🔵 အကျိုးဆောင်များအတွက် CRM တည်ဆောက်ခြင်း လမ်းညွှန်

နိဒါန်း
အကျိုးဆောင်တွေအနေနဲ့ CRM စနစ်ကို တည်ဆောက်တဲ့အခါ လိုအပ်ချက် (ဥပမာ – client တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အရောင်းအဝယ်လုပ်ငန်းစဥ်တွေကို စစ်ဆေးသုံးသပ်ဖို့၊ အရောင်းဒေတာတွေကို စနစ်တကျ စုစည်းထိန်းသိမ်းဖို့) အပေါ်မူတည်ပြီး သုံးသပ်တည်ဆောက်မှသာ အကျိုးရှိပြီး အမှတ်တကယ် ဖြေရှင်းဖို့ လိုအပ်တဲ့ အခက်အခဲကို ပြေလည်စေမှာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့ အောက်ပါအဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
၁. CRM တည်ဆောက်ရခြင်း၏ ရည်ရွက်ချက်ကို သတ်မှတ်ပါ။
ပထမဆုံးအဆင့်အနေနဲ့ CRM တည်ဆောက်ရခြင်း အကြောင်းအရာ၊ ရည်ရွယ်ချက်ကို သတ်မှတ်ပြီး ဒီCRMစနစ်ကို တစ်သီးပုဂ္ဂလအကျိုးဆောင်တစ်ယောက်တည်းက သုံးမှာလား?၊ အဖွဲ့ဝင်အနည်းငယ်နဲ့ teamအနေနဲ့ အသုံးပြုမှာလား? ဒါမှမဟုတ် အကျိုးဆောင်ကုမ္ပဏီကြီး အသုံးပြုမှာလား? ဆိုတာကို ဆန်းစစ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။
၂. အိမ်ခြံမြေလုပ်ငန်းအတွက် အောက်ပါ အကြောင်းအရာတွေလို သီးသန့် features တွေ စုံစုံလင်လင်ပါဝင်အောင် ထည့်သွင်းစီမံရန် လေ့လာဆန်းစစ်မှုလုပ်ပါ။
Lead Management (အရောင်းအဝယ်စာရင်းကို စီမံခန့်ခွဲခြင်း): အမျိုးမျိုးသော social media၊ website၊ အိမ်ခြံမြေ platform နဲ့ ဖုန်းအားဖြင့် ဆက်သွယ်မှုတွေလို နေရာစုံကနေ ရောက်ရှိလာတဲ့ အဝယ်/အရောင်းတွေကို သက်ဆိုင်ရာစိတ်ဝင်စားမှုအလိုက် ပိုင်ခြားသတ်မှတ် စုစည်းထားရပါမယ်။
Property Listings (အိမ်ခြံမြေစာရင်းများ): အိမ်ခြံမြေအရောင်းစာရင်းများကို သက်ဆိုင်ရာ ပိုင်ဆိုင်မှု အသေးစိတ်/ အချက်အလက် အပြည့်အစုံနှင့်တကွက် ဓာတ်ပုံ၊ ဗီဒီယိုများကိုပါ တစုတစည်းတည်း ထည့်သွင်း ထိန်းသိမ်းထားရပါမည်။
Client Profiles (အဝယ်ရဲ့ ကိုယ်ရေးအချက်အလက်များ): အဝယ်တွေလိုချင်တဲ့ အိမ်ခြံမြေဆိုင်ရာ အချက်အလက်၊ ကြိုက်နှစ်သက်မှု၊ ဆက်သွယ်မှုမှတ်တမ်း၊ အိမ်ခြံမြေ ရှာဖွေမှုမှတ်တမ်းတွေကို စုစည်းပြီး profile တည်ဆောက်ရပါမည်။
Transaction Management (အရောင်းအဝယ်လုပ်ငန်းစဥ် စီမံခန့်ခွဲမှု): စာချုပ်စာတန်းဆိုင်ရာလုပ်ငန်းစဥ်၊ ငွေပေးချေမှုအဆင့်ဆင့်တို့ကို မှတ်သားစောင့်ကြည့်ရပါမည်။
Calendar Integration (ကြိုတင်စီစဥ် မှတ်သားထားခြင်း): ချိန်းဆိုထားတဲ့ Appointment၊ ဖုန်းခေါ်ဆိုမှု၊ follow upလုပ်ဆောင်မှု အစရှိတာတွေကို ကြိုတင်မှတ်သားပြီး အချိန်မီလုပ်ဆောင်နိုင်အောင် သတိပေးချက်တွေ ထားရှိထားရပါမည်။
