🔵 အိမ်ခြံမြေ CRMကို အသုံးပြုရာတွင် တွေ့ရသော အမှားများနှင့် ရှောင်ကြဥ်ရမည့် အရာများ

နိဒါန်း
အိမ်ခြံမြေလုပ်ငန်းတွေမှာ CRM စနစ်ကို အသုံးပြုတဲ့အခါ လုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုကို ထိခိုက်စေနိုင်တဲ့ ပြုလုပ်တတ်ကြတဲ့ အမှားတွေနဲ့ ရှောင်ကြဥ်ရမယ့် အချက်တွေရှိပါတယ်။
(၁) မှန်ကန်တဲ့ CRMစနစ်ကို မရွေးချယ်တတ်ခြင်း
လုပ်ငန်းနဲ့ ကိုက်ညီမှုမရှိတဲ့ နည်းစနစ်ရွေးချယ်မိခြင်း၊ အိမ်ခြံမြေလုပ်ငန်းသီးသန့်အတွက် သက်ဆိုင်မှုရှိတဲ့ လုပ်ဆောင်ချက်မပါဝင်တဲ့ စနစ်ကို ရွေးချယ်မိခြင်းက လုပ်ငန်းလိုအပ်ချက်ကို သေချာမသိတဲ့အခါမှာ မှားတတ်တဲ့ အရာတစ်ခုဖြစ်လို့ အိမ်ခြံမြေလုပ်ငန်းရဲ့ လိုအပ်ချက်ကို သေချာနားလည်အောင် မလေ့လာဘဲ CRMစနစ် ရွေးချယ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
(၂) လုံလောက်သော လေ့ကျင့်မှုမပေးခြင်းနှင့် အသုံးမပြုနိုင်ခြင်း
CRM စနစ်ကို အသုံးပြုသူ အဖွဲ့သားတွေအား ထိရောက်ရှင်းလင်းစွာ နားလည်သဘောပေါက်အောင် ရှင်းပြပြီး လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုမပေးခြင်းက လက်တွေ့ CRM စနစ်ကို ကျင့်သုံးတဲ့အခါ အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် CRMရဲ့ အကျိုးကျေးဇူးတွေကို နားလည်အောင် ရှင်းပြပြီး လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှုတွေမပေးဘဲ လက်တွေ့ ကျင့်သုံးစေချင်းကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။
(၃) CRMစနစ်ကို ရှုပ်ထွေးစွာ စီမံချမှတ်ခြင်း
CRMစနစ်မှာ မလိုအပ်တဲ့ နယ်ပယ်၊ လုပ်ဆောင်ချက်၊ လုပ်ငန်းစဥ်တွေကို ထည့်သွင်းထားခြင်းက စနစ်ကို အသုံးပြုဖို့ ခက်ခဲသွားစေပြီး အလုပ်ပိုသွားစေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အဓိက လုပ်ဆောင်ချက်တွေကိုသာ အဓိက ဦးစားပေးပြီး CRM ကို ရိုးရှင်းစွာ စီမံထားဖို့ လိုပါတယ်။
(၄) ဒေတာအချက်အလက်တွေရဲ့ အရည်အသွေးကို မေ့လျှော့ထားခြင်း
အိမ်ခြံမြေစာရင်း အချက်အလက်အမှားတွေ၊ ရောင်းထွက်သွားတဲ့ စာရင်းတွေနဲ့ အဝယ်နားသွားတဲ့ သူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားမိခြင်းက ဒေတာတွေရဲ့ Qualityကို အရေးမထားရာ ကျပါတယ်။ ဒါကြောင့် အရောင်းစာရင်း၊ အဝယ်စာရင်းတွေကို အပြောင်းအလဲတစ်စုံတစ်ရာရှိမရှိ comfirm/update လုပ်နေဖို့ လိုအပ်ပါတယ်။
(၅) သက်ဆိုင်ရာ လုပ်ငန်းအလိုက် သင့်တော်ကိုက်ညီအောင် မချမှတ်နိုင်ခြင်း
လုပ်ငန်းလိုအပ်ချက်၊ လည်ပတ်မှုနဲ့ လုပ်ငန်းစဥ်အလိုက် အံဝင်ခွင်ကျဖြစ်တဲ့ CRM စနစ်ကို ညှိယူချမှတ်နိုင်ခြင်းမရှိဘဲ ယေဘုယျဆန်ဆန် အသုံးပြုခြင်းက စနစ်ကို ထိရောက်မှု မရှိစေနိုင်ပါဘူး။ ဒါကြောင့် မိမိလုပ်ငန်းရဲ့ လည်ပတ်မှုပုံစံ၊ လုပ်ငန်းစဥ်နဲ့ အရောင်းအဝယ် သဘောသဘာဝအလျောက် သင့်တော်အောင် ညှိယူ တည်ဆောက်ရမှာ ဖြစ်ပါတယ်။
(၆) မိုဘိုင်းစနစ်ကို ထည့်သွင်းစဥ်းစားမှု မရှိခြင်း
အလွယ်တကူ မိုဘိုင်းဖုန်းနဲ့ အသုံးပြုလို့မရတဲ့ CRM စနစ်၊ မိုဘိုင်းဖုန်းနဲ့ အလွယ်တကူအသုံးပြုနိုင်တဲ့ အကျိုးကျေးဇူးကို အသုံးမချခြင်းက လွယ်ကူလျင်မြန်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်းသွားရင်းလာရင်းဖြစ်ဖြစ် အချိန်တိုင်း နေရာတိုင်း အလွယ်တကူသုံးလို့ရနဲ့ မိုဘိုင်းစနစ်ကို CRM မှာ ထည့်သွင်းသင့်ပါတယ်။
