ဈေးညှိလို့ အဆင်ပြေသွားပြီ… စာရွက်စာတန်းတွေလဲ စည်ပင်မှာ စစ်ဆေးပြီးလို့ အကုန်ခိုင်မာမှု ရှိလို့ စရန်ချမယ်ဆိုရင် အရောင်းအဝယ်စာချုပ်နဲ့ ချုပ်ဆိုဖို့ လိုပါတယ်။ ဒီလို စာချုပ်ချုပ်ဆိုတဲ့အခါ ရှေ့နေခေါ်ဖို့လိုလားဆိုကို မေးတတ်ကြပါတယ်။
👉 စတိစရန်ချတဲ့အခါမှာတော့ အရောင်းအဝယ်ဖြစ်အောင် လုပ်ပေးတဲ့ အကျိုးဆောင်နဲ့ဘဲ ဒီအရောင်းအဝယ်ကို ဈေးဘယ်လောက်နဲ့ သဘောတူညီထားကြောင်း စရန်စာချုပ်ကြီးကို ဘယ်ရက်မှာ ချုပ်ဆိုမလဲဆိုတာကို သဘောတူထားကြောင်းကို စာချုပ်ထဲမှာ ထည့်ရေးပြီး ချုပ်ဆိုလို့ရပါတယ်။
👉 ဒါကြောင့် စတိစရန်ဆိုရင်တော့ အကျိုးဆောင်နဲ့ဘဲ ချုပ်ဆိုပြီး စရန်ကြီးချတဲ့ အခါမှသာလျင် ရှေ့နေ့နဲ့ ချုပ်ဆိုရပါမယ်။ အချို့အဝယ်များကတော့ ဈေးဆိုင်တဲ့အခါ ကိုယ့်ရှေ့နေ ခေါ်လာပြီး စာရွက်စာတန်းတွေ စစ်ဆေးပြီး စရန်စာချုပ်ကိုပါ ချုပ်ဆိုလေ့ ရှိပါတယ်။
👉 စရန်ကြီးမှာ တော့ Payment Plan ကို အသေးစိတ်ရေးထားပြီး ရောင်းသူဝယ်သူက မိမိတို့ သက်ဆိုင်ရာ အခွန်များကို ဆောင်ရပါမယ်ဆိုတာမျိုးကိုလဲ ထည့်သွင်းရေးထားရပါမယ်။ ဒီစရန်ကြီးအတွက် ချုပ်တဲ့ စာချုပ်မှာတော့ ရှေ့နေနဲ့ ချုပ်ဆိုတာက ပိုပြီး သင့်တော်ပါတယ်။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…