Zayyan

🔵 အကျိုးဆောင် တစ်ယောက်နှင့် အလုပ်မလုပ်ခင် သူ့ကို မေးသင့် တဲ့မေးခွန်း ၆ ခု

နိဒါန်း

အိမ်အရောင်းအဝယ်လုပ်ရတဲ့ ကိစ္စဟာလွယ်ကူကူနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး၊ အရောင်းအဝယ် မစခင်ကတည်းက အိမ်ဝယ်သူတစ်ယောက်အနေနဲ့ စိုးရိမ်ရတဲ့ကိစ္စတွေ အများကြီးရှိပါတယ်၊ ဥပမာ – ကိုယ်ဝယ်ချင်တဲ့အိမ်က ဈေးမှန်ပါ့မလား၊ ပိုင်ဆိုင်မှုစာရွက်စာတန်းတွေကရော အရှုတ်အရှင်းကင်းပါ့မလား၊ ကိုယ့်ရွေးချယ်မှုကရော မှန်ကန်ပါ့မလား အစရှိတဲ့ စိုးရိမ်စိတ်တွေရှိတတ်ပါတယ်။ ဒါ့အပြင် ကိုယ်က ပထမဆုံးအိမ်ဝယ်သူ (First-time Home Buyer) ဆိုရင်တော့ အိမ်တစ်လုံးဝယ်ဖို့အတွက် ဘယ်က စလို့ စရမှန်းမသိတာမျိုးတွေရှိပါတယ်။

ဒီလို စိုးရိမ်စိတ်တွေ ပြသနာတွေကို ရင်ဆိုင်ဖို့အတွက် အတွေ့ အကြုံရှိပြီး Professional ဆန်ဆန် ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်မျိုးနဲ့ ပူးတွဲပြီး အိမ်ဝယ်သင့်ပါတယ်။ Professional ဆန်သော အကျိုးဆောင်သည် အိမ်အရောင်းအဝယ်ဖြစ်စဥ် အစမှအဆုံး ကိုယ်လုံးဝယုံကြည်အားကိုးရတဲ့သူ ဖြစ်ရမဲ့အပြင် မိမိ (ဝယ်သူ) ရဲ့ အကျိုးကိုသာ ဦးစားပေးတဲ့ အကျိုးဆောင်မျိုးဖြစ်ရပါမယ်။ ဒါ့ကြောင့် အိမ်မဝယ်ခင် မှန်ကန်တဲ့အကျိုးဆောင်ကို ရွေးတတ်ဖို့ အရေးကြီးပါတယ်။

မှန်ကန်တဲ့ အကျိုးဆောင်တစ်ယောက်ကို ဘယ်လိုရွေးရမလဲ? –

မှန်ကန်တဲ့အကျိုးဆောင်တစ်ယောက် ရွေးဖို့အတွက် သူ့ ကိုမေးခွန်းတွေမေးပြီး အကဲခတ်ရပါမယ်။ သဘောကတော့ ဒီအကျိုးဆောင်တစ်ယောက်ကို အလုပ်မခန့်ခင် Interview လုပ်တဲ့သဘောပါဘဲ။

ဘယ်လိုမေးခွန်းတွေမေးရမလဲဆိုတာကို ဒီ Post မှာပြောပြသွားပါမယ်။

ကို_(ဘယ်သူ)__/ မ_(ဘယ်သူ)_ က အချိန်ပြည့် အကျိုးဆောင်လား၊ အကျိုးဆောင်လုပ်နေတာဘယ်လောက်ကြာပြီလဲ?

အိမ်ခြံမြေအကျိုးဆောင် ဝန်ဆောင်မှုလုပ်ငန်းသည် Commission Fees (ပွဲခ) ကိုအခြေခံတဲ့ စီးပွားရေးဖြစ်တဲ့အတွက် ပုံမှန်လစဥ်ဝင်ငွေမရှိပါဘူး။ တစ်ချို့လတွေမှာ အရောင်းအဝယ်ဖြစ်လို့ ဝင်ငွေကောင်းရင်ကောင်းမယ်၊ တစ်ချို့လတွေဆိုရင် အရောင်းအဝယ်မဖြစ်လို့ ဝင်ငွေမကောင်းနိုင်ပါဘူး။ ဒါ့ကြောင့် တစ်ချို့ အကျိုးဆောင်တွေက အိမ်ခြံမြေအကျိုးဆောင် ဝန်ဆောင်မှုလုပ်ငန်း အပြင် တစ်ခြား အလုပ်တွေပါတွဲလုပ်နေရတဲ့ အကျိုးဆောင်တွေရှိပါတယ်။ ဒီလိုအကျိုးဆောင်မျိုးတွေကို ရှောင်ရှားသင့်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ –

