မြောက်ဒဂုံမြို့နယ် ၂၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

၂၈ရပ်ကွက်ရဲ့ တည်နေရာအနေအထား
Pilot ရပ်ကွက်လို့ခေါ်တဲ့ ၂၈ရပ်ကွက်က မြောက်ဒဂုံမြို့နယ်ရဲ့ အရှေ့တောင်ဘက်စွန်းမှာ တည်ရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ သွားလာရေးအတွက် သစ္စာတံတား၊ အမှတ်(၂)တံတားတို့ကို အဓိကအသုံးပြုနိုင်ပြီး ဘေလီတံတားနှင့်လည်း နီးပါတယ်။ ထို့အပြင် မြို့ထဲသွားလာဖို့အတွက်လမ်းကြောင်းအသင့်ဆုံးနဲ့ အနီးဆုံးရပ်ကွက်လည်း ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာဆိုရင် ပင်လုံဆေးရုံ၊ ဒဂုံဆေးရုံ၊ အထက်တန်းကျောင်း/ မူလတန်းကျောင်းတွေ ရှိကြပါတယ်။ (၂၈) ရပ်ကွက်ကို အောင်သီရိ၊ အောင်ရိပ်သာ၊ အောင်ရတနာ၊ အောင်သုခနဲ့ အောင်သိဒ္ဓိ ဆိုပြီး အပိုင်း(၅)ပိုင်း ခွဲနိုင်ပြီး အောင်ရတနာအပိုင်းက လမ်းတွေမှာဆိုရင် တရားဝင် ပေ၄၅-၆၀ ဂရန်ထဲမှာ ပါဝင်တဲ့ ခြံတွေလည်း ရှိပါတယ်။ တည်နေရာအနေအထား အရောင်းစာရင်းများအရ ရပ်ကွက်အတွင်းလမ်းမှာရှိတဲ့အရောင်းအရေအတွက်က အများဆုံးဖြစ်ပြီး လမ်းမကျောကပ်/တည့်ပေါက် နေရာတွေက ဒုတိယအများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ဈေးနှုန်းအပိုင်းအခြားစက်ဝိုင်းကို ကြည့်မယ်ဆိုရင်တော့ သိန်း၆၀၀၀မှ သိန်း၉၀၀၀ အတွင်း အရောင်းDataတွေ အများအားဖြင့် ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အများစုကလည်း ပေ၄၀-၆၀ အကျယ်တွေသာ ဖြစ်ပါတယ်။ ဈေးတန်းအရ များနေတယ်ထင်ရသော်လည်း ၂၈ရပ်ကွက်သည် အနည်းငယ် ဆိတ်ငြိမ်တဲ့ရပ်ကွက်အနေအထားဖြစ်၍ သင့်တင့်တဲ့ ဈေးတန်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
၂၈ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ
၂၈ရပ်ကွက်ကို ဝန်းရံထားသည့် လမ်းမကြီး (၄)ခုရှိပါတယ်။ ထိုလမ်းမများမှာ ပြည်ထောင်စုလမ်းမကြီး၊ မဟာဗန္ဓုလလမ်းမကြီး၊ ဆရာစံလမ်းမကြီးနှင့် သခင်ဗစိန်လမ်းတို့ ဖြစ်ကြပါတယ်။ ဆေးရုံများ၊ကျောင်းများ၊ကုမ္ပဏီရုံးခန်းများ၊စားသောက်များ၊ ဆိုင်ခန်းဈေးခန်းများနှင့် စီးပွားရေးလုပ်ငန်းများစွာဖြင့် အချက်အချာကျလျက်ရှိသော လမ်းမများလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုလမ်းမပေါ်မှာဆိုရင် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နဲ့ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် အများစုကို တွေ့ရပါတယ်။ ပင်လုံဆေးရုံနဲ့နီးတဲ့ ဆရာစံလမ်းမပေါ်မှာကတော့ ထမင်းဆိုင်နဲ့ ကုန်စုံဆိုင်တွေကို တွေ့ရပါတယ်။ စည်းကားမှုနည်းသေးတဲ့ ၂၈ရပ်ကွက်ရဲ့ မန္တလေးလမ်းမပေါ်မှာတော့ လက်ဘက်ရည်ဆိုင်နဲ့ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ ရှိကြပါတယ်။ သခင်ဗစိန်လမ်းမပေါ်မှာလည်း ကိုယ်ပိုင်လုပ်ငန်း အနည်းငယ်ကို တွေ့ရပါတယ်။
၂၈ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများ
