မိမိအိမ်ကိုရောင်းတဲ့အခါ ရောင်းသူတော်တော်များများ သတိမထားမိဘဲ လုပ်မိတဲ့ အမှားတစ်ခုရှိပါတယ်။ ဒါကတော့ မိမိအိမ် အမြန်ဆုံးရောင်းထွက်ဖို့အတွက် အကျိုးဆောင်အများကြီးနဲ့ ချိတ်ဆက်ပြီး အိမ်ရောင်းဖို့ကြိုးစားကြတာပါ။
ဟုတ်ပါတယ်… ရောင်းသူဘက်က စဉ်းစားမယ်ဆိုရင် အကျိုးဆောင်များများနဲ့ ချိတ်ဆက်ပြီးရောင်းမယ်ဆိုရင် မြန်မြန်ရောင်းထွက်မယ်လို့ ထင်မြင်ယူဆချက်က မှန်ပါတယ်။ မိမိအိမ်ကြော်ငြာကို လူသိများလေလေ အရောင်းသွက်လေလေပေါ့။
ဒါပေမဲ့ အိမ်ခြံမြေအရောင်းအဝယ်တိုင်းက ရောင်းသူတစ်ဘက်တည်းကိုဘဲ အသားပေးဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့မရပါဘူး။ အရောင်းအဝယ်တစ်ခုမှာ ပါဝင်တဲ့ ဝယ်သူနဲ့ အကျိုးဆောင်တွေက ဘာတွေလုပ်လဲ ဘာတွေ စဉ်းစားလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ဒီလို ထည့်သွင်းစဉ်းစားမှသာလျှင် ဒီ Post မှာ ဆွေးနွေးမဲ့ ဆိုးကျိုး ၃ ချက်ကို ရှောင်ကြဉ်နိုင်မှာပါ။
အကျိုးဆောင်များကြီးနဲ့ ချိတ်ဆက်ပြီးရောင်းတဲ့အခါ အကျိုးဆောင် တိုင်းက Online Platform တွေဖြစ်တဲ့ Facebook တို့ ShweProperty တို့ iMyanmarHouse တို့မှာ ကြော်ငြာတင်ကြပါတယ်။ ဒီလို မိမိအိမ်ရဲ့ ကြော်ငြာကို အကျိုးဆောင်အများကြီးက တင်တဲ့အခါ ရောင်းသူအတွက်ကတော့ ငါ့အိမ်ကြော်ငြာကို လူများများမြင်လေကောင်းလေဆိုပြီးထင်ပေမဲ့ ဝယ်သူဘက်က မြင်တဲ့အမြင်ကို နားလည်ဖို့လိုပါတယ်။
ဝယ်သူရဲ့ အမြင်ကဘယ်လိုလဲ?
ဝယ်သူတိုင်းက အိမ်မဝယ်ခင် Facebook, ShweProperty, iMyanmarHouse တို့မှာ လတ်တလော အိမ်ခြံမြေဈေးကွက်ထဲမှာ ရှိတဲ့ အိမ်တွေကို စတင်လေ့လာပါတယ်။ ဘယ် Location က ဘယ်လို အိမ်မျိုးက ဘယ်လောက်တန်လဲဆိုတာကို ဝယ်သူများက လေ့လာတတ်ကြပါတယ်။ ဒီလို Online Platform ပေါ်မှာ သူတို့ ဝယ်ချင်တဲ့ အိမ်ကို ရှာဖွေလေ့လာတဲ့ အချိန်မှာ သင့်အိမ်ကို အကျိုးဆောင် အများကြီးက ကြော်ငြာနေတာကို သူတို့ တွေ့ပါမယ်။ Facebook group တွေမှာ သင့်အိမ်ကို အကျိုးဆောင်အများကြီးက ကြော်ငြာနေတယ်။ ShweProperty တို့ iMyanmarHouse တို့မှာလဲ သင့်အိမ်ကို အကျိုးဆောင်အများကြီးက ကြော်ငြာတင်ထားတာကို သူတို့တွေပါမယ်။ ဒီလို အကျိုးဆောင်အများကြီးက ဒီအိမ်တစ်လုံးကို နေရာတစ်ကာ ကြော်ငြာတွေ အများကြီးတင်ထားတာကို တွေ့တဲ့အခါ သူတို့ဘက် မေးစရာမေးခွန်းတွေရှိလာပါပြီ။
