Zayyan

🔵 CRM က အိမ်ခြံမြေလုပ်ငန်းကို ဘယ်လိုပြောင်းလဲစေနိုင်လဲ။

နိဒါန်း

အိမ်ခြံမြေလုပ်ငန်းမှာ CRM system ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းကိုချောမွေ့စွာ လည်ပတ်နိုင်ဖို့ စီမံခန့်ခွဲနိုင်ခြင်း၊ Customers တွေကို ပိုမို တိုးတက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်ခြင်းနှင့် ရောင်းအားမြင့်တက်ပြီး အကျိုးအမြတ်များရရှိနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိပြီး လုပ်ငန်းပိုမို တိုးတက်ကောင်းမွန်လာမယ့် ပြောင်းလဲမှုတွေ ပေးစွမ်းနိုင်ပါတယ်။

(၁) ဒေတာများကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်ခြင်း – အမျိုးမျိုးသော social media platforms, အိမ်ခြံမြေ website တွေကနေ ရယူထားတဲ့ အိမ်ခြံမြေအရောင်းစာရင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ၊ ရောင်းသူ/ဝယ်သူတွေကို ဆက်သွယ်ရမယ့် ကိုယ်ရေးအချက်အလက် အစရှိသည်တို့ကို CRM software လို တစ်နေရာတည်းမှာ တစုတစည်းတည်း ထိမ်းသိမ်းထားနိုင်လို့ လိုအပ်ချိန်တိုင်း အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ ဒါ့ကြောင့် ဒေတာ၊ အရောင်း/အဝယ်တွေရဲ့ အချက်အလက်တွေကို နေရာအနံ့အပြား လိုက်လံရှာဖွေနေစရာမလိုတော့ပါဘူး။

(၂) အလားအလာရှိတဲ့ အဝယ်တွေကို အလွယ်တကူကိုင်တွယ်နိုင်ခြင်း – အိမ်ခြံမြေ ဝယ်ယူဖို့ ရှာဖွေနေတဲ့ အဝယ်တွေကို ၄င်းတို့ရဲ့ စိတ်ပါဝင်စားမှု၊ ကြိုက်နှစ်သက်မှုနဲ့ အရောင်းအဝယ်ဖြစ်နိုင်ချေတွေအပေါ်မူတည်ပြီး သက်ဆိုင်တာ အိမ်ခြံမြေရှာဖွေနေမှုအခြေအနေအလိုက် ဦးစားပေးပြီး follow up လုပ်သင့်တဲ့ အဝယ်တွေကို မြင်သာစေမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အရေးကြီးပြီး အလျင်လိုတဲ့ အဝယ်တွေကို လက်လွတ်ဆုံးရှုံးရဖို့ အခွင့်အရေးနည်းသွားပြီး အရောင်းအဝယ်များများဖြစ်မယ့် အလားအလာကောင်းတွေ ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ပိုမိုတိုးတက်ကောင်းမွန်တဲ့ Customer Service ပေးလာနိုင်ခြင်း – Client/ Customers တွေရဲ့ ကိုယ်ရေးအချက်အလက်၊ ကြိုက်နှစ်သက်မှု နဲ့ ဦးစားပေးရှာဖွေမှု အစရှိတဲ့ အချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းထားတာကြောင့် ၄င်းတို့နဲ့ ကိုက်ညီမှုရှိတဲ့ အရောင်းစာရင်းတွေ ပို့ပေးဖို့၊ လိုအပ်တဲ့ ဆက်သွယ်မှု၊ follow upတွေ လုပ်ဆောင်ဖို့ CRM စနစ်က အလိုအလျောက် အသိပေးအောင် လုပ်ဆောင်ထားနိုင်ပါတယ်။ ဒီလိုဆိုရင် Customerတွေလိုအပ်ချက်အလိုက် ဖြည့်ဆည်းပေးနိုင်ပြီး ကိုက်ညီတဲ့ valueတွေ ပေးစွမ်းနိုင်တာကြောင့် ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုရရှိစေပြီး ရှေရှည်မှာ ခိုင်မာတိုးတက်ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်လာနိုင်မှာ အမှန်ပါပဲ။

(၄) မှန်ကန်ထိရောက်တဲ့ Marketing ပြုလုပ်နိုင်ခြင်း – CRM စနစ်က သက်ဆိုင်ရာမြို့နယ်၊ ပုဂ္ဂိုလ်ရေးရာ ကြိုက်နှစ်သက်မှု၊ လိုအပ်ချက်တွေကို ကဏ္ဍအလိုက် ခွဲခြားဖော်ပြပေးနိုင်လို့ မှန်ကန်မှုရှိတဲ့ Marketing strategyချမှတ်ဖို့၊ ထိရောက်တဲ့ campaign တွေလုပ်ဆောင်နိုင်ဖို့၊ မှန်ကန်တဲ့ communication channelတွေကို ရွေးချယ်အသုံးပြုပြီး အရောင်းစာရင်းတွေကြော်ငြာဖို့ လမ်းပြပေးနိုင်ပါတယ်။ ဒါ့ကြောင့် audience တွေကို သေချာမသိဘဲ မှားယွင်းတဲ့ Marketing မလုပ်မိဖို့ ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) အိမ်ခြံမြေရောင်းဝယ်မှု လုပ်ငန်းစဥ်ကို သက်သာထိရောက်စေနိုင်ခြင်း – အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ လိုအပ်တဲ့ စာရွက်စာတန်းကိစ္စ၊ ချိန်းဆိုညှိနှိုင်းမှု၊ ငွေလွှဲပြောင်းမှုနဲ့ Digital ဆိုင်ရာလိုအပ်ချက်တွေကို အခြားသော နည်းပညာဆိုင်တာ/ ဆော့ဝဲလ်တွေနဲ့ ပေါင်းစပ်အသုံးပြုပြီး ဖြေရှင်းနိုင်တာကြောင့် အမှားကင်းကင်းနဲ့ နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်စွာ လုပ်ကိုင်နိုင်ပါတယ်။

