Zayyan

🔵 အိမ်ခြံမြေ စာရွက်စာတန်း အခြေခံသိကောင်းစရာများ

👉 အိမ်ခြံမြေအရောင်းအဝယ်တစ်ခုရဲ့ စာရွက်စာတန်းတွေဟာ အရေးအကြီးဆုံး အရာတွေပါ။

👉 ရောင်းသူအနေနဲ့ ပြင်ဆင်ထားရမဲ့ အခြေခံစာရွက်စာတန်းတွေ ကတော့ ပိုင်ဆိုင်မှု မှတ်ပုံတင် စာချုပ်စာတမ်းများ (မူရင်း) ၊ မြေဂရန် ( မူရင်း ) နှင့် လွန်ခဲ့သော ( ၆ ) လအတွင်းက ရောင်းချရန် အလို့ငှာ တရားဝင်ကူးယူရရှိထားသော မြေပုံမြေရာဇဝင် (မူရင်း ) တို့ကို ပိုင်ဆိုင်မှုခိုင်မာကြောင်း သက်သေအထောက်အထား အနေနဲ့ ပြင်ဆင်ထားသင့်ပါတယ်။

👉 စာရွက်စာတန်းတွေကလဲ ပြည့်စုံပြီ၊ ဝယ်သူဘက်ကလည်း ဝယ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ယေဘုယျအားဖြင့် စရန်ပေးချေတဲ့အခါ ချုပ်တဲ့ စရန်စာချုပ်နဲ့ ငွေအပီးချေတဲ့အခါ ချုပ်တဲ့ အရောင်းအဝယ်စာချုပ်ကြီးဆိုပြီး ၂ ဆင့် ချုပ်တတ်ကြပါတယ်။ အခြေအနေ အချိန်အခါ ရောင်းသူဝယ်သူတို့ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး စာချုပ်ချုပ်ဆိုတဲ့ ပုံစံတွေကလည်း ကွဲပြားခြားနားမှုတွေရှိပါတယ်။

👉 စာချုပ်ချုပ်ဆိုတဲ့ ကိစ္စသည်အလွန်အရေးကြီးတဲ့အတွက် ဉပဒေပညာရှင်တွေရဲ့ အကူအညီနဲ့ ချုပ်ဆိုတာက အကောင်းဆုံးပါ။ အကျိုးဆောင်နဲ့ အိမ်ရောင်းမယ်ဆိုရင်လည်း အကျိုးဆောင်ဘက်ကနေ စာရွက်စာတန်းနဲ့ ပက်သက်တာတွေကို သေသေချာချာ ကူညီပေးဖို့ တာဝန်ရှိပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်သည် ရောင်းသူရဲ့ အကျိုးတစ်ခုတည်းကိုသာ ဉီးစားပေးဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ကြော်ငြာမတင်ခင်မှာ အိမ်ကိုရှင်းလင်းထားပြီး အလင်းရောင်ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေရိုက်ဖို့လိုပါတယ်။  (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ကာလပေါက်ဈေးထက် အများကြီးတင်ပြီးရောင်းမယ်ဆို အိမ်ရောင်းထွက်နိုင်ဖို့က ခက်ခဲပါတယ်။ ဈေးကွက်ထဲမှာ ရောင်းသူများစွာရှိနေတဲ့ အတွက် ဝယ်သူများကလဲ အိမ်ဝယ်ဖို့ ကို သေချာလေ့လာစုံစမ်းပြီးမှ ဝယ်ယူလေ့ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
Post Views: 33