အိမ်ဝယ်တော့မယ်ဆို ရွေးချယ်မှုမှန်ကန်အောင် ပြင်ဆင်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါမှလည်း ကိုယ့်ရွေးချယ်မှုက ကိုယ့် Life Style နဲ့ ကိုယ့် မိသားစုအတွက် အကောင်းဆုံးဖြစ်တဲ့အိမ်ကို ရွေးချယ်နိုင်မှာပါ။
ရွေးချယ်မှုမှန်ကန်အောင် ဘာတွေပြင်ဆင်ထားသင့်လဲ? ဘာတွေသိထားသင့်လဲ? ပြီးတော့ ကိုယ်နဲ့ ကိုက်ညီမဲ့ အိမ်တစ်လုံးကို ဘယ်လိုရွေးချယ်ရမလဲ? ဆိုတာတွေကို ဒီ Post မှာ ပြောပြပေးသွားပါမယ်။
ကိုယ်နဲ့ အသင့်တော်ဆုံး အိမ်တစ်လုံးရှာဖို့အတွက် ပထမဆုံး ဆုံးဖြတ်ရမယ့်ကိစ္စသည် ဝယ်မယ့်အိမ်မှာ မရှိမဖြစ် လိုအပ်တဲ့အရာများ (Must-have Features) နဲ့ လိုချင်တဲ့အရာများ (Nice-to-have Features) ကို သိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လိုအပ်တာ၊ ကိုယ်လိုချင်တာတွေကို သိထားတယ်ဆိုရင် မိသားစုဝင်အချင်းချင်း အလွယ်တကူတိုင်ပင်ပြီး အိမ်ရှာနိုင်သလို၊ အကျိုးဆောင်တစ်ယောက်ကို မိမိလိုအပ်ချက်တွေသေသေချာချာပြောပြထားရင်လည်း အကျိုးဆောင်ဘက်ကလည်း မိမိလိုအပ်ချက်နဲ့ အကိုက်ညီဆုံး အိမ်ကို အလွယ်တကူ ရှာပေးနိုင်ပါတယ်။
မရှိမဖြစ်လိုအပ်တဲ့အရာ (Must-have Features) တွေက ဘာတွေလဲ? –
လူတိုင်းလူတိုင်းက ကိုယ်ပိုင်လိုအပ်ချက်တွေရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက်လိုအပ်ချက်တွေက မတူညီကြပါဘူး။ ဥပမာ – မိသားစုဦးရေများတဲ့ မိသားစုတွေဆို အိပ်ခန်းများများနဲ့ အိမ်ကိုလိုချင်ကြသလို၊ မိသားစုဦးရေ နဲတဲ့သူတွေ အတွက်ကျတော့ အိပ်ခန်းနဲတဲ့ Condo တွေကို လိုချင်ကြပါတယ်။ အိမ်မှာနေပြီး ရုံးတက်ပြီး Work From Home လုပ်ရတဲ့ သူတွေ အတွက် ကတော့ အနောက်အယှက်ကင်းပြီး တိတ်ဆိတ်တဲ့ Home Office မျိုးရနိုင်တဲ့ Condo မျိုးကို လိုချင်ကြသလို၊ ကျောင်းကောင်းကောင်း ရပ်ကွက်သန့် သန့် ကို လိုချင်ကြတဲ့ သူတွေအတွက်ကတော့ Location ကောင်းတဲ့ အိမ်မျိုးကို လိုချင်ကြပါတယ်။
အိမ်ဝယ်ဖို့အတွက် Must-have Features တွေကို List လုပ်တဲ့အခါ ကိုယ့် မိသားစု ဒါမှမဟုတ် ကိုယ့် Life Style, ကိုယ့် ရှေ့ရေး (Future Plan)၊ ကိုယ်သုံးမဲ့ Budget တွေကို ထည့်သွင်း စဥ်းစားပြီး ကိုယ်နဲ့ အသင့်တော်ဆုံးအိမ်မျိုးကို ရွေးချယ်သင့်ပါတယ်။
*လိုချင်တဲ့အရာ (*Nice-to-have Features) တွေက ဘာတွေလဲ? –
Nice-to-have Features တွေကတော့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေ မဟုတ်တဲ့အတွက် အိမ်တစ်အိမ်ကိုရွေးချယ်တဲ့အခါ ဒုတိယ ဦးစားပေးအနေနဲ့ ပဲ စဥ်းစားသင့်ပါတယ်။ ဥပမာ – မိသားစုနည်းပေမဲ့ အိပ်ခန်းအပို လိုချင်တာမျိးတို့၊ ရေကူးကန်လိုချင်တာမျိုးတို့၊ အသင့်တက်နေနိုင်တဲ့ Fully Furnished အိမ်မျိုးကိုလိုချင်တာမျိုးတို့၊ အစရှိတဲ့ Features တွေကတော့ မရှိမဖြစ် ရှိရမဲ့ အရာတွေတော့မဟုတ်ဘူး၊ ဒါပေမဲ့ ရှိရင်တော့ ကောင်းတာပေ့ါ ဆိုတဲ့ Features မျိုးတွေပါ။