ဒီအိမ်တစ်လုံးကို အကျိုးဆောင်အများကြီးက ဘာလို့ကြော်ငြာနေရတာလဲ? ဒီအိမ်ရောင်းမထွက်နိုင်လို့ အကျိုးဆောင်အများကြီးက တစ်ယောက်ပြီးတစ်ယောက် ရောင်းဖို့ကြိုးစားနေကြတာလား? ဒီအိမ်က ဈေးအရမ်းများနေလို့ ရောင်းမထွက်တာလား? ဒါမှမဟုတ် ဒီအိမ်နဲ့ပက်သက်ပြီး ဘာမှားရွင်းမှုတွေရှိနေတာလဲ? အစရှိတဲ့ သံသယမေးခွန်းတွေ မေးလာနိုင်ပါတယ်။
သင့်အိမ် တစ်အိမ်ထဲကိုဘဲ အကျိုးဆောင်အများကြီးက ကြော်ငြာအများကြီး တင်ပြီးရောင်းတယ်ဆိုရင် ဝယ်သူဘက်က သံသယများရုံသာမက သင့်အိမ်ကို ဈေးနှိမ်နိုင်ချေ ပိုများလာနိုင်ပါတယ်။
ဘာကြောင့် ဈေးနှိမ်ကြမှာလဲ? အကြောင်းအရင်း ၂ ချက်ရှိပါတယ်။
ဝယ်သူဘက်က သင့်အိမ်ကို သင်အမြန်ဆုံးရောင်းထွက်ချင်တယ်လို့ ကောက်နှုတ်ချက်ချနိုင်ပါတယ်။ သင်က အကျိုးဆောင်အများကြီးနဲ့ အိမ်ရောင်းမယ်ဆိုရင် ဝယ်သူဘက်က ဒီလိုစဉ်းစားလာနိုင်ပါတယ်
“ဒီရောင်းသူက အကျိုးဆောင်အများကြီးကို ချိတ်ဆက်ပြီး ရောင်းတယ်ဆိုတော့…. သူ့အိမ်ကို အမြန်ဆုံးရောင်းထွက်ချင်တဲ့ပုံဘဲ… ဒါဆိုရင်တော့ သူခေါ်တဲ့ ဈေးရဲ့ ၂၀-၃၀ ရာခိုင်နှိုန်းလောက်ကို ဈေးဆစ်လို့ရလောက်မယ်။”
အကျိုးဆောင်အများကြီးနဲ့ ရောင်းတဲ့အခါ သင်က သင့်အိမ်ကို ဝယ်သူအချင်းချင်းယှဉ်ပြိုင်ပြီးဝယ်ဖို့ထက် အကျိုးဆောင်အချင်းချင်းယှဉ်ပြိုင်ပြီး ရောင်းဖို့ကို ပိုပြီး အသားပေးနေသလိုဖြစ်ပါတယ်။
ဝယ်သူအချင်းချင်းယှဉ်ပြိုင်ပြီး ဝယ်တဲ့အခါ သင့်အိမ်ကို ဝယ်ချင်သူများက သင်လိုချင်တဲ့ ဈေးကိုပေးပြီး အလုအယက် ပြိုင်ဝယ်ကြပါတယ်။
အကျိုးဆောင် အချင်းချင်းယှဉ်ပြိုင်ပြီး ရောင်းတယ်ဆိုရင်တော့ သင့်အတွက်ဈေးကောင်းရဖို့ကို ဉီးစားမပေးဘဲ ရရာဈေးနဲ့ အမြန်ဆုံးရောင်းထွက်ပြီး ပွဲခရဖို့ကို ပိုဉီးစားပေးလာနိုင်ပါတယ်။
သင်က အကျိုးဆောင်အများကြီးနဲ့ အိမ်ရောင်းမယ်ဆိုရင် အကျိုးဆောင်ဘက်က ဒီလိုစဉ်းစားလာနိုင်ပါတယ်
