Zayyan

မြောက်ဒဂုံမြို့နယ် ၃၆ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

  • ၃၆ရပ်ကွက်ရဲ့ တည်နေရာအနေအထား

        ၃၆ ရပ်ကွက်သည် ပင်လုံမေးတင် ရပ်ကွက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အလယ်ကျတာကြောင့် နီးစပ်ရာမြို့နယ်တွေဖြစ်တဲ့ တောင်ဥက္ကာ၊ သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံနဲ့ တောင်ဒဂုံတို့ကို သွားလာရလွယ်ကူပါတယ်။ ၃၆ရပ်ကွက်ကို အပိုင်း (၄)ပိုင်းခွဲအနေနဲ့ခွဲခြားနိုင်ပြီး ပထမတစ်ပိုင်းအနေနဲ့ မဟာဗန္ဓုလ၊ ပင်လုံ၊ ဗိုလ်ဆွန်ပက်၊ လောပိတလမ်းမတွေ ဝန်းရံထားတဲ့အပိုင်းမှာဆိုရင် ဖွံ့ဖြိုးမှုသိပ်မရှိသေးပေမဲ့ ပင်လုံလမ်းမနဲ့နီးတဲ့အတွက် အဝင်အထွက်သာပါတယ်။ လောပိတ၊ မဟာဗန္ဓုလ၊ တပင်ရွှေထီး၊ ဗိုလ်ဆွန်ပက်လမ်းတို့ဝန်းရံထားတဲ့ ဒုတိယတစ်ပိုင်းမှာတော့ လူနေအိမ်များပါတယ်။ အတွင်းပိုင်းနည်းနည်းရောက်သွားတဲ့အတွက် အဝင်အထွက်အရမ်းမသာပေမဲ့ အေးအေးဆေးဆေး နေချင်တဲ့ သူတွေအတွက် အဆင်ပြေတဲ့ ရပ်ကွက်ပိုင်းတစ်ခု ဖြစ်ပါတယ်။ ဗိုလ်ဆွန်ပက်၊ တပင်ရွှေထီး၊ ဘုရင့်နောင်နဲ့ လောပိတလမ်းတို့ ဝန်းရံထားတဲ့ အပိုင်းမှာတော့ ပေ၂၀-၆၀ခြံထက် ၄၀-၆၀အကျယ်အဝန်းတွေက ပိုများတာကို တွေ့ရပြီး လမ်းကျယ်၊ ပတ်ဝန်းကျင်တိတ်ဆိတ်ကာ၊ အိမ်ကြီးအိမ်ကောင်းတွေများလို့ အနည်းငယ် privateဆန်တဲ့ အပိုင်းလေး ဖြစ်ပါတယ်။ ပင်လုံ၊ ဗိုလ်ဆွန်ပက်၊ လောပိတနှင့် ဘုရင့်နောင်လမ်းမတွေ ဝန်းရံထားတဲ့ အပိုင်းလေးဟာ အိမ်ကြီးအိမ်ကောင်း ခပ်ကျဲကျဲနဲ့ ပေ၆၀-၈၀အကျယ်တွေများလို့ အထူးခြားဆုံးနဲ့ VIP အဆန်ဆုံးအပိုင်းလေး ဖြစ်ပါတယ်။ ၃၆ ရပ်ကွက်ကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် သက်ဆိုင်ရာအပိုင်းအသီးသီးမှာ လူနေအိမ်ခြေပြီး ကားမောင်းသင်တန်းကျောင်း၊ ယာယီဈေး၊ အားကစားကွင်း၊ ပန်းခြံတို့လိုမြေကွက်လွတ်တွေ များနေတာကို တွေ့ရပါတယ်။ နေ့စဥ်စားသောက်ရေးအတွက် ရပ်ကွက်ဈေးများဖြစ်တဲ့ ဘုရင့်နောင်ဈေး/ မန္တလေးဈေး/ ၃၉ရပ်ကွက်ဈေး၊ မူလတန်းကျောင်း၊ အရှေ့အနောက် ပါရမီဆေးရုံတို့နှင့်အနီး တည်ရှိပါတယ်။
    