ဒီ Must-have Features နဲ့ Nice-to-have Features တွေကို မိသားစုဝင်နဲ့ဘဲ ဖြစ်ဖြစ် အကျိုးဆောင်တစ်ယောက်နဲ့ဘဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းတိုင်ပင်နိုင်အောင်၊ ဥပမာ List တစ်ခု ပြင်ဆင်ပေးထားပါတယ်။
မိမိအတွက် အိမ်တစ်လုံးရွေးချယ်တော့မယ်ဆိုရင် List လုပ်ထားရမဲ့ Must-have Features နဲ့ Nice-to-have Features များ –
မိမိလိုချင်တဲ့ အိမ်ပုံစံမျိုး (Type of Home)
အိမ်ဖွဲ့စည်းပုံ (Floor Plan)
မိမိသုံးမည့် Budget
ပါဝင်သည့်အရာများ (Features) | လိုအပ်သည့်အရာများ (Must-have Features) | လိုချင်သည့်အရာများ (Nice-to-have Features) |
---|---|---|
အိပ်ခန်းအရေအတွက် | Master Bedroom ၂ ခန်းနှင့် Single Bedroom ၁ ခန်း | Master Bedroom ၅ ခန်း |
ရေချိုးခန်းပုံစံ | Common Bathroom အနည်းဆုံး တစ်ခန်းပါရမည်။ | Master Bedroom ထဲမှာရှိတဲ့ ရေချိုးခန်းများတွင် Bathtub ပါရမည်။ |
ဧည့်ခန်း | လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းသော ဧည့်ခန်းဖြစ်ရမည်။ | စီလင်မြင့်သော ဧည့်ခန်းဖြစ်ရမည်။ |
မီးဖိုချောင် | Kitchen Counter နှင့် Cabinet များပါဝင်ရမည်။ | အညှော်စုတ်စက်၊ Gas မီးဖိုများပါဝင်ရမည် |
Air Con | အိပ်ခန်းတိုင်းတွင် Air Con ရှိရမည်။ | အိပ်ခန်းသာမက မီးဖိုချောင်နှင့် ဧည့်ခန်းများတွင် Air Con ရှိရမည်။ |
Car Parking | ကား ၁ စီးစာ ပါကင်ရှိရမည် | ကား ၃ စီးစာ ပါကင်ရှိရမည် |
Location | International School များနှင့် နီးရမည် | ကျောင်း၊ ဆေးရုံနှင့် Shopping Mall နှင့် နီးရမည် |
ကိုယ်တကယ်လိုအပ်တဲ့ Features တွေနဲ့ လိုချင်တဲ့ Features တွေကို ဒီလို List မျိုးနဲ့ ချရေးထားမယ်ဆို အိမ်လိုက်ကြည့်တဲ့ အခါမှာ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်ကို ရှာရတာ ပိုပြီးလွယ်ကူပါမယ်။ အကျိုးဆောင်နဲ့ အိမ်ဝယ်မယ်ဆိုရင်လည်း အကျိုးဆောင်ဘက်က အိမ်လိုက်ရှာပေးရတာ ပိုပြီးမြန်ပါမယ်။
ဒီ List အတိုင်း အိမ်လိုက်ရှာပြီးသွားလို့ ကိုယ့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အိမ်တွေ့ပြီဆိုရင်တော့ ဒီအိမ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ဈေးကွက်ပေါက်ဈေးနဲ့ ကိုက်ညီမှုရှိမရှိ အစရှိတဲ့အရာတွေကို မဝယ်ခင်မှာ လေ့လာသင့်ပါတယ်။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…