“ဒီအိမ်အမြန်ဆုံးရောင်းထွက်ဖို့အတွက် ဝယ်သူဘက်က ပေးတဲ့ဈေးကို အသားပေးပြီး ညှိနှိုင်းဖို့ ရောင်းသူကို နားချရမယ်။ ဝယ်သူအဆင်ပြေတဲ့ ဈေးကို ညှိနှိုင်းနိုင်မှဘဲ အမြန်ဆုံးရောင်းထွက်မှာ… မဟုတ်ရင် တစ်ခြားအကျိုးဆောင်နဲ့ အရောင်းအဝယ်ဖြစ်သွားရင် ငါပွဲခ မရဘဲနေအုံးမယ်။”
အိမ်တစ်လုံးရောင်ထွက်ဖို့အတွက် အကျိုးဆောင်တွေဘက်က အားသွန်ခွန်စိုက်တာဝန်ယူဆောင်ရွက်ရတဲ့ ကိစ္စတွေရှိပါတယ်။ အကျိုးဆောင်အများကြီးနဲ့ အလုပ်လုပ်တဲ့အခါ မိမိအိမ်ရောင်းထွက်ဖို့အတွက် အကျိုးဆောင်အနေနဲ့ ဆောင်ရွက်စရာတွေ အများကြီးထဲကမှ အောက်ပါ ဝန်ဆောင်မှုတွေကို တာဝန်ယူဆောင်ရွက်နိုင်ချေ မရှိပါဘူး။
(၁) အိမ်ရောင်းထွက်ဖို့အတွက် Marketing နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများ –
အိမ်တစ်လုံးရောင်းထွက်ဖို့အတွက် ဆောင်ရွက်ရတဲ့ Marketing ကိစ္စရပ်တွေရှိပါတယ်။ ဘာတွေလဲဆိုတော့ ဒီရောင်းမဲ့အိမ်ကို ဝယ်သူစိတ်ဝင်စားအောင် Professional ဓါတ်ပုံတွေ Video တွေရိုက်ဖို့လိုပါတယ်။ ပြီးတော့ Facebook ပေါ်မှာလဲ ဒီအိမ်ကြော်ငြာကို လူတွေအများကြီး မြင်အောင် Facebook ကို ပိုက်ဆံပေးပြီး ကြော်ငြာရပါတယ် (ဒါကို Boost လုပ်တယ်လို့ ခေါ်ကြပါတယ်)။ ဒီလို Marketing နဲ့ ပက်သက်တဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ အကျိုးဆောင်များက တွန့်ဆုတ်ကြပါတယ်။
ဘာကြောင့် တွန့်ဆုတ်တာလဲ?
ရောင်းသူတစ်ယောက်က အကျိုးဆောင်အများကြီးနဲ့ ချိတ်ဆက်တဲ့အခါမှာ အကျိုးဆောင်ဘက်က ဒီလိုတွေးလာနိုင်ပါတယ်
“ငါက ဒီအိမ်ရောင်းထွက်ဖို့အတွက် ပိုက်ဆံတွေအကုန်ခံပြီး Facebook မှာ Boost လုပ် ကြော်ငြာတင် ပြီးတော့မှ တစ်ခြားအကျိုးဆောင်တစ်ယောက်က ဒီအိမ်ကို ရောင်းထွက်သွားရင် ငါကြော်ငြာအတွက် ကုန်ထားတဲ့ ပိုက်ဆံက သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်။”
နောက်ထပ် ဒီလိုလဲ တွေးနိုင်ပါတယ် –
“ငါက ဒီအိမ်ရောင်းထွက်ဖို့အတွက် ပိုက်ဆံတွေ၊ အချိန်တွေ အကုန်ခံပြီး Professional ဓါတ်ပုံတွေ Video ရိုက်ပြီးတော့မှ တစ်ခြားအကျိုးဆောင်တွေက ငါရိုက်ထားတဲ့ ဓါတ်ပုံ Video တွေကို သူတို့အရောင်း ကြော်ငြာအတွက် ခိုးယူတယ်ဆိုရင် ငါကြိုးစားတဲ့ဟာက သူတို့အတွက် ဖြစ်သွားလိမ့်မယ်။”