၂၈ရပ်ကွက် လမ်းမမေးတင်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို ကာလတန်ဖိုးအားဖြင့် သိန်း 16000 ဝန်းကျင်ဈေးပေါက်ပါတယ်။ ဒါကြောင့် တစ်ပေပတ်လည်ဈေးနှုန်းက ၆သိန်းခွဲကနေ ၇သိန်းခွဲ ဝန်းကျင်မှာ ရှိပါတယ်။ လမ်းမကျောကပ်နဲ့ တည့်ပေါက်လိုနေရာမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ဆိုရင် ပျမ်းမျှသိန်း 9000 ဝန်းကျင် ရှိပါတယ်။တစ်ပေပတ်လည် ဈေးနှုန်းဟာဆိုရင် ၃သိန်းနဲ့ ၅သိန်းကြားမှာ ပေါက်ဈေးရှိပါတယ်။ ရပ်ကွက်တွင်း ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း7000 ဝန်းကျင်မှာရှိပြီး တစ်ပေပတ်လည်ကို ၃သိန်းမှ၄သိန်းကြား ဈေးပေါက်လို့နေပါတယ်။
မှတ်ချက်
အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။
Appendix:1 မြောက်ဒဂုံ ၂၈ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 16000
👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 9000
👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 7000
Appendix 2: မြောက်ဒဂုံ ၂၈ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉၂၈ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 6500ဝန်းကျင်ကနေ စ,ပါတယ်။ သိန်း 8000-9000ဝန်းကျင် လောက်ဆိုရင်တော့ နေရာကောင်းတဲ့ လမ်းမကျောကပ်/တည့်ပေါက်တွေထဲက ရွေးချယ်စရာများနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ ပေ၄၀-၆၀ မြေကွက်ဆိုရင် သိန်း6000-9000 ကြားမှာ ရှိတာများပါတယ်။
၂၈ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများ
ဇေယံအိမ်ခြံမြေသို့ လာရောက်အရောင်း အပ်နှံကြသော Dataများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၂၈ရပ်ကွက်မှာ ဂရမ်မြေတွေက ပါမစ်မြေထက် သိသိသာသာပိုမိုများပြားလျက်ရှိနေတာကို တွေ့ရပါတယ်။ ၂၈ရပ်ကွက်မှာ ဂရမ်အမည်ပေါက်များ၊ဂရမ်တွေက အခြားသောပိုင်ဆိုင်မှုစာရွက်စာတန်း အမျိုးအစားများထက် ပိုမိုများပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒီလိုများပြားနေတာကြောင့် အရောင်းအဝယ်လုပ်ရာမှာ လွယ်ကူမြန်ဆန်ပြီး အရှုပ်အရှင်းကင်း စိတ်ချစွာ အိမ်ခြံမြေများကို ဝယ်ယူနိုင်တဲ့ အကျိုးကျေးဇူး ရှိနိုင်ပါတယ်။
Appendix 3: မြောက်ဒဂုံ၂၈ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၂၈ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် ၆၃.၂% ရှိတာကြောင့် ဈေးကွက်၏ ထက်ဝက်ကျော် နေရာယူထားတာကို တွေ့ရပါတယ်။ ၂၈ ရပ်ကွက်မှာ ပေ၄၀-၆၀က ၂၀-၆၀ ထက်များနေတာကို ကြည့်ခြင်းအားဖြင့် ၂၈ရပ်ကွက်က အိမ်ချေနည်းပြီး ခြံကျယ်တွေများကာ ဆိတ်ငြိမ်တဲ့ ရပ်ကွက်သန့်တစ်ခု ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
၂၈ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

၂၈ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ
၂၈ ရပ်ကွက်သည် ပြည်ထောင်စုလမ်းမကြီး၊ ဆရာစံလမ်းမကြီး၊ မဟာဗန္ဓုလ(ခေါ်)မန္တလေးလမ်းမကြီး တို့ဝန်းရံလျက်ရှိပြီး ၄င်းလမ်းမကြီးတွေပေါ်မှာ စီးပွားရေးလုပ်ငန်းများဖြင့် အချက်အချာကျ စည်ကားလျက်ရှိပါတယ်။ ရပ်ကွက်အတွင်းလမ်းတွေကလည်း လမ်းသာပြီး သွားလာရလွယ်ကူပါတယ်။ ဒါ့အပြင် ပင်လုံဆေးရုံကြီး၊ ဆေးခန်း၊ အထက်ကျောင်း၊ International School၊ ကုမ္ပဏီများ၊ စားသောက်ဆိုင်နှင့် လုပ်ငန်းအမျိုးမျိုးတို့ဖြင့် ဖွံ့ဖြိုးနေတဲ့ ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။
