👉 ၂ဝ၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅တွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက်အသုံးပြုသည့် ဝင်ငွေမှာ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေပေါ်တွင်လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်းအတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ထို့ကြောင့် အိမ်၊ မြေ၊ တိုက်ခန်းများဝယ်ရာတွင် အသုံးပြုသောငွေမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေ ဖြစ်နေလျှင် ယင်းဝင်ငွေ အပေါ် ဝင်ငွေခွန်စည်းကြပ်ခံရမည်ဖြစ်ပေသည်။
👉 သို့ရာတွင် အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ရာတွင် အသုံးပြုသော ငွေထဲ၌ ဝင်ငွေရလမ်းတင် ပြနိုင်သည့် ဝင်ငွေပါရှိနေပါက ယင်းဝင်ငွေ ကို နုတ်၍ ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေအပေါ်တွင်သာ အောက်ပါနှုန်းထားအတိုင်း ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
👉 ဆိုလိုသည်မှာ – အိမ်၊ မြေ၊တိုက်ခန်းများ ဝယ်ယူရာတွင် အသုံးပြုသော ဝင်ငွေမှာ ယခင်က အခြေပစ္စည်း အိမ်၊ မြေ၊တိုက်ခန်း အပါအဝင် မော်တော်ကား စသဖြင့် အခိုင်အမာ ပစ္စည်းများ ရောင်းချစဉ်၊ တရားဝင်အခွန်စည်း ကြပ်ထားပြီးသောငွေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သည့်ဝင်ငွေကို သုံး စွဲကြောင်း အခွန်ထမ်းမှ တင်ပြခွင့် ရှိပေသည်။
👉 ထိုအခါ အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ယူသည့် ဝင်ငွေထဲမှ ယခင်က ပစ္စည်းရောင်းချ၍ အခွန် စည်းကြပ်ထားသော ဝင်ငွေကိုနုတ် ပြီး ကျန်ရှိသည့်ဝင်ငွေအပေါ် အောက်ပါနှုန်းထားအတိုင်းထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။
👉 ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော၊ အခွန်စည်းကြပ်ထားခြင်းမရှိသော ငွေမှာ –
ထို့ပြင် ယင်းဥပဒေ ပုဒ်မ ၂၅ ၌ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူရာတွင် အသုံးပြုသော ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိ အကျတင်ပြနိုင်ပါက ဝင်ငွေ ခွန်ထမ်းဆောင်ရန် မလိုဟု ဖော်ပြထားပေသည်။
👉 ဆိုလိုသည်မှာ – အိမ်မြေ၊ တိုက်ခန်း ဝယ်ယူရာတွင် သုံးစွဲသည့် ငွေကြေးပမာဏမှာ ယခင်က အိမ်မြေ တိုက်ခန်း မော်တော်ကား စသဖြင့် ခိုင်မာသည့် ပစ္စည်းရောင်းချခဲ့စဉ် အခွန်စည်းကြပ်ထားပြီးဖြစ်သော ဝင်ငွေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဥပမာ- ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခုဖြင့် ရရှိထားသောဝင်ငွေအပေါ်အခွန်စည်းကြပ်ထားပြီး ဖြစ်သည့် ဝင်ငွေပမာဏအောက် လျော့နည်းနေပါက ထပ်မံအခွန် ထမ်းဆောင်ရန် မလိုအပ်တော့ဘဲ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်ရမည်ဖြစ်သည်။
👉 ထို့ကြောင့် မိမိထမ်း ဆောင်ရမည့် ဝင်ငွေခွန်များကို မှန်မှန်ထမ်းဆောင်ခြင်းဖြင့် ရရှိလာသော ဝင်ငွေများအား အိမ်၊မြေ၊ တိုက်ခန်း စသည့် အခြေပစ္စည်းများကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ်များ အဆက်မပြတ်ရရှိလာမည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။
crd to original writer –
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…