  • ၃၆ရပ်ကွက်၏ အဓိကလမ်းမတန်းများ

     ၃၆ ရပ်ကွက်သည် ပင်လုံလမ်းကြီး၊ ဘုရင့်နောင်လမ်းမကြီး၊ မဟာဗန္ဓုလ(ခေါ်)မန္တလေးလမ်းမကြီး၊ တပင်ရွှေထီးလမ်းမကြီးတို့နှင့် ထိစပ်နေတဲ့အပြင် ရပ်ကွက်အတွင်း ဖြတ်ပေးနေတဲ့ လောပိတလမ်းမနှင့် ဗိုလ်ဆွန်ပတ်လမ်းမကြီးတို့လည်း ရှိပါတယ်။ ပင်လုံလမ်းမပေါ်မှာဆိုရင် လိုင်းကားပြေးဆွဲလျက်ရှိပြီး အရှေ့အနောက်ပါရမီဆေးရုံ၊ ပင်လုံနဲ့ ဗိုလ်ဆွန်ပက်လမ်းထောင့်မှာ City Mart Super Marketနှင့် ကျန်တဲ့နေရာလေးတွေမှာ စားသောက်ဆိုင်အနည်းငယ်ရှိပါတယ်။ ၃၆ရပ်ကွက်ရဲ့ ပင်လုံလမ်းမကြီးဟာဆိုရင် ၃၄, ၃၅ရပ်ကွက်တွေနဲ့ ယှဥ်ပါက စည်ကားမှုသိပ်မရှိတာကို တွေ့ရပါတယ်။ မဟာဗန္ဓုလလမ်းမကြီးပေါ်မှာကတော့ လက်ဘက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ ရုံးခန်းနဲ့ လုပ်ငန်းအချို့ ရှိကြပါတယ်။ ၃၆ ရပ်ကွက်ရဲ့ တပင်ရွှေထီးလမ်းမကြီးကလည်း စည်ကားမှုသိပ်မရှိဘဲ လူနေအိမ်ခြေနဲ့ အိမ်ဆိုင်အနည်းငယ်သာရှိတာကို တွေ့ရပါတယ်။ တပင်ရွှေထီးနဲ့ လောပိတကြားမှာရှိတဲ့ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ လူနေအိမ်များသာ အများအားဖြင့် တည်ရှိပြီး လောပိတနဲ့ ပင်လုံကြားက ဘုရင့်နောင်လမ်းကတော့ အကွက်ကျယ်တွေ ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်း တော်တော်များများနဲ့  ကြက်တောင်ကွင်း ဖြစ်တဲ့ Legacy Sport Arena နဲ့ The Buzz စားသောက်ဆိုင်လို စည်ကားတဲ့ နေရာတွေရှိပါတယ်။
    
  • ၃၆ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများ

        ၃၆ ရပ်ကွက်ရဲ့ လမ်းမမေးတင်ပေါ်က ပေ၄၀-၆၀ မြေကွက်တစ်ကွက်ရဲ့ တစ်ပေပတ်လည်ဈေးနှုန်းမှာ 9 သိန်းဝန်းကျင်ရှိပြီး ဈေးတန်းအားဖြင့်တော့ သိန်း 21000 ဝန်းကျင်မှာ ရှိပါတယ်။
    
       ရပ်ကွက်အတွင်းလမ်းကျယ်၊ လမ်းမကျောကပ်/တည့်ပေါက်လို နေရာကောင်းမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း 7000-8000 ဝန်းကျင်မှာ ကာလပေါက်ဈေးရှိပြီး တစ်ပေပတ်လည်ကို 3 သိန်း ဝန်းကျင် ဈေးပေါက်ပါတယ်။
    
