Zayyan

Important Benefits of Selling a Home Directly Without an Agent – Zayyan

🔵 အကျိုးဆောင်မသုံးဘဲ ပိုင်ရှင်တိုက်ရိုက်အနေနဲ့ အိမ်ရောင်းမယ်ဆို ရရှိမဲ့ ကောင်းကျိုး ဆိုကျိုးများ နိဒါန်း Commission Fees (ပွဲခ) ပိုင်ရှင်တိုက်ရိုက်ရောင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အိမ်ရှင်ဘက်ကနေ အကျိုးဆောင်ကို ပွဲခပေးဖို့ ဆန္ဒမရှိလို့ဘဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရောင်းအဝယ်ဖြစ်သွားရင် အိမ်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို အကျိုးဆောင်ရဲ့ ဝန်ဆောင်မှုအတွက် အခကြေးငွေအနေနဲ့ အိမ်ပိုင်ရှင် (ရောင်းသူ) ဘက်ကပေးရလို့ပါ။ အဲ့လိုဆိုတော့ ရောင်းသူဘက်ကနေ အကျိုးဆောင်ခ ၂ ရာခိုင်နှုန်းကို ချွေတာချင်တယ်ဆိုရင်တော့ အကျိုးဆောင်မသုံးဘဲ မိမိအိမ်ကို ကိုယ်တိုင်ရောင်းရခြင်းဖြစ်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ ပိုင်ရှင်တိုက်ရိုက်ရောင်းရင် ရနိုင်တဲ့ အဓိကကောင်းကျိုးကတော့ အိမ်ရောင်းထွက်သွားရင် အကျိုးဆောင်ခ တစ်ပြားမှမကုန်ဘူးဆိုတဲ့ ကောင်းကျိုးဘဲဖြစ်ပါတယ်။ Pricing Strategy (အိမ်ကိုဘယ်ဈေးနဲ့ ရောင်းရမလဲ?) ပိုင်ရှင်တိုက်ရိုက်ဘဲရောင်းရောင်း အကျိုးဆောင်နဲ့ဘဲရောင်းရောင်း အိမ်ရဲ့ တန်ဖိုးကို အိမ်ပိုင်ရှင်ကဘဲ […]

Loading

Essential Services to Expect from a Seller’s Agent – Zayyan

🔵 ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင် ဆီကနေ ဘယ်လိုဝန်ဆောင်မှုတွေ ရသင့်သလဲ ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်သည် ရောင်းသူရဲ့ အကျိုးတစ်ခုတည်းကိုသာ ဉီးစားပေးဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဉပမာ – ရောင်းသူဘက်က အကောင်းဆုံးဈေးရအောင် အစွမ်းကုန်ကြိုးစားပေးခြင်း၊ စာချုပ်ချုပ်ဆိုရာတွင် ရောင်းသူဘက်မှ နှစ်နာမှုမရှိအောင် အမှားအရွင်းမရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ အစရှိတဲ့ ရောင်းသူအကျိုးကို ဉီးစားပေးတဲ့ဝန်ဆောင်မှုများကို ဆောင်ရွက်တဲ့ အကျိုးဆောင်ဖြစ်ပါတယ်။ (၁) အိမ်မရောင်းမီ ပြင်ဆင်ရမည့်အရာများကို အကြံပေးကူညီခြင်း (၂) အိမ်ဘယ်လောက်တန်လဲ ဆိုတာကို သိဖို့အတွက် ဈေးကွက်ကို လေ့လာပြီး ကာလတန်ဖိုးကို အကြံပြုခြင်း (၃) အိမ်ဈေးကောင်းရရန်နှင့် ဝယ်သူများစိတ်ဝင်စားမှုများရရန်အတွက် အိမ်ကို Professional Photography နှင့် Video များ အသုံးပြု၍ ကြော်ငြာပေးခြင်း (၄) ထိရောက်တဲ့ Marketing […]

