Zayyan

မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

  • ၄၁ ရပ်ကွက်ရဲ့ တည်နေရာအနေအထား

        ၄၁ ရပ်ကွက်က ဦးဝိစာရမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး သွားလာရလွယ်ကူ အဆင်ပြေတဲ့ Location ကောင်း ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ၄၁ ရပ်ကွက်ထဲမှာ ရေကန်(၂)ကန်နဲ့ ကျောင်းတစ်ကျောင်းရှိပြီး လမ်းနာမည်တွေက ပန်းနာမည်တွေသာ ဖြစ်ပါတယ်။ ၄၁ရပ်ကွက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ လူနေအိမ်နဲ့ ကန်ထရိုက်တိုက်တွေ ရောနှောနေပြီး ရပ်ကွက်အရှေ့ပိုင်းဖြစ်တဲ့ ဗိုလ်မင်းရောင်လမ်းဘက်ခြမ်းမှာ လူနေအိမ်တွေအများစုရှိပြီး ရပ်ကွက်အနောက်ပိုင်းဖြစ်တဲ့ ဦးဝိစာရလမ်းမအနီးမှာတော့ ကန်ထရိုက်တိုက်တွေ များတာဖြစ်ပါတယ်။ ပေ၄၀-၆၀နဲ့ ပေ၂၀-၆၀ခြံအကျယ်အရေအတွက်ကို ယှဥ်ကြည့်ရင် ပေ၄၀-၆၀ခြံတွေက အနည်းငယ် ပိုများနေတာကိုလည်း တွေ့ရပါတယ်။
    
  • ၄၁ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ

      ၄၁ ရပ်ကွက်ကို ဝန်းရံထားတဲ့ အဓိကလမ်းမကြီးတွေကတော့ ဦးဝိစာရ၊ တပင်ရွှေထီး၊ ဗိုလ်မင်းရောင်၊ ရာဇဓိရာဇ်တို့ဖြစ်ပြီး မင်းရဲကျော်စွာလမ်းမကြီးနဲ့ ထိစပ်နေတဲ့ ရပ်ကွက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလမ်းမကြီးတွေပေါ်မှာ ရွှေတော်ဝင်ဆေးရုံ၊ ဆေးခန်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ KTV၊ Hotel၊ အားကစားရုံ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် စတိုးဆိုင်အမျိုးမျိုးတို့ဖြင့် စည်ကားနေတဲ့ လမ်းမကြီးတွေ ဖြစ်ကြပါတယ်။ ဦးဝိစာရလမ်းမကြီးဆိုရင် စားသောက်ဆိုင်၊ ဘီယာဆိုင်၊ KTV၊ Bar၊ City Mart၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ တော်ဝင်အိမ်ရာတို့ဖြင့် အလွန်စည်ကားတဲ့ လမ်းမဖြစ်ပါတယ်။ တပင်ရွှေထီးလမ်းမပေါ်မှာကတော့ စီးပွားရေးလုပ်ငန်း များများစားစားမရှိဘဲ လူနေအိမ်ခြေ အများစုသာ ရှိတာကို တွေ့ရပါတယ်။ ဗိုလ်မင်းရောင်လမ်းမပေါ်မှာ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များသာ ရှိကြပါတယ်။ ၄၁ရပ်ကွက်ရဲ့ ရာဇဓိရာဇ်နဲ့ မင်းရဲကျော်စွာလမ်းမကြီးတွေပေါ်မှာကတော့ ILBCကျောင်း၊ ကုမ္ပဏီ၊ ရုံး၊ ကားဝပ်ရှော့လုပ်ငန်းတွေရှိပါတယ်။
    
  • ၄၁ ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများ

     ၄၁ ရပ်ကွက်ရဲ့ လမ်းမကြီးတွေပေါ်မှာ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို ပျမ်းမျှ သိန်း 15000 ဝန်းကျင်ပေါက်ဈေးရှိပြီး တစ်ပေပတ်လည်ကို ၆ သိန်း ဝန်းကျင် ဖြစ်ပါတယ်။ ဦးဝိစာရလမ်းမပေါ်မှာဆိုရင်တော့ သိန်း20000-25000 ဝန်းကျင် ပေါက်ဈေးရှိပါတယ်။
    
     လမ်းမကြီးတည့်ပေါက်/ကျောကပ်က ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကိုတော့ သိန်း 7000 ဝန်းကျင်ဈေးရှိပြီး တစ်ပေပတ်လည်ကို 2 သိန်း 8သောင်း ဝန်းကျင်နှုန်းထားပေါက်ပါတယ်။
    