ပေ၂၀-၆၀ခြံနည်းပြီး ပေ၄၀-၆၀ ခြံအကျယ်တွေများတာကြောင့် လူနေအိမ်ခြေမစိပ်ဘဲ ရပ်ကွက်သန့်ပြီး ပတ်ဝန်းကျင် အေးချမ်းဆိတ်ငြိမ်တဲ့ အနေအထားလေး ရှိပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ အရောင်းစာရင်းတွေအရ လုံးချင်းအရောင်းတွေထက် မြေကွက် အရောင်းတွေ အနည်းငယ်ပိုများနေတာကိုလည်း တွေ့ရှိရပါတယ်။
ရပ်ကွက်သန့်ပြီး သွားလာရလွယ်ကူတဲ့ နေရာမျိုးမှာ နေထိုင်ချင်တဲ့ မိသားစုတွေအတွက် ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ Private ဆန်ဆန် အိမ်ဆောက်နေချင်ရင်ပဲဖြစ်ဖြစ် ဆောက်ပြီးသား အသင့်နေအိမ်ရှာတဲ့အခါဖြစ်ဖြစ် ရွေးချယ်ဖို့ သင့်တော်တဲ့ ရပ်ကွက်ကောင်းတစ်ခုဖြစ်ပါတယ်။ မိသားစုတွေရဲ့ နေ့စဥ်လိုအပ်ချက်တွေဖြစ်တဲ့ စားရေး၊ ဝတ်ရေးနဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားသောလိုအပ်ချက်အဝဝတွေအတွက်လည်း ပူစရာမလိုဘဲ အလွယ်တကူဖြည့်ဆည်းနိုင်တာမို့ ရွေးချယ်ဖို့ မမှားနိုင်ပါဘူး။ ပိုင်ဆိုင်မှုစာရွက်စာတန်းတွေအရလည်း ဂရန်(အမည်ပေါက်)တွေများတာကြောင့် အရှုပ်အရှင်းကင်းကင်းနဲ့ စိတ်ချလက်ချ ဝယ်ယူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
၂၈ ရပ်ကွက်က မြို့နယ်ရဲ့အစွန်မှာတည်ရှိပြီး ထိစပ်နေတဲ့ လမ်းတွေက လူသွားလူလာနည်းလို့ ဆိတ်ငြိမ်ခြောက်ကပ်တဲ့ အနေအထားအနည်းငယ်ရှိတာကြောင့် စီးပွားရေးလုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ၂၈ ရပ်ကွက်က မြောက်ဒဂုံမှာရှိတဲ့ အခြားသော ရပ်ကွက်တွေနဲ့ ယှဥ်ရင် ဈေးတန်းမြင့်တဲ့အထဲတော့ ပါဝင်နေပါတယ်။ ဒါလည်း သူရဲ့ ရပ်ကွက်တည်နေရာအနေအထား၊ ဘေးပတ်ဝန်းကျင်အခြေအနေနဲ့ ပိုင်ဆိုင်မှုစာရွက်စာတန်းတွေအရ ခိုင်မာကောင်းမွန်နေတာကြောင့်လို့ ယူဆနိုင်ပါတယ်။
ဒါ့ကြောင့် မြောက်ဒဂုံမှာနေဖို့ စဥ်းစာနေတယ်၊ ရပ်ကွက်သန့်ပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မျိုးလည်း ဖြစ်ရမယ်၊ ခြံကျယ်လုံးချင်းတွေများပြီး လမ်းသန့်/လမ်းသာတဲ့ နေရာမျိုးကို လိုချင်တယ်ဆိုရင်တော့ သင့်တင့်တဲ့ ဈေးတန်းတစ်ခုမှာရှိတဲ့ ၂၈ ရပ်ကွက်ကို ထည့်သွင်းစဥ်းစားနိုင်ပါတယ်။ မန္တလေးဈေးလည်း ရှိတဲ့အတွက် နေ့စဥ်စားရေးသောက်ရေးအတွက် အစားအသောက်များ လတ်လတ်ဆတ်ဆတ် ဝယ်ယူစားသုံးနိုင်ပါတယ်။
- မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၈ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၈ ရပ်ကွက်က ပြည်ထောင်စုလမ်းမမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်နဲ့ ထိစပ်နေတာကို (ဆက်ဖတ်ရန် နှိပ်ပါ)……
- မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၂ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ငမိုးရိပ်တံတားပေါ်ကဆင်းဆင်းချင်း မြင်တွေ့ရတဲ့ ဦးဝိစာရနဲ့ ဗထူးလမ်းမထောင့်က ရပ်ကွက်ဟာ (ဆက်ဖက်ရန် နှိပ်ပါ)…..
- မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၅ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ပင်လုံမေးတင်ရပ်ကွက်တစ်ခုဖြစ်တဲ့ (၃၅) ရပ်ကွက်က တောင်ဥက္ကလာနဲ့ ဒုတိယအနီးဆုံး VIP ရပ်ကွက်တစ်ခု (ဆက်ဖတ်ရန် နှိပ်ပါ)……
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…