါက်လို့ ရမဲ့ သဘောမှာ ရှိပါတယ်။ 👉  မူရင်းသမားကလဲ သူ့ ၂၀-၆၀ အမည်ဖေါက် ကိုယ်ကလဲ […]

How Many Installments Are Required in a Property Transaction? – Zayyan

🔵  အိမ်ခြံမြေ အရောင်းအဝယ်တစ်ခုမှာ ဘယ်နှရစ်ထားပြီး ပေးချေရမလဲ 👉 အိမ်ခြံမြေရောင်းဝယ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်အရစ်ကို ဘယ်လောက်ပေးရမလဲဆိုတာကို ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူညီချက်ယူပြီး လုပ်ဆောင်ရပါတယ်။ 👉 အဝယ်တွေကလဲ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ တစ်ခြို့အဝယ်တွေက စရန်ချပြီးတာနဲ့ နောက်ထပ် တစ်ရစ်ထဲနဲ့ အပြီးပေးချေချင်တဲ့သူရှိသလို့ တစ်ခြို့ အဝယ်တွေကတော့ ၃-၄ ရစ်ပေးချေချင်တဲ့ အဝယ်မျိုးတွေ ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့်ကတော့ Payment Plan ကို ၄ ရစ်လောက်ထားပြီး ပေးတာကတော့ တော်တော်များများ လုပ်ဆောင်တဲ့ ပုံစံဖြစ်ပါတယ်။ 👉 ပထမအရစ်ကတော့ စရန်ပါ။ စရန်ချတဲ့ အခါ အရောင်းအဝယ်ဖြစ်သွားတဲ့ဈေးရဲ့ ၂၀-၃၀ ရာခိုင်နှုန်းကို ပေးကြပါတယ်။ သိန်း ၃၀၀ က နေ ၅၀၀ အတွင်းပေးချေတာ များပါတယ်။ 👉 ဒုတိယအရစ်ကတော သတင်းစာကြော်ငြာပြီး […]

How Much Down Payment is Needed for Property Purchase? – Zayyan

🔵 အိမ်ခြံမြေ စရန်ချတဲ့အခါ ဘယ်လောက်ချထားသင့်လဲ 👉 အိမ်ခြံမြေ အရောင်းအဝယ်တစ်ခု ဖြစ်ဖို့အတွက် ဈေးညှိပြီးသွားပြီ၊ စာရွက်စာတန်း စစ်ဆေးပြီးသွားပြီဆိုရင်တော့ စရန်ချမဲ့ အဆင့်ကို ရောက်လာပါပြီ။ ဒီမှာ မေးစရာရှိလာတာက စရန်ငွေကို ဘယ်လောက်ပေးချေတာ သင့်တော်မလဲ ဆိုတဲ့မေးခွန်းပါ။ အရောင်း အဝယ်တစ်ခုနဲ့ တစ်ခုကတော့ တူညီတာမျိုးမရှိလို့ စရန်ငွေကို ဘယ်လောက်ချရမလဲဆိုတာကို ပုံသေပြောလို့ မရပါဘူး။ ယေဘုယျအားဖြင့်ကတော့ စရန်ချတာကို စတိစရန် နှင့် စရန်စာချုပ်ကြီးဆိုပြီး ၂ ပိုင်းခွဲပြီး ချုပ်တတ်လေ့ရှိကြပါတယ်။ စတိစရန်ဆိုတာကတော့ ဈေးဆိုင်လို့ အဆင်ပြေသွားပြီဆိုရင် သိန်း ၅၀ ကနေ သိန်း ၂၀၀ အတွင်းကို ပေးလေ့ပေးထ ရှိပါတယ်။ သဘောကတော့ အဆင်ပြေသွားတဲ့ ဈေးနဲ့ အရောင်းအဝယ်ကို Confirm ဖြစ်ပါတယ် ဆိုတာမျိုးပါ။ စရန်စာချုပ်ကြီးကတော့ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းရဲ့ […]

Can Land Be Purchased with a Bank Loan? – Zayyan

🔵  မြေကွက်သီးသန့်ကို ဘဏ်ချိတ်နဲ့ ဝယ်လို့ ရလား 👉 ဘဏ်တွေ တော်တော်များများကတော့ Home Loan ဆိုပြီး ချေးငွေထုတ်ပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်။ Home Loan ဆိုတာတော့ အိမ်ဝယ်တဲ့ အခါ ဘဏ်ကချေးငွေထုတ်ပြီး ဝယ်တာကိုဆိုလိုပါတယ်။ အိမ်ဝယ်ဖို့အတွက် ဘဏ်ကနေ ပိုက်ဆံချေးတဲ့ သဘောပါ။ ဘဏ်တိုင်းကတော့ Home Loan ထုတ်ပေးပါတယ်။ KBZ တို့ AYA တို့ CB Bank တို့ကတော့ အိမ်ဝယ်မယ်ဆိုရင် ချေးငွေထုတ်ပေးလေ့ ရှိပါတယ် အိမ်မပါဘဲနဲ့ မြေကွက်သီးသန့်ကိုရော ဘဏ်ချေးငွေနဲ့ ဝယ်လို့ ရနိုင်မလားလို့ ဇေယံအိမ်ခြံမြေကို လာလာမေးတဲ့ အဝယ်တွေ ရှိပါတယ်။ KBZ, AYA, CB Bank တို့ကတော့ အိမ်မပါဘဲ မြေကွက်သီးသန့်ဆိုရင်တော့ ချေးငွေမထုတ်ပေးပါဘူး။ […]