Loading

Important 6 Questions to Ask a Seller’s Agent Before Selling Your Home – Zayyan

🔵 မိမိအိမ်ကို ရောင်းပေးမဲ့ အကျိုးဆောင်ကို မေးသင့်တဲ့ မေးခွန်း ၆ ခု မိမိအိမ်ကို ရောင်းပေးမဲ့ အကျိုးဆောင်သည် တာဝန်ယူမှု အပြည့်အဝရှိတဲ့ သူဖြစ်ရမဲ့အပြင် ရောင်းသူအကျိုးကို ဉီးစားပေးတဲ့ သူမျိုးဖြစ်ရပါမယ်။ Professional ဆန်ဆန်ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင် ဟုတ်လားမဟုတ်လားဆိုတာကို သိဖို့အတွက် အောက်ပါမေးခွန်းများကို မေးသင့်ပါတယ်။ သဘောကတော့ ကိုယ့်ဘက်က ဒီအကျိုးဆောင်ကို အလုပ်မခန့်ခင် အင်တာဗျူးလုပ်တဲ့ သဘောပါဘဲ။ (၁) ကို…(ဘယ်သူ)…./မ…..(ဘယ်သူ)…. က အချိန်ပြည့် အကျိုးဆောင်လား အချိန်ပိုင်းအကျိုးဆောင်လား? (၂) အခုရောင်းမဲ့အိမ်ကို ဘယ်လိုနည်းနဲ့ ရောင်းထွက်ဖို့ စီစဉ်ထားလဲ၊ ဘယ်လို Marketing Strategy တွေသုံးဖို့ ပြင်ဆင်ထားလဲ? (၃) အိမ််ခြံမြေဝန်ဆောင်မှုကို တစ်ယောက်ထဲတာဝန်ယူဆောင်ရွက်တာလား? အဖွဲ့ (Team) နဲ့ အလုပ်လုပ်တာလား? (၄) ဒီအိမ်ရောင်းထွက်ဖို့အတွက် […]

Loading

Important 3 Disadvantages of Selling Your Home with Multiple Agents – Zayyan

🔵 အကျိုးဆောင်အများကြီးနဲ့ အိမ်ရောင်းပါက ရင်ဆိုင်ရမဲ့ ဆိုးကျိုး ၃ ခု နိဒါန်း မိမိအိမ်ကိုရောင်းတဲ့အခါ ရောင်းသူတော်တော်များများ သတိမထားမိဘဲ လုပ်မိတဲ့ အမှားတစ်ခုရှိပါတယ်။ ဒါကတော့ မိမိအိမ် အမြန်ဆုံးရောင်းထွက်ဖို့အတွက် အကျိုးဆောင်အများကြီးနဲ့ ချိတ်ဆက်ပြီး အိမ်ရောင်းဖို့ကြိုးစားကြတာပါ။ ဟုတ်ပါတယ်… ရောင်းသူဘက်က စဉ်းစားမယ်ဆိုရင် အကျိုးဆောင်များများနဲ့ ချိတ်ဆက်ပြီးရောင်းမယ်ဆိုရင် မြန်မြန်ရောင်းထွက်မယ်လို့ ထင်မြင်ယူဆချက်က မှန်ပါတယ်။ မိမိအိမ်ကြော်ငြာကို လူသိများလေလေ အရောင်းသွက်လေလေပေါ့။ ဒါပေမဲ့ အိမ်ခြံမြေအရောင်းအဝယ်တိုင်းက ရောင်းသူတစ်ဘက်တည်းကိုဘဲ အသားပေးဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့မရပါဘူး။ အရောင်းအဝယ်တစ်ခုမှာ ပါဝင်တဲ့ ဝယ်သူနဲ့ အကျိုးဆောင်တွေက ဘာတွေလုပ်လဲ ဘာတွေ စဉ်းစားလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ဒီလို ထည့်သွင်းစဉ်းစားမှသာလျှင် ဒီ Post မှာ ဆွေးနွေးမဲ့ ဆိုးကျိုး ၃ ချက်ကို ရှောင်ကြဉ်နိုင်မှာပါ။ ဝယ်သူဘက်မှ သံသယများလာနိုင်ခြင်း […]

Loading

What is Single Agency, and What Are Its Benefits? – Zayyan

🔵 Single Agency ဆိုတာဘာလဲ။ Single Agency အိမ်ရှင်တစ်ယောက်က အကျိုးဆောင်တစ်ယောက်နဲ့ပဲ အိမ်ရောင်းထွက်ဖို့ ပူးပေါင်းဆောင်ရွက်တာကို Single Agency လို့ ခေါ်ပါတယ်။ ဒီအကျိုးဆောင်ကဘဲ ဒီအိမ်ရောင်းထွက်ဖို့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေ အကုန်လုံးကို အစအဆုံး တာဝန်ယူဝန်ဆောင်မှုပေးပါတယ်။ အိမ်မရောင်းခင် ပြင်ဆင်ရမဲ့ကိစ္စတွေက စပြီး၊ အိမ်ရောင်းထွက်ဖို့ လုပ်ဆောင်ရတဲ့ Marketing ကိစ္စရပ်များနဲ့ အဝယ်ပြ၊ ရောင်းထွက်ပြီးသွားတဲ့အထိ ဒီအကျိုးဆောင်တစ်ဉီးထဲကပဲ ဝန်ဆောင်မှုပေးတဲ့ ပုံစံကို Single Agency လို့ခေါ်ပါတယ်။ Single Agency ရဲ့ ကောင်းကျိုးတွေကဘာလဲ? (၁) မိမိအိမ်ရောင်းထွက်ဖို့ကို အကျိုးဆောင်ဘက်မှ အပြည့်အဝတာဝန်ယူခြင်း အိမ်ရှင်တစ်ယောက်မှ အကျိုးဆောင်တစ်ယောက်နဲ့ဘဲ အလုပ်လုပ်တဲ့အတွက်၊ အကျိုးဆောင်ဘက်မှ အိမ်ရောင်းထွက်ဖို့အတွက် လုပ်ဆောင်တဲ့ Marketing ကိစ္စရပ်တွေကို ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။ (၂) […]

