Zayyan

မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

  • ၄၃ ရပ်ကွက်ရဲ့ တည်နေရာအနေအထား

        ၄၃ ရပ်ကွက်က ဗထူးမေးတင်ရပ်ကွက်တစ်ခု ဖြစ်ပြီး ပညာတန်ဆောင်၊ အေးရိပ်သာ၊ ဖိုးရာဇာနဲ့ စေတနာဆိုပြီး အပိုင်း(၄)ပိုင်း ခွဲနိုင်ပါတယ်။ ဒီထဲမှာမှ ပညာတန်ဆောင်၊ အေးရိပ်သာနဲ့ ဖိုးရာဇာအပိုင်းတွေက ပိုသန့်ပြီး ပေ၄၀-၆၀ ခြံတွေက ပေ၂၀-၆၀ထက် ပိုများတာကို တွေ့ရပါတယ်။ စေတနာဘက်ခြမ်းကတော့ လူများပြီး ပင်လုံခန်းမနဲ့နီးတဲ့အတွက် နိုင်ငံရပ်ခြားအလုပ်သွားလုပ်ဖို့ အလုပ်သမားကတ်လျှောက်သူများနှင့် လူစည်/လူရှုပ်ပါတယ်။ စေတနာဘက်မှာ ပေ၂၀-၆၀ ခြံတွေကလည်း ပိုများတဲ့အပြင် အဆောင်၊ ထမင်းဆိုင်များတဲ့ ရပ်ကွက်ပိုင်း ဖြစ်ပါတယ်။ ၄၃ရပ်ကွက် သခင်ဖိုးလှကြီးလမ်းမှာဆိုရင် ရပ်ကွက်ဈေးရှိပြီးတော့ ဗိုလ်မှူးဗထူးလမ်းမအနီးမှာလည်း Mini City Mart လေး ရှိပါတယ်။ ၄၃ ရပ်ကွက်က ပညာရေးရပ်ကွက်ဖြစ်ပြီး ဆိတ်ငြိမ်အေးချမ်းကာ ပတ်ဝန်းကျင်လည်း သန့်ပါတယ်။
    
  • ၄၃ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ

        ၄၃ ရပ်ကွက်ကို ဝန်းရံလျက်ရှိနေတဲ့ လမ်းမကြီးတွေကတော့ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်းမကြီး၊ ဘုရင့်နောင်လမ်းမကြီးနှင့် မင်းရဲကျော်စွာလမ်းမကြီးတို့ပဲ ဖြစ်ကြပါတယ်။ ဒီလမ်းမကြီးတွေပေါ်မှာဆိုရင် ပင်လုံခန်းမ၊ International Preschool၊ စားသောက်ဆိုင်တို့ရှိပြီး ဗိုလ်မှူးဗထူး၊ ဗိုလ်မင်းရောင်လမ်းမကြီး၊ မင်းရဲကျော်စွာလမ်းမကြီး ၃ခုပေါ်မှာကတော့ YBS ယာဥ်လိုင်းတွေလည်း ပြေးဆွဲနေတဲ့ လမ်းမတွေ ဖြစ်ပါတယ်။ ဗထူးလမ်းမပေါ်မှာကတော့ 360ဓာတ်ဆီဆိုင်၊ City Mart၊ ကိန္နရီစတိုး၊ အဝတ်အထည်ဆိုင် စုံစုံလင်လင်ရ ရှိပါတယ်။ ဘုရင့်နောင်လမ်းမပေါ်မှာကတော့ ထွေထွေထူးထူးမရှိဘဲ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကုန်စုံဆိုင်များသာ တွေ့ရပါတယ်။ မင်းရဲကျော်စွာလမ်းမကြီးပေါ်မှာ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကုန်စုံဆိုင် အများစုတို့ တွေ့ရပြီး ဗိုလ်မင်းရောင်နဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာ ပင်လုံခန်းမရှိတဲ့အတွက် ဈေးသည်တွေများပါတယ်။ ဗိုလ်မင်းရောင်လမ်းမကြီးပေါ်မှာ လူနေအိမ်များပေမယ့် လက်ဘက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ Bar၊ စားသောက်ဆိုင်တွေကိုလည်း တွေ့ရပါတယ်။
    
  • ၄၃ ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများ

         ၄၃ ရပ်ကွက် လမ်းမမေးတင်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို ကာလတန်ဖိုးအားဖြင့် ပျမ်းမျှ သိန်း 15000 ဝန်းကျင်ဈေးပေါက်ပါတယ်။ ဒါကြောင့် တစ်ပေပတ်လည်ဈေးနှုန်းက 6သိန်းဝန်းကျင်မှာ ရှိပါတယ်။
    
