Zayyan

🔵  ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်းဆောက်နေသင့်သလား

👉 ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း လုံးဝမဆောက်သင့်ပါဘူး။ အိမ်ဘယ်လောက်ဘဲ ကောင်းကောင်း ဘေး ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ဒီအိမ်က ရောင်းထွက်ဖို့ ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။

(၁) မိသားစုနေထိုင်ဖို့ လုံခြုံတဲ့ နေရာမျိုးမဟုတ်ဘူး

👉 ဒီမြေနေရာက ဈေးနဲ့ အရမ်းနီးတာတို့၊ ရပ်ကွက်ထဲမှာ အဆောင်တွေများတာတို့၊ အုတ်သဲကျောက်၊ သံထည်၊ ပလတ်စတစ် လုပ်ငန်းတွေများတာတို့ဆိုရင်တော့ ဒီနေရာက မိသားစုနေထိုင်ချင်တဲ့ သူတွေ မကြိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ တော်တော်များများ စိတ်ပူတာက လုံခြုံရေးဖြစ်တဲ့အတွက် ရပ်ကွက်သန့်ပြီး ဆိတ်ငြိမ်တဲ့ ဘေးပတ်ဝန်းကျင််ကို ပိုပြီး အားသာကြပါတယ်။

(၂) အိမ်က ကိုယ်ကြိုက်တဲ့ အချိန် ဘယ်အချိန်မဆို ပြင်လို့ ရတယ်။ ပတ်ဝန်းကျင်က ပြင်လို့မရဘူး။

👉 အိမ်ကဘယ်လောက်ဘဲကောင်းကောင်း ဘေးပတ်ဝန်းကျင်မှာ အဆောင်တွေအရမ်းများနေတယ်ဆိုရင် ဝယ်သူတွေ စိတ်မဝင်စားကြပါဘူး။ စွန့်ပစ်အမိုက်တွေများတာတို့၊ အရက်မူးတဲ့သူတွေ အချိန်ပြည့်ရှိနေတာတို့၊ သူခိုးများတာတို့၊ ရေမြောင်းတစ်ဆို့နေတာတို့၊ လမ်းမကောင်းတာတို့၊ ၁၀ ပေ အိမ်လေးတွေနဲ့ ဘုစုခရုတွေ များတာတို့က ပြင်ဆင်လို့မရတဲ့ အချက်တွေဖြစ်လို့ ရပ်ကွက်မသန့်တဲ့ နေရာမှာ အိမ်ကောင်းကောင်း မဆောက်သင့်ပါဘူးနော်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

ပိုမိုဖတ်ရှုရန် နှိပ်ပါ....(Click to read more..)

(Buyer blog posts)
  • မြေကွက်တစ်ကွက်ကို ဝယ်တော့မယ်ဆိုရင် ဒီမြေကွက်က အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ လွယ်လားခက်လားဆိုတာကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • ဒဂုံမြို့သစ် ၄ မြို့နယ်မှာ ပါမစ်မြေတွေ ရောင်းချနေတဲ့ အရောင်းတွေရှိပါတယ်။ ပါမစ်မြေအကြောင်းကို နားလည်တဲ့ ဝယ်ရောင်းသမားတွေကတော့ ပါမစ်မြေမှ ပါမစ်မြေကိုဘဲ ဝယ်ချင်ကြပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

 

(Buyer blog posts)
  • အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Zayyan app တွင် ပါဝင်သော ကာလပေါက်စျေး စျေးကွက်သုံးသပ်ချက် စနစ် သည် အရောင်းတင်ထားသော အိမ်ခြံမြေများကို ရပ်ကွက်အလိုက် ပျှမ်းမျှလက်ရှိပေါက်စျေးများကို ဖော်ပြထားသောကြောင့် အိမ်ခြံမြေ ဝယ်လိုသူများအနေဖြင့် ကာလစျေးကွက် များကို သုံးသပ်နိုင်မည်ဖြစ်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Shortlists ဆိုတာက တူညီသောအိမ်ခြံမြေအရောင်းများကို ရွှေချယ်စုစည်းထားခြင်းဖြစ်သည်အလွယ်မှတ်နိုင်ပါသည်။ Zayyan appတွင်shortlists များကို နှစ်မျိုးတွေ့ရှိနိုင်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRM (Customer Relationship Management) သည် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 101