အကျိုးဆောင်တွေဘက်ကနေ ဒီလိုတွေးလာနိုင်တဲ့အတွက် မိမိအိမ်ရောင်းထွက်ဖို့လုပ်ဆောင်ရတဲ့ Marketing ကိစ္စတွေကို တာဝန်ယူဆောင်ရွက်ခြင်းမရှိကြပါဘူး။ ဒီလို တာဝန်မယူကြတဲ့အတွက် ဘာတွေလုပ်လာကြလဲဆိုတော့ အိမ်ကို ဖြစ်သလို ဖုန်းနဲ့ဘဲ ဓါတ်ပုံရိုက်တာမျိုး၊ အိမ်ရှင်ကို ဓါတ်ပုံရိုက်ခိုင်းတာမျိုးတွေ လုပ်လာကြပါတယ်။
(၂) မိမိအိမ်ရဲ့ ကာလတန်ဖိုးကို သိဖို့အတွက် ဈေးကွက်ကို လေ့လာသုံးသပ်တဲ့ ဝန်ဆောင်မှု –
မိမိအိမ်ရဲ့ ကာလတန်ဖိုးကို သိနိုင်ဖို့အတွက် ဈေးကွက်ထဲမှာရှိတဲ့ မိမိအိမ်နဲ့ ဆင်တူအိမ်များရဲ့ ဈေးကို လေ့လာသုံးသတ်ရပါတယ်။ ဒီလို လေ့လာသုံးသတ်ခြင်းကို Comparative Market Analysis (CMA) လို့ ခေါ်ကြပါတယ်။
CMA လုပ်လို့ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်လဲ? CMA လုပ်ရင် ရရှိမဲ့ အကျိုးကျေးဇူးများကတော့ –
ဒီလို CMA တစ်ခုထွက်လာဖို့အတွက် အကျိုးဆောင်တစ်ယောက် အချိန်တစ်ခုပေးပြီး ဈေးကွက်ကို လေ့လာသုံးသတ်၊ ဆင်တူအိမ်တွေရဲ့ ဈေးနှုန်းနဲ့ အားသာချက်အားနည်းချက်တွေနဲ့ ပက်သက်တဲ့ Data အချက်အလက်တွေကို စုစည်း၊ လေ့လာသုံးသတ်ပြီး ရောင်းသူအတွက် စာတန်း (Report) တစ်ခု ပြင်ဆင်ရပါတယ်။
ရောင်းသူက တစ်ခြားအကျိုးဆောင်တွေအများကြီးနဲ့ ချိတ်ဆက်အလုပ်လုပ်တဲ့အတွက် အကျိုးဆောင်တွေဘက်ကလဲ ဒီလို အချိန်ကုန်တဲ့ အလုပ်ကို တစ်ကူးတစ်က မလုပ်ကြတော့ပါဘူး။ ဒါ့ကြောင့် ရောင်းသူများမှာ သူတို့ရသင့်တဲ့ ဝန်ဆောင်မှုကို မရကြတော့ပါဘူး။
အိမ်ရှင်တစ်ယောက်က အကျိုးဆောင်အများကြီးနဲ့ အလုပ်လုပ်တဲ့ အခါ ဝယ်သူကြားမှာယှဉ်ပြိုင်မှု မရှိစေဘဲ အကျိုးဆောင် အချင်းချင်းကြားမှာဘဲ ယှဉ်ပြိုင်မှုကို တိုးစေပါတယ်။ အကျိုးဆောင် အချင်းချင်း ယှဉ်ပြိုင်ကြတဲ့အခါ အကျိုးဆောင်များက ဝယ်သူအကျိုးနဲ့ သူတို့ပွဲခ ရဖို့ကိုဘဲ ဉီးစားပေးတဲ့အတွက် ရောင်းသူဘက်က နစ်နာလာနိုင်တဲ့ အပိုင်းတွေရှိလာပါတယ်။ သဘောက ရောင်းသူများအတွက် အကျိုးဆောင်များက အမြင့်ဆုံးဝန်ဆောင်မှုကို မပေးဘဲ အနှိမ့်ဆုံးဝန်ဆောင်မှုကို ပေးလာကြပါတယ်။ ဒါကြောင့်မို့ ရောင်းသူအနေနဲ့ မိမိယုံကြည်ရတဲ့ အကျိုးဆောင်နဲ့ ဘဲ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုချင်ပါတယ်။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…