Zayyan

🔵 မိမိအိမ်ကို ရောင်းပေးမဲ့ အကျိုးဆောင်ကို မေးသင့်တဲ့ မေးခွန်း ၆ ခု

မိမိအိမ်ကို ရောင်းပေးမဲ့ အကျိုးဆောင်သည် တာဝန်ယူမှု အပြည့်အဝရှိတဲ့ သူဖြစ်ရမဲ့အပြင် ရောင်းသူအကျိုးကို ဉီးစားပေးတဲ့ သူမျိုးဖြစ်ရပါမယ်။ Professional ဆန်ဆန်ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင် ဟုတ်လားမဟုတ်လားဆိုတာကို သိဖို့အတွက် အောက်ပါမေးခွန်းများကို မေးသင့်ပါတယ်။ သဘောကတော့ ကိုယ့်ဘက်က ဒီအကျိုးဆောင်ကို အလုပ်မခန့်ခင် အင်တာဗျူးလုပ်တဲ့ သဘောပါဘဲ။

(၁) ကို…(ဘယ်သူ)…./မ…..(ဘယ်သူ)…. က အချိန်ပြည့် အကျိုးဆောင်လား အချိန်ပိုင်းအကျိုးဆောင်လား?

(၂) အခုရောင်းမဲ့အိမ်ကို ဘယ်လိုနည်းနဲ့ ရောင်းထွက်ဖို့ စီစဉ်ထားလဲ၊ ဘယ်လို Marketing Strategy တွေသုံးဖို့ ပြင်ဆင်ထားလဲ?

(၃) အိမ််ခြံမြေဝန်ဆောင်မှုကို တစ်ယောက်ထဲတာဝန်ယူဆောင်ရွက်တာလား? အဖွဲ့ (Team) နဲ့ အလုပ်လုပ်တာလား?

(၄) ဒီအိမ်ရောင်းထွက်ဖို့အတွက် အရောင်းအဝယ်အစအဆုံးတာဝန်ယူသလား? အရောင်းအဝယ်ဖြစ်ဖို့အတွက် ဘယ်လို ဝန်ဆောင်မှုတွေ ပေးသလဲ?

(၅) ဒီအိမ်ရဲ့ အရောင်းအဝယ်မှာ ကို…(ဘယ်သူ)…./မ…..(ဘယ်သူ)…. က ရောင်းသူဘက်ကိုယ်စားပြုလား? ဝယ်သူဘက်ကိုယ်စားပြုလား? ဒါမှမဟုတ် နှစ်ဖက်လုံးကို ကိုယ်စားပြုလား?

(၆) ဒီအိမ်ရောင်းထွက်သွားရင် အကျိုးဆောင်ခ ဘယ်လိုယူလဲ?

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အဝယ်ပြတယ်ဆိုတာက မိမိအိမ်ကို စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုသူကို အိမ်ထဲမှာ လျှောက်ကြည့်ခွင့်ပေးတာကို ဆိုလိုတာပါ။ ပြောရမယ်ဆိုရင်တော့ သူစိမ်းတစ်ယောက်ကို မိမိအိမ်ထဲ ဖိတ်ခေါ်တဲ့ သဘောပါဘဲ။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • သင့်အိမ်ကို ဝယ်သူဘက်က ဈေးမတရား နှိမ်ရတဲ့ အကြောင်းအရင်း ၂ ချက် (ဆက်ဖတ်ရန် နှိပ်ပါ)……
  • မိမိရောင်းမဲ့ အိမ်ရဲ့ ဈေးကိုသတ်မှတ်တဲ့အခါ ဈေးကွက်ကိုလေ့လာပြီး ခေါ်ဈေး (Asking Price) ကို သတ်မှတ်ရပါတယ်။ ကာလပေါက်ဈေးထက် အများကြီးပိုပြီး ဈေးခေါ်တယ်ဆိုရင်တော့                       (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 97