Loading

6 Essential Steps to Prepare Your Home for Sale – Zayyan

🔵 အိမ်တစ်လုံးမရောင်းခင် ပြင်ဆင်စရာလိုအပ်တဲ့ အဆင့် ၆ ဆင့် နိဒါန်း အိမ်ရောင်းတဲ့အခါမှာ ဈေးအများဆုံးရဖို့နဲ့ အမြန်ဆုံးရောင်းထွက်နိုင်ဖို့သည် ရောင်းသူတိုင်း မျှော်လင့်တဲ့အရာတွေဖြစ်ပါတယ်။ ဒီလိုရောင်းထွက်နိုင်ဖို့အတွက် လုပ်ဆောင်ရမဲ့ အဆင့် ၆ ဆင့်ကို ပြောပြသွားပါမယ်။ ဒီအဆင့် ၆ ဆင့်ကို လုပ်ဆောင်ရမဲ့စရင်း (Checklist) အနေနဲ့ အသုံးပြုပြီး တစ်ဆင့်ခြင်း လုပ်ဆောင်သွားမယ်ဆိုရင် အိမ်ရောင်းရတဲ့ ကိစ္စဟာ သင့်အတွက် လွယ်ကူလာပါမယ်။   [ ] (၁) ရောင်းမဲ့ဈေးနှုန်းကို သတ်မှတ်ပါ။ [ ] (၂) ရောင်းမဲ့ အချိန် (Timeline) ကို သတ်မှတ်ပါ။ [ ] (၃) ပိုင်ဆိုင်မှု စာရွက်စာတန်းများ စစ်ဆေးပါ၊ ပြင်ဆင်ပါ။ [ ] (၄) […]

Loading

How to Set the Right Price for Your Home? – Zayyan

🔵 မိမိရောင်းမဲ့အိမ်ကို ဈေးဘယ်လိုသတ်မှတ်မလဲ? မိမိရောင်းမဲ့ အိမ်ရဲ့ ဈေးကိုသတ်မှတ်တဲ့အခါ ဈေးကွက်ကိုလေ့လာပြီး ခေါ်ဈေး (Asking Price) ကို သတ်မှတ်ရပါတယ်။ ကာလပေါက်ဈေးထက် အများကြီးပိုပြီး ဈေးခေါ်တယ်ဆိုရင်တော့ အိမ်ရောင်းထွက်ဖို့ ခက်ခဲနိုင်ချေရှိပြီး ကာလပေါက်ဈေးအောက် ဈေးခေါ်တယ်ဆိုရင် ရောင်းသူဘက်က နှစ်နာတာမျိုးတွေရှိပါတယ်။ ပြီးတော့ ဝယ်သူဘက်ကလဲ ဈေးကွက်ထဲမှာ ရှိတဲ့ အိမ်များစွာကို လေ့လာနေတဲ့အတွက် ရောင်းသူအနေနဲ့ သတိမူရမှာက ဈေးကွက်ထဲမှာ အခြားရောင်းသူများလဲ မိမိနဲ့ ပြိုင်ဆိုင်ပြီး သူတို့အိမ်ကို ရောင်းထွက်ဖို့ ကြိုးစားနေကြပါတယ်။ အဲ့တာကြောင့် မိမိအိမ်ကို မှန်မှန်ကန်ကန် ဈေးသတ်မှတ်ဖို့ လိုပါတယ်။ အိမ်တစ်လုံးတန်ဖိုး ဘယ်လောက်ရှိလဲဆိုတာ သိနိုင်ဖို့ အတွက် နည်းလမ်း ၂ လမ်းရှိပါတယ်။ အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application […]