(၁)။ သူ့ မှာ တစ်ခြားအလုပ်တွေ ရှိနေတဲ့အတွက် အချိန်ပြည့် အကျိုးဆောင်နဲ့ယှဥ်မယ်ဆိုရင် သူက ဈေးကွက်ကို ထဲထဲဝင်ဝင်လေ့လာအားနည်းပါတယ်။

(၂)။ သူ့ မှာ တစ်ခြားအလုပ်တွေ ရှိနေတဲ့အတွက် ဝန်ဆောင်မှုပေးတဲ့အချိန်မှာ ဟိုဘက်ကအလုပ်ကို ဦးစားပေးရတာမျိုးတွေရှိပါတယ်။ ဥပမာ – ကိုယ့်ဘက်က အိမ်တစ်လုံးကို သွားကြည့်ချင်တဲ့အချိန် သူက တစ်ခြားအလုပ်မှာ မအားတာမျိုးတွေ၊ ကိုယ်နဲ့ သူ (အကျိုးဆောင်) ကြားမှာ Communication (ဆက်သွယ်မှု) အားနည်းနေတာတွေ၊ ဈေးကွက်ထဲ အသစ်ရောက်လာတဲ့အိမ်တွေကို မသိလိုက်တာတွေ က Professional ဆန်တဲ့အကျိုးဆောင်တစ်ယောက်ရဲ့ အင်္ဂါရပ်တွေနဲ့ မကိုက်ညီပါဘူး။

ဒါ့ကြောင့် ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်တဲ့ အကျိုးဆောင်ကိုရွေးချယ်ဖို့အတွက် ကိုယ့်ဘက်က ဒါတွေမေးဖို့ လိုအပ်ပါတယ်။

အကျိုးဆောင်ဖြစ်တဲ့တစ်လျှောက် အိမ်ဘယ်နှစ်လုံးရောင်းပြီးသွားပြီလဲ၊ မနှစ်ကရော အိမ်ဘယ်နှစ်လုံး ရောင်းထွက်သွားလဲ၊ အခုလောလောဆယ် ဝယ်သူဘယ်နှစ်ယောက်နဲ့ အလုပ်လုပ်နေသလဲ?

ဒီမေးခွန်းကို မေးရတဲ့အကြောင်းအရင်းသည် ဒီအကျိုးဆောင်ရဲ့ Sale Perfromance (ရောင်းအား) ကိုအကဲခတ်ချင်တဲ့အတွက်မေးရခြင်းဖြစ်ပါတယ်။ သူဘက်က အတွေ့အကြုံဘယ်လောက်ရှိလဲ၊ ကိုယ့်အနေနဲ့ အရောင်းအဝယ်လုပ်နေတဲ့ ကာလအတွင်း ပြသနာတွေကြုံလာပြီဆိုရင် သူ့ဘက်က ဖြေရှင်းနိုင်သလားဆိုတာကို အကဲခတ်ရပါမယ်။

အခုအရောင်းအဝယ်မှာ ရောင်းသူဝယ်သူနှစ်ဘက်လုံးကို ကိုယ်စားပြုလား?

အိမ်ခြံမြေဝန်ဆောင်မှုပေးသည့် ပုံစံသည် အကျိုးဆောင်တစ်ယောက်နဲ့ တစ်ယောက်ကွာခြားပါတယ်။ တစ်ချို့ အကျိုးဆောင်တွေက ရောင်းသူဆို ရောင်းသူ၊ ဝယ်သူဆို ဝယ်သူ၊ တစ်ဘက်ထဲကိုသာ ကိုယ်စားပြုပြီး ဝန်ဆောင်မှုပေးကြပါတယ်။ တစ်ချို့ အကျိုးဆောင်တွေကျတော့ ရောင်းသူရောဝယ်သူရော နှစ်ဘက်လုံးကိုယ်စားပြုပြီး ဝန်ဆောင်မှုပေးကြပါတယ်။

ဒီမှာ သတိထားရမဲ့အချက်က ရောင်းသူရောဝယ်သူရော နှစ်ဘက်လုံးကိုယ်စားပြုပြီး ဝန်ဆောင်မှုပေးတဲ့အကျိုးဆောင်သည် ဝယ်သူရဲ့အကျိုးကို လုံးဝ ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်လို့ အာမခံလို့မရပါဘူး။

Commission Fees (ပွဲခ) ဘယ်လိုယူတာလဲ

ဒီအကျိုးဆောင်နဲ့ အလုပ်မလုပ်ခင်မှာ သူ့ဘက်က အခကြေးငွေဘယ်လို ယူလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ပါတယ်။

