Zayyan

မြောက်ဒဂုံမြို့နယ် ၄၄ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

  • ၄၄ ရပ်ကွက်ရဲ့ တည်နေရာအနေအထား

         ၄၄ရပ်ကွက်က ဗထူးမေးတင်ရပ်ကွက်ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းမနဲ့ ရပ်ကွက်ကြားမှာ မြောင်းခံနေတဲ့အတွက် ဒီရပ်ကွက်မှာတော့ လမ်းမမေးအကွက်တွေ မရှိပါဘူး။ မြောက်ဒဂုံ ၄၄ရပ်ကွက်ကနေ မြောက်ဥက္ကလာဘက်ကို သွားချင်ရင် ဗထူးလမ်းမကြီးကိုသုံးလို့ရသလို ဘုရင့်နောင်လမ်းမကြီးကနေလည်း ဆင်းလို့ ရပါတယ်။ ၄၄ရပ်ကွက်ကို ကျောက်စိမ်း၊ ငွေစင်၊ ရွှေစင်နဲ့ နဝရတ်ဆိုပြီး အပိုင်း(၄)ပိုင်း ခွဲနိုင်ပါတယ်။ ဗထူးလမ်းမကြီးနဲ့ အနီးဆုံးအပိုင်းဖြစ်တဲ့ ကျောက်စိမ်းကတော့ ဖွံ့ဖြိုးပြီး အိမ်ကြီးအိမ်ကောင်းတွေများတဲ့ အပိုင်းဖြစ်ပါတယ်။ ဘုရင့်နောင်လမ်းမနဲ့နီးတဲ့ ရွှေစင်ဘက်ကတော့ ဖွံ့ဖြိုးမှုသိပ်မရှိသေးဘဲ ပေ၂၀-၆၀တွေများပြီး လူဟောင်းတွေလည်း များနေသေးတာကို တွေ့ရပါတယ်။  ဒီရွှေစင်အပိုင်းမှာဆိုရင်လည်း ရွှေစင်(၃)လမ်းတစ်ခုတည်း လမ်းမကြီးကို တည့်ပေါက်ပြီး ကျန်လမ်းတွေက လမ်းမကို တည့်ပေါက်နေတာမျိုး မရှိပါဘူး။ ငွေစင်လမ်းအပိုင်းကတော့ ကျောက်စိမ်းလောက် ဖွံ့ဖြိုးမှု မရှိသေးပေမယ့် ပတ်ဝန်းကျင်အနေအထား နည်းနည်းတိုးတက်လာတာကို တွေ့ရပါတယ်။ ငွေစင်ဘက်မှာလည်း ရပ်ကွက်အတွင်းလမ်း မဟုတ်ပေမဲ့ လမ်းမကြီးကို တည့်ပေါက်တဲ့ လမ်းတွေရှိပါတယ်။ နဝရတ်လမ်းအပိုင်းကလည်း ရွှေစင်လမ်းလိုပါပဲ။ ပေ၂၀-၆၀ ခြံတွေက ပိုများပြီး လမ်းမတည့်ပေါက်တဲ့ လမ်းတွေ သိပ်မရှိပါဘူး။ ၄၄ ရပ်ကွက်ထဲမှာ ရေကန်(၂)ကန်နဲ့ အ.မ.က(၉) မူလတန်းကျောင်းရှိပြီး နေ့စဥ် ချက်ပြုတ်စားသောက်ဖို့အတွက် ဆိုရင် ဆည်မြောင်းလမ်းပေါ်မှာ မနက်ခင်းရပ်ကွက်ဈေးရှိပါတယ်။ ညနေပိုင်းဝယ်ခြမ်းဖို့အတွက်ဆိုရင်လည်း ဗထူးလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က ဗထူးဈေး ရှိပါသေးတယ်။
    
  • ၄၄ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ

         ၄၄ ရပ်ကွက်ကို ဝန်းရံလျက်ရှိနေတဲ့ လမ်းမကြီးတွေကတော့ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဘုရင့်နောင်လမ်းမကြီး၊ မဟာဗန္ဓုလ(ခေါ်)မန္တလေးလမ်းမကြီးနှင့် မင်းရဲကျော်စွာလမ်းမကြီးတို့ပဲ ဖြစ်ကြပါတယ်။ ဒီလမ်းမကြီးတွေပေါ်မှာဆိုရင် စားသောက်ဆိုင်၊ ဟိုတယ်၊ ဖုန်းဆိုင်နှင့် စတိုးဆိုင်အမျိုးမျိုးတို့ ရှိပြီး YBS ယာဥ်လိုင်းတွေလည်း ပြေးဆွဲနေတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ၄၄ ရပ်ကွက်ရဲ့ လမ်းမတန်းတွေက လုပ်ငန်းများများစားစား စည်ကားနေတာမဟုတ်ဘဲ ဗထူးလမ်းမပေါ်မှာဆိုရင်လည်း မြောင်းခံနေတာကြောင့် လမ်းမမေးတင်အကွက်တွေမရှိပါဘူး။ မဟာဗန္ဓုလလမ်းမပေါ်မှာက ကုန်စုံဆိုင်၊ အိမ်ဆိုင်၊ စတိုးဆိုင်အသေးစားလေးတွေကိုသာ တွေ့ရပါတယ်။ မင်းရဲကျော်စွာလမ်းမကြီးကလည်း အကွက်ကျယ်တွေ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ကျောင်း၊ ဖူဆယ်ကွင်း၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နဲ့ ကျန်တော်တော်များများက အကွက်လွတ်တွေ ဖြစ်ပါတယ်။ ၄၄ရပ်ကွက်ရဲ့ ဘုရင့်နောင် လမ်းမပေါ်မှာကတော့ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကိုယ်ပိုင်လုပ်ငန်း၊ ကြိမ်လုပ်ငန်း၊ ဆိုင်အသေးစားတွေကို တွေ့ရပါတယ်။
    
