Zayyan

🔵 အိမ်ခြံမြေ စရန်ချတဲ့အခါ ဘယ်လောက်ချထားသင့်လဲ

👉 အိမ်ခြံမြေ အရောင်းအဝယ်တစ်ခု ဖြစ်ဖို့အတွက် ဈေးညှိပြီးသွားပြီ၊ စာရွက်စာတန်း စစ်ဆေးပြီးသွားပြီဆိုရင်တော့ စရန်ချမဲ့ အဆင့်ကို ရောက်လာပါပြီ။

ဒီမှာ မေးစရာရှိလာတာက စရန်ငွေကို ဘယ်လောက်ပေးချေတာ သင့်တော်မလဲ ဆိုတဲ့မေးခွန်းပါ။ အရောင်း အဝယ်တစ်ခုနဲ့ တစ်ခုကတော့ တူညီတာမျိုးမရှိလို့ စရန်ငွေကို ဘယ်လောက်ချရမလဲဆိုတာကို ပုံသေပြောလို့ မရပါဘူး။

ယေဘုယျအားဖြင့်ကတော့ စရန်ချတာကို စတိစရန် နှင့် စရန်စာချုပ်ကြီးဆိုပြီး ၂ ပိုင်းခွဲပြီး ချုပ်တတ်လေ့ရှိကြပါတယ်။ စတိစရန်ဆိုတာကတော့ ဈေးဆိုင်လို့ အဆင်ပြေသွားပြီဆိုရင် သိန်း ၅၀ ကနေ သိန်း ၂၀၀ အတွင်းကို ပေးလေ့ပေးထ ရှိပါတယ်။ သဘောကတော့ အဆင်ပြေသွားတဲ့ ဈေးနဲ့ အရောင်းအဝယ်ကို Confirm ဖြစ်ပါတယ် ဆိုတာမျိုးပါ။ စရန်စာချုပ်ကြီးကတော့ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းရဲ့ ၂၀-၃၀ ရာခိုင်နှုန်းလောက်ကို ပေးတာပါ။ ဥပမာ သိန်း ၅၀၀၀ တန်တဲ့ ခြံဆိုရင်တော့ သိန်း ၁၀၀၀ လောက်ကို စရန်စာချုပ်ကြီးချုပ်ဆိုတဲ့ အခါ ပေးလို့ရပါတယ်။ တစ်ခြို့ကျတော့လည်း သိန်း ၄၀၀-၅၀၀ နဲ့ ချုပ်ဆိုတာမျိုးလဲ ရှိပါတယ်။

စတိစရန်မပေးဘဲ စရန်စာချုပ်ကြီးချုပ်ဆိုမယ်ဆိုရင်လဲ ချုပ်ဆိုလို့ ရပါတယ်။ စာရန်စာချုပ် မချုပ်ဆိုခင်မှာ စာရွက်စာတန်း မှန်ကန်မှု သေချာစစ်ဆေးဖို့ လိုပါတယ်။ ပြီးတော့ Payment Plan ကိုလဲ ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူတဲ့ စာချုပ်မျိုးဖြစ်ရပါမယ်။ ဘယ်အရစ်ကို ဘယ်အချိန်မှာ ဘယ်လောက်ပေးရမလဲ ဆိုတာကို စာချုပ်မှာ သေချာ ရေးသင့်ပါတယ်။

စရန်ချတဲ့အခါ ငွေကို နည်းနည်ဘဲပေးချေမယ်ဆိုရင် ရောင်းသူက ကိုယ့်ထက်ပိုပြီးပေးတဲ့သူရှိရင် သူက လက်ရှိစရန်ကို ပယ်ဖျက်ပြီး ငွေပိုပေးတဲ့ အဝယ်ကို ရောင်းနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် စရန်ချတဲ့အခါ စရန်ကို အလွယ်တစ်ကူ ပယ်ဖျက်လို့ မရနိုင်တဲ့ ငွေပမာဏ တစ်ခုကို ပေးတာ ပိုပြီးသင့်တော်ပါတယ်။

ဝယ်သူအနေနဲ့ စာချုပ်ထဲမှာ မဖြစ်မနေထည့်ရမဲ့ ကိစ္စကတော့ ရောင်းခွန်ကို ရောင်းသူက ဆောင်ရပါမယ် (သို့) ဒီ အိမ်ခြံမြေနဲ့ ပက်သပ်ပြီး အရှုပ်အရှင်း တစ်ခုခုရှိပါက ရောင်းသူဘက်မှ အခကြေးငွေ ထပ်တောင်းခံခြင်းမရှိဘဲ အားလုံး ပြေလည်သွားတဲ့ အထိ တာဝန်ယူ ဖြေရှင်းပေးပါမယ်ဆိုတာမျိုးကို စရန်စာချုပ်ထဲမှာ ထည့်သွင်းရေးသားသင့်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

ပိုမိုဖတ်ရှုရန် နှိပ်ပါ....(Click to read more..)

(Buyer blog posts)
  • အရောင်းအဝယ်လုပ်ပြီးတာနဲ့ မိမိကိုယ်တိုင် အမည်ဖေါက်ချင်တယ်ဆိုရင် မြေဂရန်မူရင်း၊ အရောင်းအဝယ်စာချုပ်နှင့် ဝယ်သူရဲ့ မှတ်ပုံတင်ကို ယူပြီး မြို့တော်ခန်းမသို့သွားကာမြေဂရန်အမည်ပြောင်း လျှောက်ထားရပါမယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း လုံးဝမဆောက်သင့်ပါဘူး။ အိမ်ဘယ်လောက်ဘဲ ကောင်းကောင်း ဘေး ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ဒီအိမ်က ရောင်းထွက်ဖို့ ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

 

(Buyer blog posts)
  • အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Zayyan app တွင် ပါဝင်သော ကာလပေါက်စျေး စျေးကွက်သုံးသပ်ချက် စနစ် သည် အရောင်းတင်ထားသော အိမ်ခြံမြေများကို ရပ်ကွက်အလိုက် ပျှမ်းမျှလက်ရှိပေါက်စျေးများကို ဖော်ပြထားသောကြောင့် အိမ်ခြံမြေ ဝယ်လိုသူများအနေဖြင့် ကာလစျေးကွက် များကို သုံးသပ်နိုင်မည်ဖြစ်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRM (Customer Relationship Management) သည် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 63