     ရပ်ကွက်အတွင်းလမ်းက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကိုတော့ သိန်း 5000-5500 ဝန်းကျင်ကနေ ဈေးခေါ်ကြပါတယ်။ တစ်ပေပတ်လည်ပေါက်ဈေးအားဖြင့်တော့ ၂သိန်း ဝန်းကျင်မှာ ရှိပါတယ်။
    

မှတ်ချက်

အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။

Appendix:1 မြောက်ဒဂုံ ၄၁ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 15000

👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 7000

👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 5500


Appendix 2: မြောက်ဒဂုံ ၄၁ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၄၁ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 5500 ဝန်းကျင်ကနေစ,ပါတယ်။ သိန်း 8000 ဝန်းကျင် ဆိုရင်တော့ နေရာကောင်းတဲ့ လမ်းမကျောကပ်/တည့်ပေါက်တွေထဲက ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ ပေ၄၀-၆၀ မြေကွက်တွေက သိန်း6000-9000 ကြားမှာ အများစု ရှိပါတယ်။

  • ၄၁ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် တည်နေရာအနေအထားများ ဖော်ပြခြင်း

         ဇေယံအိမ်ခြံမြေမှာ လာရောက်အပ်နှံထားကြသော အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၃၄ ရပ်ကွက်မှာ ဂရန်မြေအမျိုးအစားမြေကွက်များသာ အများဆုံးရှိနေတာကို တွေ့ရပါတယ်။
    
        ၄၁ ရပ်ကွက်မှာရှိတဲ့ မြေကွက်အရောင်းတွေရဲ့ ပိုင်ဆိုင်မှုစာရွက်စာတန်း စာရင်းများအရ ဂရန်(အမည်ပေါက်) 40%ကျော်ခန့် ဂရန်မြေ 30%ကျော်နှင့် ဂရန်(SP)/လျှောက်ထားဆဲ/ဂတုံး/မူရင်းခြမ်းတို့ ပါဝင်ပါတယ်။ ဒါကြောင့်စာရွက်စာတန်းအားဖြင့် ခိုင်မာပြီး အရှုပ်အရှင်းကင်း အရောင်းတွေ အများစု ရှိနေတာကို သုံးသပ်နိုင်ပါတယ်။
    
      မြေကွက်အရောင်းစာရင်းများရဲ့ တည်နေရာအနေအထားဖော်ပြချက်အရ ရပ်ကွက်အတွင်းလမ်းမှာရှိတဲ့ မြေကွက်အရောင်းတွေက 66% ကျော်ရှိပြီး ကျန်20%ဝန်းကျင်မှာ လမ်းမကျောကပ်/တည့်ပေါက်နှင့် လမ်းမမေးတင် 10%ခန့် အရောင်းတွေ ဖြစ်ကြပါတယ်။ ၄၁ ရပ်ကွက်မှာ ပေ၄၀-၆၀ မြေကွက်အရောင်းတွေက 66%ကျော်ရှိနေတာကို တွေ့ရပြီး ပေ၂၀-၆၀ 20%ဝန်းကျင်နှင့် ပေကျယ်ကျယ် ၈၀-၆၀၊ ၉၀-၆၀နှင့် ၁၀၀ပတ်လည်တို့လည်း ရှိကြပါတယ်။
    

Appendix 3: မြောက်ဒဂုံ ၄၁ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၄၁ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 66.7% ရှိတာကြောင့် ဈေးကွက်၏ ၄ပုံ၃ပုံခန့် နေရာယူထားတာကို တွေ့ရပါတယ်။ ၄၁ ရပ်ကွက်မှာ ပေ၄၀-၆၀က ၂၀-၆၀ ထက် သိသိသာသာ များနေတာကို ကြည့်ခြင်းအားဖြင့် ၄၁ ရပ်ကွက်သည် ခြံကျယ်လုံးချင်းနှင့် အိမ်ကြီးအိမ်ကောင်းတွေများမယ့် ရပ်ကွက်တစ်ခုအဖြစ် သုံးသပ်နိုင်ပါတယ်။