  • ၄၄ ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများ

         ၄၄ ရပ်ကွက် လမ်းမမေးတင်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို ကာလတန်ဖိုးအားဖြင့် ပျမ်းမျှ သိန်း 18000 ဝန်းကျင်ဈေးပေါက်ပါတယ်။ ဒါကြောင့် တစ်ပေပတ်လည်ဈေးနှုန်းက 7သိန်းဝန်းကျင်မှာ ရှိပါတယ်။
    
      အတွင်းလမ်းကျယ်၊ လမ်းမကျောကပ်နဲ့ တည့်ပေါက်လိုနေရာမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ဆိုရင် ပျမ်းမျှသိန်း 6000 ဝန်းကျင် လောက်ကနေစ,ပါတယ်။တစ်ပေပတ်လည် ဈေးနှုန်းဟာဆိုရင် 2 သိန်းခွဲ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။
    
       ရပ်ကွက်တွင်း ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း5000-5500 ဝန်းကျင်လောက်ကနေစ,ပြီး  တစ်ပေပတ်လည်ကို ၂သိန်း ဝန်းကျင် ဈေးပေါက်လို့နေပါတယ်။
    

မှတ်ချက်

အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။

Appendix:1 မြောက်ဒဂုံ ၄၄ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 18000

👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 6000

👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 5500

Appendix 2: မြောက်ဒဂုံ ၄၄ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၄၄ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 5500 ဝန်းကျင်ကနေ စ,ပါတယ်။ သိန်း 6000 အထက်လောက်ဆိုရင်တော့ လမ်းမကျောကပ်/တည့်ပေါက်တွေထဲက ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရတော့ သိန်း3000-6000 ကြားမှာရှိတဲ့ မြေကွက်တွေ များပါတယ်။

  • ၄၄ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မြေကွက်အရောင်း တည်နေရာအနေအထား ဖော်ပြခြင်း

        ဇေယံအိမ်ခြံမြေမှာ လာရောက်အပ်နှံထားကြသော အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၄၄ ရပ်ကွက်မှာ လက်ရှိ ဂရန်(အမည်ပေါက်)42% ကျော်၊ ဂရန်မြေ 28% ကျော်၊ ပါမစ် 15%ကျော်နှင့် ရာခိုင်နှုန်းအချို့တို့မှာ ပါမစ်/ဂရန်မူရင်းခြမ်း/မိတ္တူခြမ်း/SP/ဂတုံးတို့ ပါဝင်ကြပါတယ်။ 
    
      ဒါကြောင့် ဂရန်မြေအများစုရှိပြီး ဂရန်(အမည်ပေါက်)တွေလည်း ရှိနေတာကို တွေ့ရတာကြောင့်အရောင်းအဝယ်လုပ်ငန်းစဥ်အတွက် အဆင်ပြေချောမွေ့နိုင်နဲ့ အတိုင်းအတာတစ်ခုလည်း ရှိပါတယ်။ 
    
      မြေကွက် အရောင်းစာရင်းများရဲ့ တည်နေရာအနေအထားအရ ရပ်ကွက်အတွင်းလမ်း 65%ကျော်၊ လမ်းမကျောကပ်/တည့်ပေါက်မှာက 31%ကျော်တို့ရှိပြီး လမ်းမကြီးပေါ်မှာ မြေကွက်အရောင်းနည်းတာကို တွေ့ရပါတယ်။ အကျယ်ပေအားဖြင့်လည်း ပေ၄၀-၆၀ မြေကွက်အရောင်းတွေက 73.7%ကျော်ရှိပြီး ပေ၂၀-၆၀ 23.7%ကျော်နှင့် ၆၀ပတ်လည် မြေကွက်အရောင်းတွေလည်း ရနိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ မြေကွက်အရောင်းက 58%ကျော်ရှိတာကြောင့် ဈေးကွက်ထဲမှာ ထက်ဝက်ကျော် နေရာယူထားတာကို တွေ့ရပါတယ်။
    