Automated Notifications (အလိုအလျောက် သတိပေးချက်): Client တွေကို follow upလုပ်ရမယ့်အချိန်၊ ဒေတာအသစ်တွေရချိန်၊ အရောင်းအဝယ်အဆင့်တွေကို အလိုအလျောက်အချက်ပေးတဲ့ စနစ်ပြင်ဆင်ထားရပါမည်။
Reporting and Analytics (ဝေဖန်ပိုင်းခြားသုံးသပ်ခြင်းနှင့် အစီရင်ခံစာတင်ပြခြင်း): ရောင်းအားအခြေအနေ၊ အိမ်ခြံမြေဝယ်ယူဖို့ စိတ်ဝင်စားနေရာကနေ တကယ့်အဝယ်ဖြစ်သွားတဲ့ ပြောင်းလဲမှုနှုန်းနဲ့ ရင်းနှီးမြှုပ်နှံလိုက်တဲ့အပေါ်မှာ ပြန်ရချက် (ROI) တွေရဲ့ အခြေအနေကို စောင့်ကြည့်သုံးသပ်ပြီး အစီရင်ခံတင်ပြနိုင်ဖို့ ပြင်ဆင်ရပါမည်။
Mobile Accessibility (မိုဘိုင်းဖုန်းမှ အသုံးပြုနိုင်မှု): အကျိုးဆောင်လုပ်ငန်းတာဝန်တွေကို အချိန်မရွေး မိုဘိုင်းဖုန်းကနေ လုပ်ကိုင်နိုင်တဲ့ အနေအထားမျိုး ဖြစ်ရပါမည်။
၃. သင့်တော်တဲ့ နည်းပညာကို ရွေးချယ်ပါ။
ဒေတာတွေကို ထည့်သွင်းသိမ်းဆည်းထားဖို့ Google Cloud service တို့လို storage ရွေးချယ်အသုံးပြုမှု၊ အရောင်းစာရင်းတွေကို Google Mapနဲ့ ကြည့်ရှုနိုင်ဖို့ နဲ့ အဝယ်တွေဆီကို အလိုအလျောက်စာတိုပေးပို့ခြင်းတို့လို နည်းပညာတွေနဲ့ ပေါင်းစပ်ဖို့ မိမိတို့လုပ်ငန်းနဲ့ သင့်တော်ရာကို ရွေးချယ်ခြင်းတို့အပြင် Mobile Appတွေကို အသုံးပြုနိုင်ပါသည်။
၄. အသုံးပြုရလွယ်ကူစေမယ့် စာမျက်နှာပုံစံမျိုး ဖြစ်ရပါမည်။
နည်းပညာ/ smart ဖုန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသူများလည်း အလွယ်တကူ အသုံးပြုနိုင်တဲ့ Application မျိုး ဖြစ်အောင် design ဆွဲထားရပါမည်။ ဒါ့အပြင် အရောင်းစာရင်း၊ Appointment၊ အိမ်ခြံမြေစာရင်း ရှာဖွေနိုင်မှု၊ ရောင်းသူ/ဝယ်သူစာရင်းတွေနဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ပင်မစာမျက်နှာမှာတင် အလွယ်တကူ ကြည့်ရှုအသုံးပြုနိုင်တဲ့ Application/ interface မျိုး ဖြစ်မှသာ လုပ်ငန်းထိရောက်တွင်ကျယ်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အကျိုးဆောင်လုပ်ငန်းစဥ်တွေရဲ့ ရှုပ်ထွေးမှုအပြင် Application အသုံးပြုရခက်တဲ့ ဒုက္ခပါ ပိုတိုးလာနိုင်ပါတယ်။
၅. အလိုအလျောက်လုပ်ဆောင်မှုစနစ်ကို ထည့်သွင်းအသုံးပြုပါ။
Clientတွေရဲ့ အိမ်ခြံမြေရှာဖွေနေမှု အခြေအနေပေါ်မူတည်ပြီး သင့်တော်ရာ စာတို messageပေးပို့ခြင်း၊ follow upလုပ်ခြင်းတွေကို အလိုအလျောက်ပေးပို့နိုင်တဲ့ စနစ်ဖြစ်အောင် ထည့်သွင်းပြင်ဆင်ထားသင့်ပါတယ်။ (ဥပမာ – အိမ်လိုက်ပြရမယ့်ရက်၊ စာချုပ်ချုပ်ရမယ့်ရက်တွေလို Appointment တွေ၊ အရေးကြီးကိစ္စရပ်တွေအတွက် မမေ့ရလေအောင် ကြိုတင် စီစဥ်ပြီး သတိပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်)
၆. ပူးပေါင်းဆောင်ရွက်မှုကို အကောင်းဆုံး ဖြစ်စေပါ။