      အတွင်းလမ်းကျယ်၊ လမ်းမကျောကပ်နဲ့ တည့်ပေါက်လိုနေရာမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ဆိုရင် ပျမ်းမျှသိန်း 6000 ဝန်းကျင် လောက်ကနေစ,ပါတယ်။တစ်ပေပတ်လည် ဈေးနှုန်းဟာဆိုရင် 2 သိန်းခွဲ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။
    
       ရပ်ကွက်တွင်း ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း 5000-5500 ဝန်းကျင်လောက်ကနေစ,ပြီး  တစ်ပေပတ်လည်ကို ၂သိန်း ဝန်းကျင် ဈေးပေါက်လို့နေပါတယ်။
    

မှတ်ချက်

အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။

Appendix:1 မြောက်ဒဂုံ ၄၃ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 15000

👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 6000

👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 5500

Appendix 2: မြောက်ဒဂုံ ၄၃ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၄၃ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 5500 ဝန်းကျင်ကနေ စပါတယ်။ သိန်း 6000 အထက်လောက်ဆိုရင်တော့ လမ်းမကျောကပ်/တည့်ပေါက်တွေထဲက ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ သိန်း3000-6000 ကြားမှာရှိတဲ့ မြေကွက်တွေ များပါတယ်။

  • ၄၃ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မြေကွက်အရောင်း တည်နေရာအနေအထား ဖော်ပြခြင်း

      ဇေယံအိမ်ခြံမြေမှာ လာရောက်အပ်နှံထားကြသော အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၄၃ ရပ်ကွက်မှာ လက်ရှိ ဂရန်(အမည်ပေါက်)32% ကျော်၊ ဂရန်မြေ 22% ကျော်၊ ဂရန်မူရင်းခြမ်း 11%ကျော်နှင့် ရာခိုင်နှုန်းအချို့တို့မှာ ပါမစ်/ဂရန်မူရင်းခြမ်း/မိတ္တူခြမ်း/ဂတုံး/ လျှောက်ထားဆဲ တို့ ပါဝင်ကြပါတယ်။ 
    
      ဒါကြောင့် ဂရန်မြေအများစုရှိနေတာကို တွေ့ရသော်လည်း စာရွက်စာတန်းအခြေအနေက အမျိုးအစားစုံနေတာကြောင့် အရောင်းအဝယ်လုပ်ငန်းစဥ်အတွက် ခက်ခဲကြန့်ကြာတာမျိုး ရှိနိုင်ပါတယ်။ 
    
      မြေကွက် အရောင်းစာရင်းများရဲ့ တည်နေရာအနေအထားအရ ရပ်ကွက်အတွင်းလမ်း 50%ကျော်၊ လမ်းမကျောကပ်/တည့်ပေါက်မှာက 14%ကျော်နှင့် လမ်းမကြီးပေါ်မှာ 35% ကျော်တို့ဖြင့် အသီးသီး ရှိကြပါတယ်။ အကျယ်ပေအားဖြင့်လည်း ပေ၄၀-၆၀ မြေကွက်အရောင်းတွေက 50%ကျော်ရှိပြီး ပေ၂၀-၆၀ 40%ကျော်နှင့် ၈၀-၆၀လည်းရှိလို့ ပေကျယ်ကျယ်ကို ဈေးသိပ်မမြင့်ဘဲ ရနိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ မြေကွက်အရောင်းက 67%ကျော်ရှိတာကြောင့် ဈေးကွက်ထဲမှာ ထက်ဝက်ကျော် နေရာယူထားတာကို တွေ့ရပါတယ်။
    

Appendix 3: မြောက်ဒဂုံ ၄၃ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉  ၄၂ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 50.7%ရှိတာကြောင့် ဈေးကွက်ရဲ့ ထက်ဝက် နေရာယူထားတာကို တွေ့ရပါတယ်။ မြောက်ဒဂုံမှာ ပေ၄၀-၆၀ ခြံအကျယ်ကို ဈေးမမြင့်ဘဲ ရင်းနှီးမြှုပ်နှံဖို့ လူစည်တဲ့အထဲက လိုချင်တယ်ဆိုရင်တော့ ရွေးချယ်နိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။