Appendix 3: မြောက်ဒဂုံ ၄၄ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၄၄ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 73.7%ရှိတာကြောင့် ဈေးကွက်ရဲ့ လေးပုံသုံးပုံနီးပါး နေရာယူထားတာကို တွေ့ရပါတယ်။ မြောက်ဒဂုံမှာ ပေ၄၀-၆၀ ခြံအကျယ်ကို အိမ်ဆောက်နေဖို့ ရင်းနှီးမြှုပ်နှံဖို့အတွက် ဈေးနှုန်းသင့်တင့်တဲ့အထဲက လိုချင်တယ်ဆိုရင်တော့ ရွေးချယ်နိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။

၄၄ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

👉 ၄၄ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ

     ၄၄ ရပ်ကွက်ထဲမှာ မူလတန်းကျောင်း၊ သင်တန်းကျောင်း၊ လုပ်ငန်းအမျိုးမျိုး၊ ဈေးနှင့် စတိုးဆိုင်တို့ ရှိပြီး ဆိတ်ငြိမ်တဲ့ ရပ်ကွက်သန့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ မိသားစုကိုယ်တိုင်အိမ်ဆောက်နေဖို့ သိန်း 6000 ဝန်းကျင်လောက်နဲ့လည်း ၄၀-၆၀ခြံတွေ ရနိုင်ပါသေးတယ်။ ပင်လုံဘက်မှာ ဝယ်ဖို့အဆင်မပြေနိုင်တော့လို့ ဗထူးဘက်ကို စဥ်းစားမယ်ဆိုရင် ပထမဆုံးရွေးချယ်စဥ်းစားသင့်တာကတော့ ဆိတ်ငြိမ်အေးချမ်းပြီး privateဆန်တဲ့ ၄၄ ရပ်ကွက်က အားသာချက် ဖြစ်ပါတယ်။ ဈေးတန်းအားဖြင့် အခြားသောရပ်ကွက်တွေနဲ့ယှဥ်ရင် ဈေးအရမ်းမများတဲ့အပြင် သိန်း3000-6000 ဝန်းကျင်တွေထဲက ရွေးချယ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

   အားနည်းချက်အားဖြင့်တော့ ၄၄ရပ်ကွက်က လမ်းမတည့်ပေါက်တွေနည်းတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ရွှေစင်ဘက်မှာဆိုရင်လည်း ပေ၂၀-၆၀တွေ ပိုများပြီး စာရွက်စာတန်း သိပ်မကောင်းသေးတာကို တွေ့ရပါတယ်။ လမ်းမတန်းတွေကလည်း လုပ်ငန်းသိပ်မရှိကြတဲ့အတွက် လုပ်ငန်းလုပ်ဖို့ သိပ်အဆင်မပြေပါဘူး။

   ဒါ့ကြောင့် မြောက်ဒဂုံ ၄၄ရပ်ကွက်ကို ဈေး၊ ကျောင်းအနီး ဆိတ်ငြိမ်အေးချမ်းတဲ့ ရပ်ကွက်သန့်တစ်ခုကို ဈေးအများကြီးမသုံးလိုဘဲ မိသားစုနဲ့ အေးအေးဆေးဆေးနေချင်သူ၊ privacyရှိရှိနေချင်သူ၊ ရေတက်မှာကြောက်တဲ့ သူတွေ ရွေးချယ်ဖို့သင့်တော်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်လိုသူနဲ့ ရင်းနှီးမြှုပ်နှံလိုသူများကတော့ ဆိုင်ကြီးတွေသိပ်မရှိတဲ့အတွက် ဘုရင့်နောင်နဲ့ မင်းရဲကျော်စွာလမ်းမက အကွက်လွတ်တွေကို ရွေးချယ်ပြီး luxuary ဆန်ဆန် စားသောက်၊ ကော်ဖီဆိုင်ဖွင့်လှစ်ဖို့ ရွေးချယ်နိုင်ပါတယ်။
 

  • ပင်လုံမေးတင်ရပ်ကွက်တစ်ခုဖြစ်တဲ့ (၃၅) ရပ်ကွက်က တောင်ဥက္ကလာနဲ့ ဒုတိယအနီးဆုံး VIP ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ၃၅ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများမြောက်ဒဂုံမြို့နယ်မှာ  (ဆက်ဖတ်ရန် နှိပ်ပါ)…… 
  • ၃၆ ရပ်ကွက်သည် ပင်လုံမေးတင် ရပ်ကွက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အလယ်ကျတာကြောင့် နီးစပ်ရာမြို့နယ်တွေဖြစ်တဲ့ တောင်ဥက္ကာ၊ သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံနဲ့ တောင်ဒဂုံတို့ကို သွားလာရလွယ်ကူပါတယ်။ (ဆက်ဖက်ရန် နှိပ်ပါ)…..
  • ၃၇ ရပ်ကွက်ရဲ့ တည်နေရာအနေအထား  ၃၇ ရပ်ကွက်က ပင်လုံမေးတင်ရပ်ကွက်တစ်ခုအပါအဝင်ဖြစ်ပြီး ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးဆုံရာ ထောင့်ရပ်ကွက်လေးဖြစ်ပါတယ်။  ၃၇ ရပ်ကွက် (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…