       ရပ်ကွက်အတွင်းထဲက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကိုတော့ သိန်း 6500 ဝန်းကျင် ပေါက်ဈေးရှိနေပြီး တစ်ပတ်ပတ်လည်အားဖြင့် 2သိန်းခွဲ ကနေ 3 သိန်း ဝန်းကျင်ပေါက်ဈေးရှိပါတယ်။
    

မှတ်ချက်

အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။

Appendix:1 မြောက်ဒဂုံ ၃၆ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 21000

👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ လမ်းမကျောကပ်/တည့်ပေါက်ဈေး – သိန်း 8000

👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 6500

Appendix 2: မြောက်ဒဂုံ ၃၆ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၃၆ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တွေရဲ့ ကြမ်းခင်းဈေးက သိန်း 6000 ဝန်းကျင်ကနေ စပါတယ်။ လမ်းမကျောကပ်/တည့်ပေါက်နဲ့ အတွင်းလမ်းမကျယ်တွေကတော့ သိန်း8000 ဝန်းကျင်မှာ ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ သိန်း 3000-6000 ကြားအရောင်းတွေက အနည်းငယ်မျှ ပိုများနေတာ ဖြစ်ပါတယ်။

  • ၃၆ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မြေကွက်အရောင်းတည်နေရာများ

        ဇေယံ အိမ်ခြံမြေမှာ လက်ရှိ အပ်နှံထားတဲ့ အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်များနှင့် ချိတ်ဆက်ထားတဲ့ အရောင်းစာရင်းများအရ ၃၆ ရပ်ကွက်ထဲမှာ ဂရန်မြေနဲ့ အမည်ပေါက် အမျိုးအစား အများစုရှိနေတာကို တွေ့ရပါတယ်။
    
     ရာခိုင်နှုန်းအားဖြင့် ဂရန်မြေနှင့် ဂရန်အမည်ပေါက်ပြီးသာ 35%ကျော်စီ၊ ဂရန်မိတ္တူခြမ်း/(SP)၊ ပါမစ်၊ ဂရန်ကတုံး/မူရင်းခြမ်း/လျှောက်ထားဆဲ အမျိုးအစားတို့ ပါဝင်ကြပါတယ်။ ဂရန်မြေအများစုရှိနေတာကြောင့် စာရွက်စာတန်း အရှုပ်အရှင်းကင်းပြီး ခိုင်မာတဲ့ အနေအထားရှိပါတယ်။
    
       အရောင်းစာရင်းတွေရဲ့ တည်နေရာအနေအထားတွေအရ ၃၂ ရပ်ကွက်ထဲမှာ ရပ်ကွက်အတွင်းလမ်း 40%ကျော်၊ လမ်းမကျောကပ်/တည့်ပေါက်က 30%ခန့်နှင့် လမ်းမေးတင်ပေါ်မှာက 25% ဝန်းကျင် အရောင်းအရေအတွက်နှုန်းထား အသ်ီးသီးရှိကြတာကို တွေ့ရှိရပါတယ်။ အကျယ်ပေအားဖြင့်တော့ ပေ၄၀-၆၀ 50% ဝန်းကျင်နှင့် ၂၀-၆၀၊ ၅၀-၆၀၊ ၆၀-၆၀၊ ၈၀-၆၀၊နှင့် ပေ၁၀၀ ပတ်လည်တို့  ရှိကြပါတယ်။
    

Appendix 3: မြောက်ဒဂုံ ၃၆ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၃၆ ရပ်ကွက်တွင်း မြေကွက်အရောင်းအရေအတွက်ပြ စက်ဝိုင်းအရ ပေ၄၀-၆၀ က ထက်ဝက်နီးပါးရှိနေတာကို တွေ့ရပြီး ၂၀-၆၀၊ ၅၀-၆၀၊ ၆၀-၆၀၊ ၈၀-၆၀နှင့် ၁၀၀ပတ်လည် အကွက်တို့ရှိဖြစ်ကြလို့ လုံးချင်းခြံကျယ်ကျယ်များမယ့် ရပ်ကွက်သန့်တစ်ခု ဖြစ်ပါတယ်။

