Zayyan

🔵  ပါမစ်မြေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ

👉 ဒဂုံမြို့သစ် ၄ မြို့နယ်မှာ ပါမစ်မြေတွေ ရောင်းချနေတဲ့ အရောင်းတွေရှိပါတယ်။ ပါမစ်မြေအကြောင်းကို နားလည်တဲ့ ဝယ်ရောင်းသမားတွေကတော့ ပါမစ်မြေမှ ပါမစ်မြေကိုဘဲ ဝယ်ချင်ကြပါတယ်။ ဒီပို့စ်မှာတော့ ပါမစ်မြေက ဘယ်လို ကောင်းကျိုးတွေ ရှိလဲ ဘယ်လိုအားနည်းချက်တွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ပါမစ်မြေမှာ အားသာချက် ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က ပါမစ်မြေကို အလွယ်တစ်ကူ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ပါမစ်မြေကို ကားတွေ ရောင်းဝယ်သလိုဘဲ အရောင်းအဝယ်စာချုပ် တစ်ခုထဲနဲ့ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ဂရန်မြေတွေဆိုရင်တော့ အရောင်းမြေပုံထုတ်ရတာနဲ့ အခွန်ဆောင်ရတာနဲ့ လုပ်ဆောင်ရတဲ့ အဆင့်တွေ ရှိပါတယ်။ ပါမစ်မြေမှာတော့ ဒီကိစ္စတွေ လုပ်စရာမလိုလို့ အရောင်းအဝယ်လုပ်ရတာ လွယ်ကူရိုးရှင်းပါတယ်။

နောက်ထပ်အားသာချက်တစ်ခုကတော့ ပါမစ်ကနေ ဂရန်ပြောင်းမယ်ဆိုရင် အခွန်ဆောင်စရာမလိုပါဘူး။ ဒါ့ကြောင့်ပါမစ်ကို ဝယ်တဲ့ အခါ ဂရန်မြေနဲ့ ယှဥ်မယ်ဆိုရင် ကုန်ကျစရိတ် နည်းလို့ ဝယ်ရောင်းတော်တော်များများက သဘောကျကြပါတယ်။

ပါမစ်မြေရဲ့ အကြီးဆုံးအားနည်းချက်ကတော့ ပါမစ်မှန်ကန်မှု ရှိမရှိ စစ်ဆေးတာ ခက်ပါတယ်။ မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အရင်က မြို့ပြနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးလက်မှတ်နဲ့ စည်းတံဆိပ် ရိုက်နှိပ်ထုတ်ပေးထားတဲ့ပါမစ်မြေနဲ. ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ စည်းတံဆိပ်ရိုက်နှိပ်ထားတဲ့ ပါမစ်မြေလို ပုံစံနှစ်မျိုးရှိ နေတာ ကြောင့် သတိပြုဝယ်ယူ သင့်တယ် လို့ သိရပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

ပိုမိုဖတ်ရှုရန် နှိပ်ပါ....(Click to read more..)

(Buyer blog posts)
  • မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း လုံးဝမဆောက်သင့်ပါဘူး။ အိမ်ဘယ်လောက်ဘဲ ကောင်းကောင်း ဘေး ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ဒီအိမ်က ရောင်းထွက်ဖို့ ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

 

(Buyer blog posts)
  • အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Zayyan app တွင် ပါဝင်သော ကာလပေါက်စျေး စျေးကွက်သုံးသပ်ချက် စနစ် သည် အရောင်းတင်ထားသော အိမ်ခြံမြေများကို ရပ်ကွက်အလိုက် ပျှမ်းမျှလက်ရှိပေါက်စျေးများကို ဖော်ပြထားသောကြောင့် အိမ်ခြံမြေ ဝယ်လိုသူများအနေဖြင့် ကာလစျေးကွက် များကို သုံးသပ်နိုင်မည်ဖြစ်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Shortlists ဆိုတာက တူညီသောအိမ်ခြံမြေအရောင်းများကို ရွှေချယ်စုစည်းထားခြင်းဖြစ်သည်အလွယ်မှတ်နိုင်ပါသည်။ Zayyan appတွင်shortlists များကို နှစ်မျိုးတွေ့ရှိနိုင်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRM (Customer Relationship Management) သည် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 98