အသင်းအဖွဲ့နဲ့ လုပ်ကိုင်ကြတဲ့ အကျိုးဆောင်များ၊ ကုမ္ပဏီကြီးများအနေနဲ့ shared calendar၊ task များဖြင့် အတူအတကွပူးပေါင်းလုပ်ကိုင်ကြပြီး စာရွက်စာတန်း၊ မှတ်တမ်းတွေကို system တစ်ခုအတွင်းမှာ အပြန်အလှန် sharing လုပ်ပြီး ပြင်ဆင်နိုင်အောင် ပြုလုပ်ရပါမည်။ အဝယ်/ အရောင်းတွေနဲ့ ဆက်သွယ်မှုများကို မှတ်တမ်းတင်ထားပြီး ဆက်သွယ်ချိတ်ဆက်မှု အဆင့်/ အခြေအနေတွေကို ကြည့်ရှုလို့ရအောင်လည်း ပြုလုပ်ထားမှသာ နောက်တစ်ခေါက်ဆက်သွယ်မယ့် နောက်လူအတွက် အဆင်ပြေပြေ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
၇. လုံခြုံရေးနဲ့ စည်းကမ်းလိုက်နာမှုကို ဖော်ပြပါ။
Client တွေရဲ့ ဒေတာ/ကိုယ်ရေးအချက်အလက်တွေဟာ မိမိတို့ အကျိုးဆောင်ဆီမှာ လုံခြုံမှု မည်ကဲ့သို့သိမ်းဆည်းထားရှိကြောင်း၊ policyတွေနဲ့ ဘယ်လိုကာကွယ်ပေးထားကြောင်းကို ယုံကြည်စိတ်ရအောင် ရှင်းပြပေးရပါမည်။
၈. စမ်းသပ်ပြီး ဆက်လက်တိုးတက်အောင် ပြုလုပ်ပါ။
အသုံးပြုနေတဲ့ CRM စနစ်၊ Application က အမှန်တကယ် အသုံးဝင်ပြီး အကျိုးထိရောက်မှု ရှိမရှိကို အခြားသော အကျိုးဆောင်များနှင့် စမ်းသပ်အသုံးပြုစေပြီး အသုံးပြုသူတွေရဲ့ feedback အကြံပြုချက်တွေကို ရယူပြီး လိုအပ်တဲ့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
၉. CRM software ကို အသုံးပြုဖို့ လိုအပ်တဲ့ လေ့ကျင့်မှုနဲ့ အထောက်အပံ့ပေးပါ။
အသုံးပြုမယ့် အဖွဲ့သားတွေကို စာရင်းသွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့လို အသုံးပြုခြင်းဆိုင်ရာ နည်းလမ်းတွေကို လေ့ကျင့်သင်ကြားပေးပြီး အဆင်ပြေချော့မွေ့အောင် လိုအပ်တဲ့ ကူညီပံ့ပေးမှုတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။
၁၀. တိုးတက်မှုအတွက် ကြိုတင်စီစဥ်ပါ။
အခြားသော third party software တွေနဲ့လည်း တွဲဖက်ပြီး လွယ်ကူစွာ ချိတ်ဆက်ခြင်း/ မိမိတို့ systemမှာ ထည့်သွင်းအသုံးပြုပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုတင်စီစဥ်ထားသင့်ပါတယ်။
အကျိုးဆောင်များရဲ့ လုပ်ငန်းဆောင်တာတွေကိ စည်းစနစ်ကျပြီး အချိန်ကုန်သက်သာရုံသာမက လွယ်ကူထိရောက်အောင် လည်ပတ်ချင်တယ်ဆိုရင်တော့ ဒီလိုCRM စနစ်ကြီးတစ်ခုလုံးကို တည်ဆောက် ဖန်တီးစရာမလိုဘဲ အလွယ်တကူ အသုံးပြုနိုင်တဲ့ မြန်မာ့ ပထမ အကောင်းဆုံး အိမ်ခြံမြေ Application ကို အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
- CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
- ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် (ဆက်ဖတ်ရန် နှိပ်ပါ)……
အောင်မြင်တဲ့ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကံကိုပဲ ပုံအပ်နေလို့မရပါဘူး။ (ဆက်ဖတ်ရန် နှိပ်ပါ)......
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…