၄၃ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

👉 ၄၃ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ

      ၄၃ ရပ်ကွက် ပညာရေးရပ်ကွက် ဖြစ်တဲ့အတွက် ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ပညာတန်ဆောင်၊ အေးရိပ်သာဘက်မှာ အိမ်ကြီးအိမ်ကောင်းတွေ များလာပြီး ပတ်ဝန်းကျင်ကလည်း တော်တော်လေး ဖွံ့ဖြိုးတက်လာတာကို တွေ့ရပါတယ်။ ဗိုလ်မှူးဗထူးလမ်းမပေါ်မှာလာည်း ဆိုင်အတော်များများရှိလို့ လိုအပ်တာတွေ ဝယ်ယူရ လွယ်ကူပါတယ်။ စေတနာဘက်ခြမ်းကတော့အဆောင်အမြောက်အများရှိပြီး လူစည်တဲ့ ရပ်ကွက်တစ်ခုဖြစ်လို့ ဆိုင်ဖွင့်ဖို့/စီးပွားရေးလုပ်ဖို့ သင့်တော်ပါတယ်။ ဒါ့အပြင် အဆောင်ငှါးစားဖို့/ အိမ်ငှါးတင်လို့လည်း အဆင်ပြေသလို ရင်းနှီးမြှုပ်နှံလို့လည်း ကောင်းတဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ဈေးတန်းအားဖြင့် အခြားသောရပ်ကွက်တွေနဲ့ယှဥ်ရင် ဈေးအရမ်းမများတဲ့အပြင် ဈေးတန်း စုံစုံလင်လင်ရှိပြီး သိန်း3000-6000 ဝန်းကျင်တွေများတာကြောင့် သင့်တင့်တဲ့ မြေကွက်တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 

   အားနည်းချက်အားဖြင့်တော့ ၄၃ရပ်ကွက်ရဲ့ လမ်းတွေက မပြုပြင်ရသေးတာကြောင့် ကတ္တရာလမ်းအနေအထားသာ ရှိပါတယ်။ စေတနာဘက်ခြမ်းကတော မိုးတွင်းမိုးရွာရင် ရေတက်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ စာရွက်စာတန်းအနေနဲ့ အမျိုးအစားစုံပြီး ဂရန်(အမည်ပေါက်)နည်းတာကြောင့် အရောင်းအဝယ်လုပ်ငန်းစဥ်အတွက် လွယ်ကူချောမွေ့မှု မရှိနိုင်တာကို ထည့်သွင်းစဥ်းစားထားသင့်ပါတယ်။ အဆောင်တွေများပြီး လူနေထူထပ်ကာ လူစုံလို့ ရပ်ကွက်သိပ်မသန့်တာမျိုး ရှိပါတယ်။ ဒါ့ကြောင့် မိသားစုနေလို့တော့ သိပ်မကောင်းတဲ့ ရပ်ကွက်တစ်ခုအဖြစ် သုံးသပ်နိုင်ပါတယ်။

   ဒါ့ကြောင့် မြောက်ဒဂုံမှာ ၄၃ရပ်ကွက်မှာ အေးအေးဆေးဆေး ကိုယ်တိုင်နေချင်တယ်ဆိုရင်တော့ ပညာတန်ဆောင်၊ အေးရိပ်သာဘက်ကို ရွေးချယ်နိုင်ပြီး ကန်ထရိုက်တိုက်ဆောက်ဖို့၊ ဆိုင်ဖွင့်ဖို့၊ လုပ်ငန်းလုပ်ဖို့ အဆင်ပြေပြီး အဆောင်ဖွင့်ငှါးစားလို့ သင့်တော်တဲ့နေရာမျိုးကို ရှာနေရင်တော့ စေတနာဘက်ခြမ်းကို ရွေးချယ်နိုင်ပါတယ်။

  • မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၈ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၈ ရပ်ကွက်က ပြည်ထောင်စုလမ်းမမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်နဲ့ ထိစပ်နေတာကို (ဆက်ဖတ်ရန် နှိပ်ပါ)…… 
  • မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၂ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ငမိုးရိပ်တံတားပေါ်ကဆင်းဆင်းချင်း မြင်တွေ့ရတဲ့ ဦးဝိစာရနဲ့ ဗထူးလမ်းမထောင့်က ရပ်ကွက်ဟာ (ဆက်ဖက်ရန် နှိပ်ပါ)…..
  • မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၅ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ပင်လုံမေးတင်ရပ်ကွက်တစ်ခုဖြစ်တဲ့ (၃၅) ရပ်ကွက်က တောင်ဥက္ကလာနဲ့ ဒုတိယအနီးဆုံး VIP ရပ်ကွက်တစ်ခု  (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…