မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

၃၄ ရပ်ကွက်ရဲ့ တည်နေရာအနေအထား
မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်က တောင်ဥက္ကလာဘက်ကနေ ဆင်းလာတာနဲ့ ပထမဆုံးမြင်ရတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ဘေလီတံတားကနေ တောင်ဥက္ကလာ၊ ရန်ကင်း အခြားသော မြို့နယ်တွေကို သွားလာရလွယ်ကူတဲ့ ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။ ၃၄ ရပ်ကွက်အတွင်း ယမနေနှင့် သရဖီဘက်တွေမှာ ရေကန်ရှိပြီး သင်းဝင်ဘက်မှာဆိုရင် အထက်တန်းကျောင်းရှိပါတယ်။ ၃၄ရပ်ကွက်က မြောက်ဒဂုံရဲ့ အပေါ်ဆုံးထောင့်ရပ်ကွက်ဖြစ်ပြီး ဈေးအကြီးဆုံး ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။
၃၄ ရပ်ကွက်၏ အဓိက လမ်းမတန်းများ
၃၄ ရပ်ကွက်သည် ပင်လုံမေးတင် ရပ်ကွက်များထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ထိစပ်နေတဲ့ လမ်းမကြီးတွေကတော့ ပင်လုံလမ်းမကြီး၊ ဦးဝိစာရလမ်းမကြီး၊ တပင်ရွှေထီးလမ်းမကြီးနှင့် ဗိုလ်မင်းရောင် လမ်းမကြီးတို့ပဲ ဖြစ်ပါတယ်။ ၃၄ရပ်ကွက်ရဲ့ လမ်းမတွေပေါ်မှာကတော့ ရတနာဆိုင်၊ ကျောင်း၊ စားသောက်ဆိုင်၊ Bar၊ စတိုးဆိုင်အမျိုးမျိုးနှင့် စီးပွားရေးလုပ်ငန်းတို့ဖြင့် အချက်အချက်ကျ စည်ကားသိုက်မြိုက်လို့ နေပါတယ်။အလွန်စည်ကားတဲ့ ပင်လုံလမ်းမပေါ်မှာ လုပ်ငန်းအများအပြားရှိပြီး ဘဏ်၊ Capital Super Market၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ဈေးဆိုင်၊ ကုန်စုံဆိုင်တို့ စုံစုံလင်လင်ရှိကြပါတယ်။ ဦးဝိစာရလမ်းမပေါ်မှာဆိုရင်လည်း ကားဝပ်ရှော့လုပ်ငန်းမျိား၊ စီးပွားရေးလုပ်ငန်းကြီးများရှိပြီး စက်မှုဇုန် ဧရိယာလေး ဖြစ်တာကြောင့် လုပ်ငန်းများစွာရှိပါတယ်။ ၃၄ ရပ်ကွက်ရဲ့ တပင်ရွှေထီးလမ်းမကတော့ လုပ်ငန်းကြီးကြီးမားမား များများစားစားမရှိဘဲ လူနေရပ်ကွက်ပတ်ဝန်းကျင်လေး ဖြစ်ပါတယ်။ ဗိုလ်မင်းရောင်လမ်းမကြီးပေါ်မှာကတော့ ကိုယ်ပိုင်ကျောင်းများ၊ ဖက်ရှင်ဆိုင်များ၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် တနိုင်တပိုင် လုပ်ငန်းအသေးစားများ ရှိကြပါတယ်။
၃၄ ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများကို သုံးသပ်ကြည့်ခြင်း
၃၄ ရပ်ကွက်ရဲ့ ပင်လုံလမ်းမကြီးနှင့် ဦးဝိစာရလမ်းမကြီးတွေပေါ်မှာ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို သိန်း 28000 ဝန်းကျင်ပေါက်ဈေးရှိပြီး တစ်ပေပတ်လည်ကို 12 သိန်း ဝန်းကျင် ဖြစ်ပါတယ်။ လမ်းမကြီးတည့်ပေါက်/ကျောကပ်က ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကိုတော့ သိန်း 10000 ဝန်းကျင်ဈေးရှိပြီး တစ်ပေပတ်လည်ကို 4 သိန်း နှုန်းထားပေါက်ပါတယ်။ ရပ်ကွက်အတွင်းလမ်းက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကိုတော့ သိန်း 8000-9000 ဝန်းကျင်အထိ ဈေးခေါ်ကြပါတယ်။ တစ်ပေပတ်လည်ပေါက်ဈေးအားဖြင့်တော့ ၃သိန်း ဝန်းကျင်မှာ ရှိပါတယ်။
မှတ်ချက်
အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။
Appendix:1 မြောက်ဒဂုံ ၃၄ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 ပင်လုံ/ ဦးဝိစာရလမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 28000
👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 10000
👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 8000
Appendix 2: မြောက်ဒဂုံ ၃၄ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၃၄ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 8000 ဝန်းကျင်ရှိပါတယ်။ သိန်း 10000 ဝန်းကျင် ဆိုရင်တော့ နေရာကောင်းတဲ့ လမ်းမကျောကပ်/တည့်ပေါက်တွေထဲက ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ ပေ၄၀-၆၀ မြေကွက်တစ်ဝက်နီးပါးလောက်က သိန်း6000-9000 ကြားမှာ ရှိပါတယ်။
၃၄ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် အရောင်းစာရင်းတည်နေရာအနေအထား ဖော်ပြခြင်း
ဇေယံအိမ်ခြံမြေမှာ လာရောက်အပ်နှံထားကြသော အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၃၄ ရပ်ကွက်မှာ ဂရန်မြေအမျိုးအစားမြေကွက်များသာ ရှိနေတာကို တွေ့ရပါတယ်။ ၃၃ ရပ်ကွက်ကွက် မြေကွက်အရောင်းတွေရဲ့ ပိုင်ဆိုင်မှုစာရွက်စာတန်း စာရင်းများအရ နှစ်၆၀ ဂရန်မြေ၊ ဂရန်(အမည်ပေါက်)တွေက 80%ကျော်ရှိပြီး ကျန်တဲ့ ရာခိုင်နှုန်းအနည်းငယ်ကတော့ ဂရန်(SP)၊ ဂရန်(အမွေဆက်ခံပိုင်ဆိုင်ကြောင်း)နှင့် ဂရန်လျှောကိထားဆဲတို့ ဖြစ်ကြပါတယ်။ ဒါကြောင့်စာရွက်စာတန်းအားဖြင့် ခိုင်မာပြီး အရှုပ်အရှင်းကင်း အရောင်းတွေ အများစု ရှိကြပါတယ်။ မြေကွက်အရောင်းစာရင်းများရဲ့ တည်နေရာအနေအထားဖော်ပြချက်အရ ရပ်ကွက်အတွင်းလမ်းမှာရှိတဲ့ မြေကွက်အရောင်းတွေက 50% ကျော်ရှိပြီး ကျန်40%ကျော်မှာ လမ်းမကျောကပ်/တည့်ပေါက်နှင့် လမ်းမမေးတင် အရောင်းတွေ ဖြစ်ကြပါတယ်။ ၃၄ ရပ်ကွက်မှာ ပေ၄၀-၆၀ မြေကွက်အရောင်းတွေက 75%ကျော်ရှိနေတာကို တွေ့ရပြီး ပေ၂၀-၆၀၊ ၈၀-၆၀နှင့်၃၀-၆၀ ခြံအကျယ်တို့ အနည်းငယ်စီ ရှိပါတယ်။
Appendix 3: မြောက်ဒဂုံ ၃၄ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၃၄ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 75.8% ရှိတာကြောင့် ဈေးကွက်၏ ၄ပုံ၃ပုံကျော် နေရာယူထားတာကို တွေ့ရပါတယ်။ ၃၄ ရပ်ကွက်မှာ ပေ၄၀-၆၀က ၂၀-၆၀ ထက် သိသိသာသာ များနေတာကို ကြည့်ခြင်းအားဖြင့် ၃၄ ရပ်ကွက်သည် ခြံကျယ်လုံးချင်းနှင့် အိမ်ကြီးအိမ်ကောင်းတွေများမယ့် ရပ်ကွက်တစ်ခုအဖြစ် သုံးသပ်နိုင်ပါတယ်။
၃၄ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

၃၄ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ
၃၄ ရပ်ကွက်သည် အဓိကကျတဲ့ လမ်းမကြီးတွေနဲ့ ထိစပ်နေတာကြောင့် သွားရေးလာရေးလွယ်ကူပါတယ်။ အတွင်းလမ်းမကျယ်တွေလည်းရှိတာကြောင့် လမ်းအဝင်အထွက်သာပြီး လမ်းကျယ်ပတ်ဝန်းကျင်ကောင်းတဲ့ ရပ်ကွက်သန့်တစ်ခု ဖြစ်ပါတယ်။ ခြံကျယ်လုံးချင်းအိမ်ကြီးအိမ်ကောင်းတွေများတဲ့အတွက် ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုစာရွက်စာတန်းအရလည်း ဂရန်(အမည်ပေါက်)တွေအများအပြားရှိတဲ့အတွက် အရောင်းအဝယ်လုပ်ရ လွယ်ကူ လုပ်ငန်းစဥ် မြန်ဆန်နိုင်မယ့် ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ တပင်ရွှေထီးနဲ့ ဗိုလ်မင်းရောင်လမ်းမဆုံရာအနီးမှာ ၄၀ဈေးရှိလို့ မိသားစုနေ့စဥ် ချက်ပြုတ်စားသောက်ရေးအတွက် ဝယ်ခြမ်းရလွယ်ကူသလို သင်းဝင်လမ်းထိပ်က Capital မှာလည်း နီးနီးနားနား သွားရောက်ဝယ်ယူနိုင်ပါတယ်။