၃၆ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

၃၆ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ

     ၃၆ ရပ်ကွက်အတွင်းမှာ စစ်တောင်း City Mart၊ Hallway International School၊ မူလတန်းကျောင်း၊ မူကြိုကျောင်း၊ သင်တန်းကျောင်းအမျိုးမျိုး၊ East West Parami Hospital နှင့် ရပ်ကွက်အားကစားကွင်း တို့ရှိတဲ့အတွက် မိသားစုတွေအတွက် ကျန်းမားရေး၊ ပညာရေးနှင့် စားရေးသောက်ရေးအတွက် အချိန်အများကြီးပေးစရာမလိုဘဲ နီးနီးနားနားလွယ်ကူမြန်ဆန်စွာ ရရှိနိုင်ပါတယ်။ လိုင်းကားများပြေးဆွဲနေတဲ့ ပင်လုံမေးတင်ရပ်ကွက်ဖြစ်ပြီးရပ်ကွက်အတွင်းလမ်းကို ဖြတ်ပြေးနေတဲ့ အတွင်းလမ်းမကျယ်တွေလည်းရှိတာကြောင့် လမ်းသာပြီး သွားရေးလာရေးလွယ်ကူပါတယ်။

      ၃၆ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုဖြစ်တဲ့အလျောက် ဈေးတန်းအားဖြင့် များတဲ့အနေအထားလေးတော့ ရှိပါတယ်။ ပိုင်ဆိုင်မှုစာရွက်စာတန်းအားဖြင့်တော့ ဂရန်/ပါမစ်အမျိုးအစားစုံတာကို တွေ့ရလို့ ဂရန်(အမည်ပေါက်)ကို ရွေးချယ်နိုင်မယ့် အခွင့်အရေး အကန့်အသတ်ရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။

     ၃၆ရပ်ကွက်ရဲ့ အပိုင်း(၄)ပိုင်းမှာ ၃ပိုင်းက ပေ၂၀-၆၀ခြံတွေများသော်လည်း လူနေအိမ်ခြေနည်းလို့ လမ်း/ပတ်ဝန်းကျင်သန့် သပ်ရပ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းပြီး ဈေး၊ ကျောင်း၊ ဆေးရုံတွေနဲ့ နီးလို့ သွားလာရေးလွယ်ကူပါတယ်။ ပင်လုံလမ်းမကြီးအနီးမှာလိုချင်တယ်၊ ပေ၄၀-၆၀ budgetလောက်မသုံးချင်ဘူးဆိုရင်တော့ ပေ၂၀-၆၀များတဲ့ ၃၆ရပ်ကွက်ကို မိသားစုအေးအေးဆေးဆေးနေဖို့ ရွေးချယ်သင့်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် private ဆန်ဆန်နေချင်တဲ့ သူတွေဆိုရင်တော့ အကွက်လွတ်တွေများတဲ့ အပိုင်း၄ကို ပိုပြီးရွေးချယ်သင့်ပါတယ်။
 

  • မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၈ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၈ ရပ်ကွက်က ပြည်ထောင်စုလမ်းမမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်နဲ့ ထိစပ်နေတာကို (ဆက်ဖတ်ရန် နှိပ်ပါ)…… 
  • မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၄ ရပ်ကွက်ရဲ့ တည်နေရာအနေအထား မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်က တောင်ဥက္ကလာဘက်ကနေ ဆင်းလာတာနဲ့ ပထမဆုံးမြင်ရတဲ့  (ဆက်ဖက်ရန် နှိပ်ပါ)…..
  • ၃၇ ရပ်ကွက်ရဲ့ တည်နေရာအနေအထား  ၃၇ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုအပါအဝင်ဖြစ်ပြီး ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်လေးဖြစ်ပါတယ်။  ၃၇ ရပ်ကွက် (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…