Loading

Important 4 Reasons to Keep Your Home Tidy for Showings – Zayyan

🔵 အိမ်ရောင်းရင် အဝယ်ပြဖို့အတွက် အိမ်ကို ရှင်းရှင်းလင်းလင်းထားရမဲ့ အကြောင်းအရင်း ၄ ချက် မိမိအိမ်ကို ဈေးကောင်းရဖို့အတွက် စပြီးမရောင်းခင်ကတည်းက အိမ်ကိုရှင်းလင်းထားဖို့လိုပါတယ်။ ဝယ်သူတစ်ယောက်က သင့်အိမ်ကို လူတိုင်လာကြည့်တာဘဲဖြစ်ဖြစ်၊ Online ကနေ ဓါတ်ပုံတွေကြည့်တာဘဲဖြစ်ဖြစ် သင့်အိမ်က ရှုတ်ပွထနေတယ်ဆိုရင် ဝယ်သူဘက်က စိတ်ဝင်စားမှုနည်းသွားပြီး အိမ်ရောင်းထွက်ဖို့အတွက် ခက်ခဲလာနိုင်ပါတယ်။ ဒါ့ကြောင့် မိမိအိမ်ကို မရောင်းခင် ဘာကြောင့်ရှင်းလင်းထားသင့်သလဲ ဆိုတာကို ပြောပြသွားပါမယ်။ အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..   အိမ်ခြံမြေအရောင်းအဝယ်တစ်ခုမှာ ရောင်းသူ တစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာ ဈေးညှိနှိုင်းတဲ့ အလုပ်က တကယ်ကို ခက်ခဲပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)…… အပြည့်အစုံဖတ်ရန် နှိပ်ပါ….. […]

Loading

List and Showcase Your Home for Sale Effectively – Zayyan

🔵 အိမ်ရောင်းထွက်ဖို့အတွက် ကြော်ငြာတင်မယ်၊ ပြီးတော့အဝယ်ပြမယ်။ 👉 ကြော်ငြာမတင်ခင်မှာ အိမ်ကိုရှင်းလင်းထားပြီး အလင်းရောင်ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေရိုက်ဖို့လိုပါတယ်။ ပြီးတော့ အိမ်ရဲ့ အချက်အလက်များဖြစ်တဲ့ Property Description ကိုရေးသားဖို့ လိုပါတယ်။ ဒါဆိုရင်တော့ သင်က သင့် အိမ်ကို Online ပေါ်မှာ တင်ဖို့ Ready ဖြစ်ပါပြီ။ ဘယ်မှာ ကြော်ငြာတင်မလဲ? 👉 ကြော်ငြာတင်နိုင်တာ ၂ နေရာရှိပါတယ်။ ပထမတစ်ခုကတော့ Facebook ပေါ်မှာ ရှိတဲ့ အိမ်ခြံမြေအရောင်းအဝယ် Group တွေမှာ တင်နိုင်ပါတယ်။ ဒုတိယ တစ်ခုကတော့ Shweproperty တို့ iMyanmarHouse တို့မှာလဲ အကောင့်ဖွင့်ပြီး ပိုင်ရှင်တိုက်ရိုက်အနေနဲ့ တင်နိုင်ပါတယ်။ ကြော်ငြာတင်ပြီးသွားရင်တော့ သင့်ကို ဝယ်ဖို့ စိတ်ဝင်စားသူများနဲ့ အကျိုးဆောင်များက ဖုန်းဆက်လာပါမယ်။ […]

Loading

Important Things to Do During a Home Showing – Zayyan

🔵 အဝယ်ပြတဲ့ အချိန် လုပ်ဆောင်ရမဲ့အရာများ အဝယ်ပြတယ်ဆိုတာက မိမိအိမ်ကို စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုသူကို အိမ်ထဲမှာ လျှောက်ကြည့်ခွင့်ပေးတာကို ဆိုလိုတာပါ။ ပြောရမယ်ဆိုရင်တော့ သူစိမ်းတစ်ယောက်ကို မိမိအိမ်ထဲ ဖိတ်ခေါ်တဲ့ သဘောပါဘဲ။ ဒီလို သူစိမ်းတွေကို အိမ်ထဲမှာ လျှောက်ကြည့်ခွင့်ပေးမယ်ဆိုရင် သတိထားရမဲ့ အရာတွေကတော့ – အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်.. လောလောဆယ်နေတဲ့ အိမ်ကိုရောင်းတဲ့ သူများအတွက်ကတော့ ဒီအိမ်ကို ရောင်းပြီးသွားရင် အိမ်ပိုင်ရှင် အသစ်ဆီကို သော့အပ်ပြီး မိမိက တစ်ခြားအိမ်အသစ်ကို ပြောင်းရွေ့နေထိုင်ရပါတော့မယ်။  (ဆက်ဖတ်ရန် နှိပ်ပါ)…… အပြည့်အစုံဖတ်ရန် နှိပ်ပါ….. မိမိအိမ်ကို ဈေးကောင်းရဖို့အတွက် စပြီးမရောင်းခင်ကတည်းက အိမ်ကိုရှင်းလင်းထားဖို့လိုပါတယ်။ ဝယ်သူတစ်ယောက်က သင့်အိမ်ကို […]

Loading