👉 အိမ်ခြံမြေဝယ်တဲ့အခါ မိတ္တူတွေကို တွေ့ရတတ်ပါတယ်။ ဂရန်မိတ္တူတို့၊ ပါမစ်မိတ္တူတို့ ဆိုပြီး ရောင်းနေကြတာကို တွေ့ရပါတယ်။ မိတ္တူတွေက ဘာလဲဆိုတော့ ပေ ၄၀-၆၀ ကနေ ၂၀-၆၀ ခွဲရောင်းတဲ့အခါ ၂၀-၆၀ ဝယ်တဲ့သူက ကိုယ်တိုင်အမည်ခွဲထွက်တာမျိုးမလုပ်ဘဲ ဒီ နဂို ၄၀-၆၀ ရဲ့ မိတ္တူကိုသိမ်းထားရတဲ့ သဘောပါ။
မိတ္တူတွေကိုအရောင်းအဝယ်လုပ်တဲ့ သူတွေရှိပေမဲ့ ဇေယံကတော့ မိတ္တူတွေကို ဝယ်ဖို့ အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ မိတ္တူစာရွက်စာတန်းတွေက ပိုင်ဆိုင်မှု မခိုင်မာသလို မိမိကိုယ်တိုင် အမည်ဖေါက်မယ်ဆိုရင်လဲ မူရင်းကိုင်ထားတဲ့ သူက လိုက်ဖောက်မှဘဲ ကိုယ်လဲ ဖေါက်လို့ ရမဲ့ သဘောမှာ ရှိပါတယ်။
👉 မူရင်းသမားကလဲ သူ့ ၂၀-၆၀ အမည်ဖေါက် ကိုယ်ကလဲ ကိုယ့် ၂၀-၆၀ ကို သူနဲ့ အတူ အမည်ဖေါက်မဲ့ အခြေအနေမျိုးဆိုရင်တော့ ဒီဟာကို ဝယ်လို့ ရပါတယ်။
👉 လက်ရှိရောင်းသူက ၂၀-၆၀ မိတ္တူကို ရောင်းနေပြီး မူရင်းသမားကို ပြန်ရှာလို့မရတာတို့ ဆိုရင်တော့ ဒီမိတ္တူကို မဝယ်သင့်ပါဘူး။ မိတ္တူကနေ မိမိအမည်ပေါက်ထွက်အောင် လုပ်ဆောင်ရမဲ့ ကိစ္စတွေက ဂရန်ဂတုံးတို့ ဂရန်ပျောက်တို့ထက်ကို ပိုပြီး ရှုတ်ထွေးတဲ့အတွက် အဝယ်တွေ တော်တော်များများကို မိတ္တူဝယ်ဖို့ အားမပေးပါဘူး။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…