သာမန်ဆိုရင်တော့ အကျိုးဆောင်ခကို ဝယ်သူဘက်မှ ပေးစရာမလိုဘဲ ရောင်းသူကသာ ရာခိုင်နှုန်းအလိုက်ပေးပါတယ်။ အိမ်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို ရောင်းသူကိုယ်စားပြုတဲ့အကျိုးဆောင်က ၁ ရာခိုင်နှုန်း၊ ဝယ်သူကိုယ်စားပြုတဲ့ အကျိုးဆောင်က ၁ ရာခိုင်နှုန်း ဆိုပြီးခွဲယူကြပါတယ်။

ဒါပေမဲ့ တစ်ချို့ အကျိုးဆောင်တွေကတော့ ရောင်းသူဘက်က မတောင်းဘဲ ဝယ်သူဘက်က တောင်းတဲ့ အကျိုးဆောင်တွေရှိတဲ့အတွက် သူတို့နဲ့ အလုပ်မလုပ်ခင်ကတည်းက သူတို့ဘက်ကပွဲခကို ဘယ်လိုယူလဲဆိုတာကို ကြိုတင်မေးထားသင့်ပါတယ်။

တစ်ယောက်တည်း အလုပ်လုပ်တာလား၊ Team (အဖွဲ့ ) နဲ့ အလုပ်လုပ်တာလား

ဝယ်သူအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးရန် အကျိုးဆောင်ဘက်မှ တာဝန်များစွာ ယူရပါတယ်။ ဝယ်သူအတွက် အကောင်းဆုံးဖြစ်မဲ့ အိမ်မျိုးကို ဈေးကွက်ထဲမှာရှာဖွေခြင်း၊ ကြိုက်သည့်အိမ်တွေ့ပါက ထိုအိမ်သည် ဈေးမှန်ကန်မှု ရှိမရှိ သုံးသတ်ပေးခြင်း၊ ဈေးနှုန်းညှိနှိုင်းပေးခြင်း၊ စာရွက်စာတန်းများ မှန်ကန်မှု ရှိမရှိ စစ်ဆေးပေးခြင်း အစရှိတဲ့ တာဝန်တွေသည် တစ်ယောက်တည်း ထိထိရောက်ရောက် လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။

ဝန်ဆောင်မှုအကောင်းဆုံးပေးတဲ့ အကျိုးဆောင်သည် သူ့ တာဝန်ကို ထိထိရောက်ရောက်ထမ်းဆောင်နိုင်ဖို့အတွက် သူ့ကို ကူညီပေးတဲ့ Team တစ်ခုရှိရပါတယ်။ ဒါမှလည်း အရောင်းအဝယ်တစ်ခုလုံး ချောချောမွေ့ မွေ့ ပြီးဆုံးဖို့အတွက် ဝန်ဆောင်မှုပေးနိုင်မှာပါ။

ကို_(ဘယ်သူ)__/ မ_(ဘယ်သူ)_ ကို တစ်ခြားအကျိုးဆောင်တွေထက် ဘာတွေကွာခြားမှုရှိလဲ၊ ဘာကြောင့်ရွေးချယ်သင့်သလဲ။

ဒီမေးခွန်းကတော့ အကျိုးဆောင်ရဲ့ အားသာချက် ကို အကဲခက်ခြင်းဖြစ်ပါတယ်။ သူ့ အားသာချက်ကို သူကောင်းကောင်းမွန်မွန်ပြောပြနိုင်ရင်တော့ သူက သူလုပ်နေတဲ့အလုပ်အပေါ် စိတ်ဝင်တစားရှိပြီး အကောင်းဆုံးကြိုးစားနိုင်တယ်လို့ ပြောနိုင်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • ဈေးညှိလို့ အဆင်ပြေသွားပြီ… စာရွက်စာတန်းတွေလဲ စည်ပင်မှာ စစ်ဆေးပြီးလို့ အကုန်ခိုင်မာမှု ရှိလို့ စရန်ချမယ်ဆိုရင် အရောင်းအဝယ်စာချုပ်နဲ့ ချုပ်ဆိုဖို့ လိုပါတယ်။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အိမ်ခြံမြေရောင်းဝယ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်အရစ်ကို ဘယ်လောက်ပေးရမလဲဆိုတာကို ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူညီချက်ယူပြီး လုပ်ဆောင်ရပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  •  အိမ်တစ်လုံး၀ယ်တော့မယ်ဆို ရွေးချယ်မှုမှန်ကန်ပြီး အကောင်းဆုံးဖြစ်စေရန် မ၀ယ်ခင်မှာ ဆင်ခြင်သုံးသပ်သင့်တဲ့ အကြောင်းအရာများစွာရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 110