၃၄ ရပ်ကွက်က ဈေးတန်းအရများပြီး မြောက်ဒဂုံရဲ့ ဈေးအကြီးဆုံး ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကလည်း ရပ်ကွက်ရဲ့ တည်နေရာအနေအထားအချက်အချာကျခြင်း၊ လမ်းသာပြီး ပတ်ဝန်းကျင်ကောင်းတဲ့ ရပ်ကွက်သန့်တစ်ခုဖြစ်ခြင်း၊ စာရွက်စာတန်းအရခိုင်မာမှုရှိခြင်းတို့ကြောင့် ဈေးမြင့်နေတဲ့ ရပ်ကွက်တစ်ခုဖြစ်ကြောင်း သတ်မှတ်နိုင်ပါတယ်။ တပင်ရွှေထီးနဲ့နီးတဲ့ ရပ်ကွက်ဘက်ခြမ်းမှာ သိပ်မတိုးတက်သေးတဲ့ အခြေအနေရှိပြီး ကန်ထရိုက်နဲ့ လူဟောင်းအချို့ရှိနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်ခြံမြေဈေးတွေကလည်း ၃၄ရပ်ကွက်ရဲ့ အခြားသော အပိုင်းတွေထက် ဈေးနည်းတာကို တွေ့ရှိရပါတယ်။ ရေကန်ရှိတဲ့ ယမနေဘက်လိုနေရာမျိုးမှာတော့ မိုးတွင်းမိုးရွာတဲ့အခါမျိုးမှာ ဘေးပတ်ဝန်းကျင်အနည်းငယ် ရေတက်နိုင်ပါတယ်။ ဒီ့အပြင် ၃၄ရပ်ကွက်က လေးထောင့်မဆန်လို့ ဦးဝိစာရနဲ့ ပင်လုံလမ်းမအနီးဆုံးရာ အကွက်တွေက ပေ၄၅-၆၀ဖြစ်နေတဲ့ အနေအထားကို တွေ့ရပါတယယ်။
အချက်အချာကျစည်ကားတဲ့ လမ်းမကြီးတွေနဲ့ ထိစပ်နေလို့ Locationကောင်း၊ သွားလာရလွယ်ကူပြီး အဝင်အထွက်သာတဲ့နေရာမျိုး၊ လုံးချင်းအိမ်ကြီးအိမ်ကောင်းတွများပြီး ပတ်ဝန်းကျင်ကောင်းတဲ့ ဆိတ်ငြိမ်ရပ်ကွက်သန့်အိမ်ကြီးအိမ်ကောင်းများတဲ့ နေရာမျိုးမှာ လမ်းကျယ်၊ ခြံကျယ်ကျယ်နဲ့မိသားစုအေးအေးဆေးဆေး အိမ်ဆောက်နေချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဆောက်ပြီးသားအသင့်တက်နေအိမ်ကောင်းကောင်း လိုချင်ရင်ဖြစ်ဖြစ် စာရွက်စာတန်းအရလည်း အရှုပ်အရှင်းအကင်းဆုံးနဲ့ လွယ်ကူချောမွေ့နိုင်လို့ ရွေးချယ်ဖို့ အသင့်တော်ဆုံး ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ကားဝပ်ရှော့၊ ဆိုင်ခန်း၊ စီးပွားရေးလုပ်ငန်းလုပ်မယ့်သူတွေအနေနဲ့ကတော့ လမ်းမမေးတင်ပေါ်က အရောင်းတွေကို ရွေးချယ်သင့်ပါတယ်။ လူကြိုက်များပြီး အိမ်ခြံမြေအရောင်းကွက်ထွက်တာနည်းပြီး ရှိတဲ့အရောင်းကွက်တွေကလည်း မြန်မြန်ရောင်းထွက်တတ်တဲ့ ရပ်ကွက်တစ်ခုဖြစ်တာကြောင့် ဈေးတန်းမြင့်သော်လည်း ရင်းနှီးမြှုပ်နှံလိုသူ/ ဝယ်ရောင်းတွေအနေနဲ့လည်း ရွေးချယ်နိုင်တဲ့ ရပ်ကွက်ပဲ ဖြစ်ပါတယ်။
ပင်လုံမေးတင်ရပ်ကွက်တစ်ခုဖြစ်တဲ့ (၃၅) ရပ်ကွက်က တောင်ဥက္ကလာနဲ့ ဒုတိယအနီးဆုံး VIP ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။
၃၅ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများမြောက်ဒဂုံမြို့နယ်မှာ
(ဆက်ဖတ်ရန် နှိပ်ပါ)……
- ၃၆ ရပ်ကွက်သည် ပင်လုံမေးတင် ရပ်ကွက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အလယ်ကျတာကြောင့် နီးစပ်ရာမြို့နယ်တွေဖြစ်တဲ့ တောင်ဥက္ကာ၊ သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံနဲ့ တောင်ဒဂုံတို့ကို သွားလာရလွယ်ကူပါတယ်။ (ဆက်ဖက်ရန် နှိပ်ပါ)…..
- ၃၇ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၇ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုအပါအဝင်ဖြစ်ပြီး ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်လေးဖြစ်ပါတယ်။ ၃၇ ရပ်ကွက် (ဆက်ဖတ်ရန် နှိပ်ပါ)……
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…