(၆) ဆန်းစစ်ချက်နှင့် အစီရင်ခံစာများဖော်ပြခြင်း – CRMစနစ်ဟာဆိုရင် ရောင်းအားအခြေအနေ၊ ဈေးကွက်အနေအထား၊ Customers တွေရဲ့ ကြိုက်နှစ်သက်မှု အစရှိသည်တို့ကို မြင်သာလာအောင် ဆန်းစစ်ချက်၊ ဒေတာအချက်အလက်တွေ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကွက်ပေါက်ဈေး၊ လုပ်ငန်းရဲ့ စွမ်းဆောင်ရည်၊ marketing strategy တွေကို ခြုံငုံသုံးသပ်ဖို့ အထောက်အကူပြုတဲ့ အစီရင်ခံစာတွေ ဖော်ပြပေးနိုင်လို့ ပိုမိုကောင်းမွန် ထိရောက်အောင် လုပ်ဆောင်နိုင်မယ့် လမ်းစကို သိမြင်စေပါတယ်။

(၇) နေရာမရွေး အချိန်မရွေး အသုံးပြုနိုင်ခြင်း – CRM software တွေကို ဖုန်းထဲမှာ ထည့်သွင်းပြီး internet ရှိရုံနဲ့ အချိန်မရွေး နေရာမရွေး အလွယ်တကူ ဒေတာတွေ ဝင်ရောက်ကြည့်ရှုနိုင်တာ၊ ဆက်သွယ်ချိတ်ဆက်နိုင်တာကြောင့် လမ်းသွားရင်း/ အိမ်ခြံမြေအဝယ်လိုက်ပြနေရင်း အသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေရာတည်းမှာပဲထိုင်ပြီး အလုပ်လုပ်နေစရာမလိုဘဲ၊ သွားရင်းလာရင်း ဒေတာပြန်ရှာရတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

(၈) စုပေါင်းလုပ်ဆောင်မှုစွမ်းရည်မြင့်မားစေခြင်း – အိမ်ခြံမြေလုပ်ငန်းထဲမှာရှိတဲ့ အဖွဲ့သားတွေ/ ဝန်ထမ်းတွေ အနေနဲ့လည်း CRM platfom တစ်ခုတည်းမှာ update အချက်အလက်ဖြည့်ဆည်းတာ၊ တာဝန်ခွဲဝေတာ စသဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး လုပ်ငန်းတွင်း အလွယ်တကူ ဆက်သွယ်ချိတ်နိုင်ခြင်းကြောင့် အချိန်ကုန်သက်သာကာ ထိထိရောက်ရောက် အချိတ်အဆက်မိမိ လည်ပတ်နိုင်ပါပဲ ဖြစ်ပါတယ်။

(၉) စည်းမျဥ်းစည်းကမ်း လိုက်နာမှု – CRM စနစ်သည် ဒေတာအချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းထားပြီး customerတွေရဲ့ အချက်အလက်တွေနဲ့ အရောင်းအဝယ် လုပ်ငန်းစဥ်ကိုလည်း လုံခြုံစွာ ထိန်းသိမ်းထားတာကြောင့် အိမ်ခြံမြေဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာရန် အကူအညီပေးပါတယ်။

(၁၀) ဈေးကွက်တိုးတက်နိုင်စွမ်း – CRM သည် လုပ်ငန်းစဥ်တွေကို အဟန့်အတားမဖြစ်စေဘဲ လုပ်ငန်းနဲ့အတူ အကျိုးဆောင်များ၊ အိမ်ခြံမြေများနှင့် customers တွေ အတူတကွ အသုံးပြုပြီး ပိုမိုကောင်းမွန်တိုးတက်တဲ့ ဈေးကွက်ဖြစ်ဖို့ အထောက်အကူပြုပေးတဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။

           ဒါ့ကြောင့် CRM သည် အိမ်ခြံမြေလုပ်ငန်းကို ရောင်းအားမြင့်တက်လာဖို့၊ customers တွေကို စိတ်ကျေနပ်စေနိုင်တဲ့ ဝန်ဆောင်မှုပေးဖို့၊ အချိန်ကုန်ငွေကုန် လူပင်ပန်းသက်သာပြီး လုပ်ငန်းကိုထိရောက်မှုရှိရှိ လည်ပတ်စေလာနိုင်ပြီး အိမ်ခြံမြေဈေးကွက်ထဲမှာလည်း ပြိုင်ဘက်ကင်း အသာစီးရကာ တိုးတက်စေလာနိုင်ပါပဲ ဖြစ်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အကျိုးဆောင်တွေအနေနဲ့ CRM စနစ်ကို တည်ဆောက်တဲ့အခါ လိုအပ်ချက် (ဥပမာ – client တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အရောင်းအဝယ်လုပ်ငန်းစဥ်တွေကို စစ်ဆေးသုံးသပ်ဖို့၊  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အိမ်ခြံမြေစာရင်းတွေကို စာအုပ်ထဲမှာ မှတ်ပြီး ခက်ခက်ခဲခဲ ပြန်ရှာနေရလား?လိုချင်တဲ့ အိမ်ခြံမြေကို ဝယ်ယူနိုင်ဖို့ အကြိုက်မတွေ့မချင်း တလမ်းဝင်တလမ်းထွက် ရှာဖွေနေရတုန်းလား?(ဆက်ဖတ်ရန် နှိပ်ပါ)......
     

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…