🔵 AI က အိမ်ခြံမြေလောကကို ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေ ယူဆောင်လာပေးလဲ။

နိဒါန်း
အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ ဒီလို နည်းပညာတိုးတက်မှုတွေထဲမှာ AI (Artificial Intelligence)က အိမ်ခြံမြေအကျိုးဆောင်များ၊ ဝယ်ယူသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ရောင်းသူများအတွက် အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာ လုပ်ငန်းစဥ်တွေကို ပြောင်းလဲတိုးတက်စေပြီး ဈေးကွက်ကိုလည်း ပိုမိုနားလည်းကျွမ်းကျင်အောင် အကျိုးပြုပေးနေပါတယ်။
၁. ပိုမိုထိရောက်စွာ ဝယ်သူတွေကို ရှာဖွေ၊ စီမံခန့်ခွဲနိုင်ခြင်း
AI က အချက်အလက်တွေကို ဆန်းစစ်ပြီး အရောင်းအဝယ်ဖြစ်နိုင်ချေ အလားအလာများတဲ့ အဝယ်တွေကို ခွဲခြားသတ်မှတ်ပေးနိုင်ပြီး ထိုဝယ်သူများနှင့် ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်စေပါတယ်။ CRMကလည်း အိမ်ခြံမြေဝယ်ယူသူများရဲ့ စိတ်ဝင်စားမှု၊ ဦးစားပေးရှာဖွေမှုနဲ့ ကြိုက်နှစ်သစ်ကမှုတွေကို မှတ်သားအခြေခံပြီး ကိုက်ညီမှုရှိတဲ့ အရောင်းစာရင်းတွေကို အကြံပြုပေးနိုင်ပါတယ်။ ဒါကြောင့် အလားအလာနည်းနဲ့ ဝယ်သူတွေအပေါ် အချိန်အများကြီးပေးမိပြီး အဝယ်ကောင်းတွေကို လက်လွှတ်ဆုံးရှုံးရတာမျိုးမဖြစ်စေတော့ဘဲ လုပ်အားနဲ့ အချိန်ကို သက်သာစေပြီး အဝယ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အထောက်အကူပြုပေးပါတယ်။
၂. ဝယ်သူအသီးသီးအတွက် သက်ဆိုင်ရာ သီးသန့်အိမ်ခြံမြေအရောင်းစာရင်းများ အကြံပြုခြင်း
AI သည် အိမ်ခြံမြေဝယ်ယူသူများ၏ ကြိုက်နှစ်သက်မှု၊ Budget နှင့် အရောင်းစာရင်း ရှာဖွေမှု မှတ်တမ်းတွေအပေါ် အခြေခံပြီး ကိုက်ညီမှုရှိတဲ့ အိမ်ခြံမြေအရောင်းတွေကို အလိုလျောက် အကြံပြုဖော်ပြပေးနိုင်လို့ အိမ်ခြံမြေရှာဖွေဝယ်ယူမှု လုပ်ငန်းစဥ်ကို ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
၃. Virtual Property Tours
AIဟာဆိုရင် AR (augmented reality) နဲ့ VR (virtual reality) တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေါင်းစပ်ပြီး အိမ်ခြံမြေတွေကို virtual tour လုပ်ဖို့ ဖန်တီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် အဝယ်တွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မြေပြင်ဆင်းကြည့်စရာမလိုဘဲ AI အသုံးပြုပြီး အိမ်ရဲ့ ဖွဲ့စည်းပုံ၊ အခန်းပြင်ဆင်မှု၊ ပရိဘောဂနဲ့ အသုံးအဆောင်တွေကို 360-degree ကြည့်ရှုနိုင်ခြင်းကြောင့် လွယ်ကူသက်သာစေပါတယ်။
၄. ဈေးကွက်ဆန်းစစ်သုံးသပ်ခြင်း
ဈေးကွက်ထဲမှာရှိတဲ့ အိမ်ခြံမြေတွေရဲ့ အချက်အလက်တွေ၊ ကာလပေါက်ဈေးအတက်အကျ၊ ဈေးကွက်အခြေအနေ၊ ဝယ်လိုအား/ရောင်းလိုအား၊ trend နဲ့ ပြောင်းလဲမှုဆိုင်ရာ အချက်အလက်များစွာကို AIက ခွဲခြမ်းစိတ်ဖြာပြီး အနာဂတ်အတွက် သုံးသပ်ချက်တွေ ထုတ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အကျိုးဆောင်များနဲ့ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒီအချက်အလက်တွေကို အခြေပြုပြီး ဖြစ်ပေါ်လာနိုင်တဲ့ ဈေးကွက်အခြေအနေ၊ အခွင့်အလမ်း၊ အကျိုးအမြတ်တွေနဲ့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။
၅. အလိုအလျောက် အလုပ်တာဝန်များကို လုပ်ဆောင်ပြီးစီးနိုင်ခြင်း
AI သည် အချိန်ပေးရသော အလုပ်များဖြစ်သည့် Appointment ချိန်းဆိုသတိပေးခြင်း၊ Schedule လုပ်ခြင်း၊ စာချုပ်စာတမ်း ရေးသားခြင်း နဲ့ အလိုအလျောက် စာပြန်ကြားခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ Chatbot လို customers တွေက ပို့လာတဲ့စာနဲ့ မေးမြန်းထားတာတွေကို အလိုအလျောက်ပြန်ကြားပေးနိုင်တဲ့စနစ် ထည့်သွင်းအသုံးပြုမယ်ဆိုရင် ကိုယ်တိုင် အမြဲတမ်းစာပြန်ကြားဖို့ စောင့်ဆိုင်းနေစရာမလိုဘဲ အချိန်ကုန် လူပင်ပန်းသက်သာပါတယ်။
