Zayyan

မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

  • ၄၀ ရပ်ကွက်ရဲ့ တည်နေရာအနေအထား

       ၄၀ ရပ်ကွက်ဟာလည်း မြောက်ဒဂုံမြို့နယ်ရဲ့အလယ် အတွင်းကျတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပြီး ဗထူး/ ပင်လုံဘက်ကို သွားလာရ အဆင်ပြေပါတယ်။ ၄၀ရပ်ကွက်ထဲမှာကတော့ ရပ်ကွက်အလယ်မှာ အ.မ.က(၁၂)ကျောင်း၊ ရာဇဓိရာဇ်လမ်းဘက်မှာ အ.ထ.က(၅)၊ တပင်ရွှေထီးဘက်မှာ အမှတ်(၄)ဈေးနဲ့ Yoma Land က စီစဥ်ဆောင်ရွက်နေတဲ့ အိမ်ရာစီမံကိန်းတစ်ခု ရှိပါတယ်။ ၄၀ ရပ်ကွက်က အရမ်းဖွံ့ဖြိုးတိုးတက်နေတဲ့ ရပ်ကွက်တစ်ခုတော့ မဟုတ်ပါဘူး။ ပေ၂၀-၆၀ ခြံတွေကလည်း ပေ၄၀-၆၀ခြံတွေထက် ပိုများပြီး အိမ်အသစ်တွေကို သိပ်မတွေ့ရသေးပါဘူး။ ပေ၄၀-၆၀ခြံနဲ့ အိမ်အသစ်တွေကတော့ ရပ်ကွက်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာ ပိုရှိပြီး ရပ်ကွက်ရဲ့ မြောက်ဘက်ခြမ်း ၃၉ ရပ်ကွက်နဲ့ နီးတဲ့နေရာတွေမှာတော့ ရေတက်တတ်ပါတယ်။ ရပ်ကွက်ရဲ့ အနောက်မြောက်ဘက်ခြမ်းက ပင်လုံခန်းမနဲ့နီးတဲ့အတွက် အဆောင်/အိမ်ငှါးများပြီး ရေတက်နိုင်တဲ့ အခြေအနေရှိပါတယ်။
    
  • ၄၀ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ

       ၄၀ ရပ်ကွက်မှာရှိတဲ့ အဓိက လမ်းမကြီးတွေက ဘုရင့်နောင်၊ တပင်ရွှေထီး၊ ဗိုလ်မင်းရောင်၊ ရာဇဓိရာဇ်နှင့် မင်းရဲကျော်စွာ လမ်းမကြီးတို့ ဖြစ်ကြပါတယ်။ ဘုရင့်နောင်လမ်းမပေါ်မှာ ဘီယာဆိုင်၊ စားသောက်ဆိုင်အများစုနဲ့ ရုံခန်းတို့ရှိပြီး တပင်ရွှေထီးလမ်းမပေါ်မှာဆိုရင်တော့ အမှတ်(၄)ဈေးရှိတဲ့အတွက် အနီးတဝိုက်မှာ ကုန်စုံဆိုင်၊ စတိုးဆိုင်နဲ့ အိမ်ဆိုင်လေးတွေ အများအပြား ရှိကြပါတယ်။ ဗိုလ်မင်းရောင်လမ်းမကြီးပေါ်မှာ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နဲ့ ကော်ဖီဆိုင်တွေသာ တွေ့ရပြီး မင်းရဲကျော်စွာနဲ့ ရာဇဓိရာလမ်းမတွေကတော့ အဆောင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ မုဒီတာဆေးရုံတို့နဲ့ စည်ကားနေတာကို တွေ့ရပါတယ်။
    
  • ၄၀ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းအခြေအနေများ

        ၄၀ ရပ်ကွက် လမ်းမမေးတင်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို ကာလတန်ဖိုးအားဖြင့် ပျမ်းမျှ သိန်း 15000 ဝန်းကျင်ဈေးပေါက်ပါတယ်။ ဒါကြောင့် တစ်ပေပတ်လည်ဈေးနှုန်းက 6သိန်းဝန်းကျင်မှာ ရှိပါတယ်။
    