၄၁ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

👉 ၄၁ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ

     ၄၁ ရပ်ကွက်ရဲ့ အဓိက အားသာချက်ကတော့ Locationအလွန်ကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မြို့နယ်ထောင့်ရပ်ကွက်တစ်ခုဖြစ်ပြီး တောင်ဥက္ကလာနှင့်လည်းနီးပါတယ်။ မြို့နယ်တစ်ခုနဲ့တစ်ခု ဖြတ်သန်းသွားလာရတဲ့ အဓိကကျတဲ့ လမ်းမကြီးတွေနဲ့ ထိစပ်နေပြီး ဘေလီတံတား၊ ငမိုးရိပ်တံတားတို့နဲ့လည်း နီးတာကြောင့် သွားရေးလာရေးလွယ်ကူပါတယ်။ အလွန်အချက်အချာကျ စည်ကားတဲ့ ဦးဝိစာရလမ်းမကြီးပေါ်မှာကတော့ ဆေးရုံ၊ City Mart၊ စားသောက်ဆိုင်တွေနဲ့ လိုချင်တာမှန်သမျှ ဝယ်ယူရရှိနိုင်ပါတယ်။ ခြံကျယ်လုံးချင်းတွေများတဲ့အတွက် မိသားစုနေထို့လို့ အဆင်ပြေတဲ့ ရပ်ကွက်သန့်တစ်ခုလည်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုစာရွက်စာတန်းအရလည်း ဂရန်(အမည်ပေါက်)တွေရှိတဲ့အတွက် အရောင်းအဝယ်လုပ်ရ လွယ်ကူ လုပ်ငန်းစဥ် မြန်ဆန်နိုင်မယ့်သလို့ ကြန့်ကြာနိုင်တဲ့ အခြေအနေတချို့လည်း ရှိတတ်ပါတယ်။

      ၄၁ ရပ်ကွက်က အားနည်းချက်ကြီးကြီးမားမားမရှိပေမဲ့ ရပ်ကွက်ထဲမှာ ကန်ထရိုက်တိုက်တွေ ရောနှောနေတဲ့အတွက် လူစည်ကားပြီး လူရှုပ်နိုင်ချေတော့ ရှိပါတယ်။ မြေကွက်အရောင်းအများစုမှာ ဈေးတန်းအရအရမ်းမမြင့်ဘဲ 6000-9000 ကြားရှိသော်လည်း 6000 အောက်ရွေးချယ်နိုင်တဲ့ အရောင်းအနည်းအကျဥ်းလည်း ရှိပါတယ်။ စာရွက်စာတန်းအရ အဆင်ပြေလွယ်ကူနိုင်ချေလည်း များပါတယ်။ ဒါပေမဲ့ သိပ်မဖွံ့ဖြိုးသေးတဲ့ တိုးချဲ့ရပ်ကွက်ရှိနေခြင်း ချောင်းနဲ့နီးနေတာကလည်း အားနည်းချက်အဖြစ် သုံးသပ်နိုင်ပါတယ်။

      ၄၁ ရပ်ကွက်ရဲ့ အရှေ့ဘက်ခြမ်းကို မိသားစုနေလိုသူတွေ၊ အေးအေးဆေးဆေး နေချင်တဲ့ သူတွေနဲ့ ရင်းနှီးမြှုပ်နှံထားချင်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ ရပ်ကွက်ရဲ့ အောက်ဘက်ခြမ်းကိုတော့ ကန်ထရိုက်တာတွေနဲ့ လောလောဆယ် လုံးချင်းဝယ်ဖို့ Budget မနိုင်သေးလို့ တိုက်ခန်းနဲ့ နေချင်တယ်၊ Locationကောင်းပြီး လိုချင်တာမှန်သမျှ စုံစုံလင်လင်ရနိုင်မယ့် နေရာမျိုးမှာနေချင်တဲ့သူတွေ ရွေးချယ်နိုင်ပါတယ်။ ဒါ့ကြောင့် အချက်အချာကျစည်ကားတဲ့ လမ်းမကြီးတွေကို သွားလာရလွယ်ကူပြီး အဝင်အထွက်သာတဲ့နေရာမျိုးလိုချင်တယ် ဈေးတန်းအရမ်းမများမနည်းတဲ့ ရပ်ကွက်သန့်မျိုးမှာ အိမ်ဆောက်နေဖို့ ရွေးချယ်မယ်ဆို သင့်တော်သလို စည်ကားပြီး အချက်အချာကျတဲ့ ရပ်ကွက်တည်နေရာတစ်ခုဖြစ်တာကြောင့် စီးပွားရေးအတွက် လုပ်ငန်းလုပ်ဖို့ကောင်းသလို ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်မယ်ဆိုလည်း အဆင်ပြေနိုင်ပါတယ်။
 

  • မြောက်ဒဂုံမြို့နယ် ၃၉ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၉ ရပ်ကွက်ရဲ့ တည်နေရာ အနေအထား ၃၉ ရပ်ကွက်က မြောက်ဒဂုံမြို့နယ်ရဲ အလယ်မှာ တည်ရှိတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး 39(A)နဲ့ 39(B)ဆိုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)…… 
  • မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၂၉ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၂၉ ရပ်ကွက်သည် ပင်လုံလမ်းနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံ၊  (ဆက်ဖက်ရန် နှိပ်ပါ)…..
  • ၃၇ ရပ်ကွက်ရဲ့ တည်နေရာအနေအထား  ၃၇ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုအပါအဝင်ဖြစ်ပြီး ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်လေးဖြစ်ပါတယ်။  ၃၇ ရပ်ကွက် (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…