၆. Marketing အတွက် တိုးတက်ထိရောက်တဲ့ နည်းဗျူဟာများ ချမှတ်နိုင်ခြင်း
AIက အကျိုးဆောင်တွေကို ဈေးကွက်ရှာဖွေရေးအတွက် လိုအပ်တဲ့အချက်အလက်တွေ၊ အဝယ်တွေကို ထိရောက်တဲ့ နည်းလမ်းနဲ့ ချဥ်းကပ်နိုင်ဖို့ ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်တစ်လုံးကို ရောင်းဖို့အကောင်းဆုံးအချိန်ကို ခန့်မှန်းနိုင်ခြင်း၊ မှန်ကန်တဲ့ platforms တွေကနေ အရောင်းအဝယ်လုပ်နိုင်ခြင်း အပြင် Marketing အတွက် ကုန်ကျစရိတ်အပေါ်မှာ ROIကိုလည်း မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
၇. လိမ်လည်မှုနဲ့ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာတွေကို ကာကွယ်တားဆီးခြင်း
အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့အခါ ငွေပမာဏအများအပြားသာမက ဂုဏ်သိက္ခာနဲ့ ယုံကြည့်မှုတို့ဖြင့် ရောင်းဝယ်ကြတာကြောင့် လိမ်လည်မှု မရှိအောင် စစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်။ AI စနစ်က ငွေအလွှဲအပြောင်းစနစ်တွေကို စိစစ်ပေးပြီး မူမမှန်တဲ့ အခြေအနေတွေကို ရှာဖွေပေးနိုင်လို့ အန္တရယ်ကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။
၈. အိမ်တန်ဖိုးတွက်ချက်ခြင်း
AI သည် လတ်တလော ဈေးကွက်ပေါက်ဈေး၊ အရောင်းအဝယ်မှတ်တမ်းနဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ခေါ်ဈေး/ရောင်းဈေးတွေကို စိစစ်သုံးသပ်ကာ ရောင်းချမယ့် အိမ်ရဲ့တန်ဖိုးကို တွက်ချက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကွာနေတာ/ ဈေးဟနေတာမျိုးမဖြစ်တော့ဘဲ အရောင်းအဝယ်လုပ်ဖို့ ဈေးဆိုင်တဲ့အခါမှာလည်း စေ့စပ်ညှိနှိုင်းရလွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။
၉. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်း
ရင်းနှီးမြှုပ်နှံသူများအတွက် AI ဟာ တန်ဖိုးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အနာဂတ်မြင့် တိုးတက်မြင့်မားလာမယ့် အိမ်ခြံမြေတန်ဖိုးများကို ခန့်မှန်းခြင်း၊ အကျိုးအမြတ်တွေကို တွက်ချက်ပေးနိုင်ခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်ချက်တစ်ခုလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။
၁၀. Customer များအတွက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုများ ခံစားရရှိစေခြင်း
AI က အကျိုးဆောင်နဲဲ့ ဝယ်သူကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဥပမာ-Appointment တွေ ချိန်းဆိုမှတ်သားသတိပေးခြင်း၊ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ updateအကြောင်းအရာတွေ ပေးပို့ဝေမျှခြင်း၊ အရောင်းအဝယ်လုပ်ငန်းစဥ်တစ်လျှောက် အမြဲမပြတ် သတင်းအချက်အလက်တွေ ပေးပို့ပြီး ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ ကူညီပံ့ပိုးပေးတာကြောင့် အဝယ်တွေကို မှတ်မိနေစေပြီး ယုံကြည်မှုတည်ဆောက်နိုင်ပါတယ်။ ဒီလိုတိကျပြီး အချိန်မီတဲ့ သတိပေးဆက်သွယ်မှုတွေကြောင့်လည်း Clientတွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွေ့အကြုံတွေ ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ယနေ့ခတ်လို အပြိုင်အဆိုင်များတဲ့ အိမ်ခြံမြေလောကနဲ့ မှာ အကျိုးဆောင်လုပ်ငန်းကို အဆင်ပြေချောမွေ့ရုံသာမက တိုးတက်အောင်ဖို့အတွက် AIက ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကို ယူဆောင်လာပေးနိုင်တဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကို တွေ့ရပါတယ်။
- CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
- ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် (ဆက်ဖတ်ရန် နှိပ်ပါ)……
CRM by Zayyan ဆိုတာကို မပြောခင် CRMအကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)......
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…