Zayyan

🔵 ပြန်ဌားစားလို့ရတဲ့ လုံးချင်းဝယ်ချင်တာလား? ဒီ အချက် ၃ ချက်ကို လေ့လာပြီးမှ ဝယ်သင့်ပါတယ်နော်

👉 လက်ထဲမှာ ငွေအပိုရှိလာလို့ ဒီငွေတွေကို အကျိုးရှိရှိ ရင်းနှီးမြုပ်နှံပြီး ချက်ချင်း Passive Income အနေနဲ့ ငွေပြန်ဖေါ်ချင်တယ်ဆိုရင် ပြန်ဌားစားလို့ ရတဲ့အိမ်ကို ရင်းနှီးမြုပ်နှံ့တာ သင့်တော်ပါတယ်။ ပြန်ဌားစားလို့ ရတဲ့ အိမ်ကို ဝယ်ချင်တယ်ဆိုရင်တော့ ဒီအချက် ၃ ချက်ကို လေ့လာပြီးမှ ဝယ်သင့်ပါတယ်။ (၁) ဒီအိမ်ရဲ့ Location ကသွားလာလို့ လွယ်လား 

👉 ဒီရပ်ကွက်ထဲမှာ ဆေးရုံ ဈေး ကျောင်း Shopping Mall တွေရှိလား ဆိုတာကို သိထားဖို့ လိုပါတယ်။ အိမ်ဌားတွေ တော်တော်များများက သွားရေးလာရေးကို ဦးစားပေးတဲ့အတွက် ကိုယ်ဝယ်တဲ့ အိမ်က Location မကောင်းဘူးဆိုရင် ဌားစားဖို့ ခက်နိုင်ပါတယ်။ (၂) ဒီအိမ်က ပြန်လည်ပြုပြင်စရာတွေများလား

  👉 အိမ်ဌားတွေက အသင့်တက်နေအိမ်တွေကို ရှာနေကြပါတယ်။ မိသားစုနေဖို့ဘဲဖြစ်ဖြစ် ရုံးအတွက်ဌားတာဘဲဖြစ်ဖြစ် အိမ်က အရမ်းယိုယွင်းပျက်စီးနေတယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဝယ်မဲ့ အိမ်ရဲ့ မီးဖိုချောင်တွေ၊ ကြမ်းခင်းတွေ၊ မျက်နှာကျက်တွေကောင်းလား၊ ဒီအိမ်က ရေဝပ်လား အစရှိတာတွေကို သေချာစစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။ (၃) ဒီဘေးပတ်ဝန်းကျင်မှာ အဌားဈေးဘယ်လောက်ပေါက်လဲ

  👉 အိမ်ကို လက်ငင်းပေးချေတာဘဲဖြစ်ဖြစ် ဘဏ်ကနေ ချေးငွေထုတ်ပြီး ဝယ်တာဘဲ ဖြစ်ဖြစ် အဓိက ဒီအိမ်ကို ဝယ်ရတဲ့ အကြောင်းအရင်းက ဒီအိမ်ကနေ Passive Income တစ်ခုချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒီမှာ ရင်းနှီးလိုက်လို့ တစ်လတစ်လ ဝင်ငွေဘယ်လောက်ရနိုင်မလဲဆိုတာကို သိတယ်ဆိုရင် ဒီအိမ်ကို ဝယ်သင့်မဝယ်သင့် ချင့်ချိန်ဆုံးဖြတ်လို့ ရပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အိမ်ခြံမြေရောင်းဝယ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်အရစ်ကို ဘယ်လောက်ပေးရမလဲဆိုတာကို ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူညီချက်ယူပြီး လုပ်ဆောင်ရပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ရန်ကုန်မြို့ထဲမှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် ကြုံရများတဲ့ မြေအမျိုးအစားက ၃ ခု ရှိပါတယ်။ ဘိုးဘပိုင်မြေ၊ ဂရန်မြေနဲ့ ပါမစ်မြေတွေကို တွေ့ရတတ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…