(၇) အလိုအလျောက်လုပ်ဆောင်မှုစနစ်ကို ထည့်သွင်းရန်မေ့လျော့ခြင်း
အရောင်း/အဝယ်တွေနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ရင်းနှီးမှုတည်ဆောက်ရန်၊ ချိန်ဆိုမှုတွေကို သတိပေးခြင်း၊ follow up လိုက်ခြင်းတို့ကို features တွေကို မထည့်သွင်းထားခြင်းက Client အများကြီးကို သတိတရ ဆက်သွယ်ဖို့ မေ့လျော့စေတတ်သလို ပြပြီး အိမ်ခြံမြေဒေတာတွေကို ထပ်ပို့ပေးတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ပြီးသားအလုပ်ကို ထပ်ခါထပ်ခါ မလုပ်မိဖို့နဲ့ Client တွေနဲ့ အမြဲ အချိတ်အဆက်မိနေစေဖို့ အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။
(၈) ရောင်းအားတစ်ခုတည်းကိုပဲ အဓိကထားမိခြင်း
CRM စနစ်ကို အကောင်အထည်ဖော်တဲ့အခါ ရောင်းအားကောင်းဖို့ အတွက်ကိုပဲ အလေးထား ဦးစားပေးခြင်းက Client တွေနဲ့ ရေရှည်မှာ ခိုင်မာတည်မြဲတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ကို လစ်ဟင်းစေတတ်ပါတယ်။ CRMစနစ်ကို ရောင်းအားတက်ဖို့၊ အရောင်းအဝယ်တစ်ခုဖြစ်ပြီးရုံနဲ့ ပြီးသွားတာမဟုတ်ဘဲ ရောင်းပြီး ပြန်ဝယ်မယ့်သူတွေနဲ့ ဝယ်ပြီး ပြန်ရောင်းမယ့် သူတွေနဲ့လည်း ရေရှည်အတွက် ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
(၉) CRM စနစ်ကို အခြားသော ဝန်ဆောင်မှု/ပံ့ပိုးသူ/softwear တွေနေနဲ့ တွဲဖက်အသုံးပြုလို့ရအောင် မပြုလုပ်ခြင်း
CRM စနစ်ကို email marketing platforms, အိမ်ခြံမြေဒေတာ ဝန်ဆောင်မှု လုပ်ငန်းတွေ, acconting softwareတွေလို တွဲဖက်ပြီး အသုံးပြုနိုင်ခြင်းက လုပ်ငန်းကို ပိုမိုတွင်ကျယ်စေပါတယ်။ ဒါကြောင့် CRMစနစ်ကို လက်ရှိအသုံးပြုနိုင်တဲ့ အရာတွေအပြင် အခြားသော လုပ်ငန်းကို အကျိုးပြုမယ့် အရာတွေနဲ့ တွဲဖက်သုံးစွဲလို့ရအောင်လည်း ဖန်တီးထားသင့်ပါတယ်။
(၁၀) အကျိုးထိရောက်မှုကို ပုံမှန် ပြန်လည်ဆန်းစစ်မှု မရှိခြင်း
လုပ်ငန်းအတွက် တည်ဆောက်ချမှတ်ထားတဲ့ CRM စနစ်က လက်တွေ့မှာ အကျိုးသက်ရောက်မှု အခြေအနေကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်တဲ့ ညှိနှိုင်း ပြုပြင်မှုမရှိခြင်းက စနစ်ရဲ့ အကျိုးသက်ရောက်မှု အလုပ်တွင်မှု ရှိမရှိကို မသိနိုင်ပါဘူး။ ဒါ့ကြောင့် CRM စနစ်ရဲ့ လုပ်ဆောင်ချက် အခြေအနေကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိယူဖို့ လိုအပ်ပါတယ်။
အထက်ပါအချက်အလက်နဲ့ အမှားတွေကို ရှောင်ရှားပြီး လိုအပ်တဲ့ ကျင့်သုံးမှုတွေ လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ အိမ်ခြံမြေ CRM ရဲ့ အကျိုးအမြတ်တွေကို မြင့်မားစေနိုင်ပြီး လုပ်ငန်းရဲ့ ထိရောက်မှုကို တိုးတက်စေကာ Client တွေရဲ့ စိတ်ကျေနပ်မှုကို ဖြည့်ဆည်းပေးနိုင်ပြီး လုပ်ငန်းတစ်ခုလုံးကို အောင်မြင်တိုးတက်စေလာနိုင်မှာပဲ ဖြစ်ပါတယ်။
- CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
- ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် (ဆက်ဖတ်ရန် နှိပ်ပါ)……
CRM by Zayyan ဆိုတာကို မပြောခင် CRMအကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)......
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…