       အတွင်းလမ်းကျယ်၊ လမ်းမကျောကပ်နဲ့ တည့်ပေါက်လိုနေရာမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ဆိုရင် ပျမ်းမျှသိန်း 6000-6500 ဝန်းကျင် လောက်ကနေစ,ပါတယ်။တစ်ပေပတ်လည် ဈေးနှုန်းဟာဆိုရင် 2 သိန်းခွဲ ဝန်းကျင်ပေါက်ဈေးရှိပါတယ်။
    
       ရပ်ကွက်တွင်း ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း5500 ဝန်းကျင်လောက်ကနေစ,ပြီး  တစ်ပေပတ်လည်ကို ၂သိန်းဝန်းကျင် ဈေးပေါက်လို့နေပါတယ်။
    

မှတ်ချက်

အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။

Appendix:1 မြောက်ဒဂုံ ၄၀ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 15000

👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 6500

👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 5000

Appendix 2: မြောက်ဒဂုံ ၄၀ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၄၀ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မြေကွက်အရောင်း တည်နေရာအနေအထားများ ဖော်ပြခြင်း

  ဇေယံအိမ်ခြံမြေမှာ လာရောက်အပ်နှံထားကြသော အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၃၈ ရပ်ကွက်မှာ လက်ရှိ ဂရန်(အမည်ပေါက်)30% ခန့်နှင့် ဂရန်မြေ 26% ဝန်းကျင်နှင့် ကျန်သော ရာခိုင်နှုန်းအချို့တို့မှာ ဂရန်မူရင်းခြမ်း/မိတ္တူခြမ်း/SP/ဂတုံး/ လျှောက်ထားဆဲ နှင့် အခြားသော ပါမစ်မူရင်းခြမ်း/မိတ္တူခြမ်း တို့လို အနည်းငယ် ရှိကြပါတယ်။ 

  ဒါကြောင့် ဂရန်မြေအများစုရှိနေတာကို တွေ့ရသော်လည်း စာရွက်စာတန်းအခြေအနေက အမျိုးအစားစုံနေတာကြောင့် အရောင်းအဝယ်လုပ်ငန်းစဥ်အတွက် ခက်ခဲကြန့်ကြာတာမျိုး ရှိနိုင်ပါတယ်။ 

  မြေကွက် အရောင်းစာရင်းများရဲ့ တည်နေရာအနေအထားအရ ရပ်ကွက်အတွင်းလမ်း 60%ကျော်၊ လမ်းမကျောကပ်/တည့်ပေါက်မှာက 26%ကျော်နှင့် လမ်းမကြီးပေါ်မှာ 11% ကျော်တို့ဖြင့် အသီးသီး ရှိကြပါတယ်။ အကျယ်ပေအားဖြင့်လည်း ပေ၄၀-၆၀ မြေကွက်အရောင်းတွေက 60%ခန့်ရှိပြီး ပေ၂၀-၆၀ 40%ကျော်နှင့် ၆၀ပတ်လည် မြေကွက်အရောင်းတွေ ရှိကြပါတယ်။

Appendix 3: မြောက်ဒဂုံ ၄၀ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၄၀ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 58% ခန့်ရှိတာကြောင့် ဈေးကွက်၏ ထက်ဝက်ကျော် နေရာယူထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ခြံကျယ်ပြီး ရပ်ကွက်သန့်မယ်လို့ ယူဆနိုင်ပါတယ်။ မြောက်ဒဂုံမှာ ၄၀-၆၀ မြေအကျယ်ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရနိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။

၄၀ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

👉 ၄၀ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ

    ၄၀ ရပ်ကွက်တွင်းမှာ Internaltion School၊ သင်တန်းကျောင်း၊ ဥယျာဥ်ခြံနှင့် ရုံးခန်းတို့ရှိပြီး ဆေးရုံ၊ ကျောင်း၊ ဈေးတို့နဲ့လည်း နီးတဲ့အပြင် ရပ်ကွက်က မြို့နယ်အလယ်မှာရှိတဲ့အတွက် အခြားရပ်ကွက်တွေကို ဖြတ်သန်းသွားလာရတာ လွယ်ကူပါတယ်။ လူစည်လို့ ဆိုင်ဖွင့်လို့ကောင်းတဲ့ ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။ လုံးချင်းနှင့် မြေကွက်အရောင်း အရေအတွက်အားဖြင့်လည်း မြေကွက်အရောင်းတွေ 65%ကျော်ရှိတာကြောင့် အိမ်အရောင်းထက် ပိုများတာကို တွေ့ရပါတယ်။ ရှိနေတဲ့ မြေကွက်အရောင်းထဲကမှ ပေ၄၀-၆၀ ခြံအကျယ်တွေများတဲ့ အတွက် ခြံကျယ်ကျယ်အိမ်ဆောက်လိုသူများအတွက် အဆင်ပြေပါတယ်။ ဈေးတန်းအားဖြင့် အခြားသောရပ်ကွက်တွေနဲ့ယှဥ်ရင် ဈေးသင့်တင့်တဲ့အပြင် ဈေးတန်း စုံစုံလင်လင်ရှိပြီး သိန်း3000-6000 ဝန်းကျင်တွေများတာကြောင့်  မြောက်ဒဂုံမှာ ပေ၄၀-၆၀ခြံအကျယ်ကို သိန်း 6000 ဝန်းကျင်ရှာနေသူများအတွက် အဆင်ပြေနိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ 

   အားနည်းချက်အားဖြင့်တော့ ရပ်ကွက်ရဲ့ တည်နေရာအနေအထားအရ အတွင်းနည်းနည်းကျပါတယ်။ ၃၉ရပ်ကွက်က ရေကြီး/ရေတက်တတ်ပြီး အဆောင်/အိမ်ငှါးများကာ သိပ်မဖွံ့သေးတဲ့ အနေအထားဖြစ်တဲ့အတွက် အေးအေးဆေးဆေး နေလိုတဲ့ မိသားစုအတွက် အဆင်မပြေနိုင်ပါဘူး။ စာရွက်စာတန်းအနေနဲ့ အမျိုးအစားစုံပြီး ဂရန်(အမည်ပေါက်)နည်းတာကြောင့် အရောင်းအဝယ်လုပ်ငန်းစဥ်အတွက် လွယ်ကူချောမွေ့မှု မရှိနိုင်တာကို ထည့်သွင်းစဥ်းစားထားသင့်ပါတယ်။

   ဒါ့ကြောင့် မိသားစုနေဖို့ မြောက်ဒဂုံပေ၄၀-၆၀ ခြံအကျယ်ကို ဈေးတန်းအရမ်းမမြင့်ဘဲ ဈေး၊ ကျောင်း၊ ဆေးရုံနဲ့လည်းနီးမယ့်ရပ်ကွက်ကောင်း တစ်ခုမှာရှာနေတယ်ဆိုရင်တော့ ထည့်သွင်းစည်းစားနိုင်တဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ဒါ့အပြင် လူစည်ပြီး အိမ်ခြလည်းများလို့ အိမ်နေရင်းစီးပွားရေးလုပ်ဖို့ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံထားချင်ရင်ဖြစ်ဖြစ် ရွေးချယ်နိုင်ပါသေးတယ်။ ၄၀ ရပ်ကွက်က ပင်လုံခန်းမနဲ့နီးလို့ ကန်ထရိုက်တာများ၊ အဆောင်ဖွင့်ချင်သူများ၊ ရင်းနှီးမြှုပ်နှံလိုသများအတွက် အထူးသင့်တော်ပြီး စီးပွားရေးလုပ်ငန်းရှင်များ ဆိုင်ခန်းဖွင့်ချင်သူများအတွက်လည်း လူစည်ကားလို့ ရွေးချယ်နိုင်တဲ့ ရပ်ကွက်တစ်ခုပဲ ဖြစ်ပါတယ်။
 

  • မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၈ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၈ ရပ်ကွက်က ပြည်ထောင်စုလမ်းမမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်နဲ့ ထိစပ်နေတာကို (ဆက်ဖတ်ရန် နှိပ်ပါ)…… 
  • မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၄ ရပ်ကွက်ရဲ့ တည်နေရာအနေအထား မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက်က တောင်ဥက္ကလာဘက်ကနေ ဆင်းလာတာနဲ့ ပထမဆုံးမြင်ရတဲ့  (ဆက်ဖက်ရန် နှိပ်ပါ)…..
  • ၃၇ ရပ်ကွက်ရဲ့ တည်နေရာအနေအထား  ၃၇ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုအပါအဝင်ဖြစ်ပြီး ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်လေးဖြစ်ပါတယ်။  ၃၇ ရပ်ကွက် (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…