မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက်

၄၅ ရပ်ကွက်ရဲ့ တည်နေရာအနေအထား
၄၅ ရပ်ကွက်က ဗထူးနဲ့ ပြည်ထောင်စုလမ်းမဆုံရာထောင့်မှာ တည်ရှိတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး မြောက်ဘက်ကို သွားမယ်ဆိုရင် မြောက်ဥက္ကလာ၊ တောင်ဘက်ကိုသွားမယ်ဆိုရင် သင်္ဃန်းကျွန်း၊ တောင်ဒဂုံတို့ကို သွားရလွယ်ကူပြီး ဒဂုံတက္ကသိုလ်နဲ့ အနီးဆုံးမှာရှိတဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ရပ်ကွက်တွင်းထဲမှာဆိုရင် အ.မ.က(၈) မူလတန်းကျောင်း၊ ရေကန်၊ အားကစားကွင်းရှိ ဈေးဝယ်ဖို့အတွက်ဆိုရင် မဟာဗန္ဓုလလမ်းမပေါ်က ၄၄ရပ်ကွက်ဈေးနဲ့ ဗထူးလမ်းဆုံနဲ့အနီးဆုံးက ဗထူးဈေးမှာ နေ့စဥ် စားသောက်ဖို့ လိုအပ်တာတွေ ဝယ်ယူရရှိနိုင်ပါတယ်။ ရပ်ကွက်တွင်းထဲမှာ အိမ်သစ်တွေသိပ်မရှိသေးဘဲ ပေ၂၀-၆၀ခြံတွေကလည်း ၄၀-၆၀ထက် များနေတာကို တွေ့ရပါတယ်။ ၂၀-၆၀တွေများတာကြောင့် စာရွက်စာတန်းအားဖြင့်လည်း ဂရန်မခွဲစိတ်ရသေးတာက ပိုများလို့ မိတ္တူခြမ်း/မူရင်းခြမ်းများနေတဲ့ အနေအထား ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ မင်းရဲကျော်စွာလမ်းမကြီးကိုပဲ တည့်ပေါက်နေတဲ့လမ်း (၉)လမ်းရှိပြီး လမ်းတိုမဟုတ်ဘဲ လမ်းရှည်တွေ ဖြစ်တာကိုလည်း တွေ့ရပါတယ်။
၄၅ ရပ်ကွက်ရဲ့ အဓိက လမ်းမတန်းများ
၄၅ ရပ်ကွက်ကို ဝန်းရံထားတဲ့ လမ်းမကြီးတွေက ဗိုလ်မှူးဗထူးလမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ မင်းရဲကျော်စွာလမ်းမကြီးနှင့် မဟာဗန္ဓုလ(ခေါ်)မန္တလေးလမ်းမကြီးတို့ ဖြစ်ကြပါတယ်။ ဗထူးနှင့် ပြည်ထောင်စုလမ်းမတွေပေါ်မှာ YBS ယာဥ်လိုင်းများ ပြေးဆွဲလျက်ရှိပြီး စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် လုပ်ငန်းအမျိုးမျိုးတို့ဖြင့် စည်ကားနေတဲ့ လမ်းမတွေ ဖြစ်ပါတယ်။ ၄၆လမ်းဆုံနဲ့ ၇/၈ လမ်းဆုံတို့ဟာဆိုရင်လည်း ၄၅ရပ်ကွက်နဲ့ ထိစပ်နေတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှိတာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်မှာကတော့ ဗထူး၊ မင်းရဲကျော်စွာလမ်းမကြီးတို့နဲ့ အနီးမှာပဲ လုပ်ငန်းတွေ လုပ်ကိုင်ကြပြီး ဘီယာဆိုင်၊ တည်းခိုခန်း၊ ကားမောင်းသင်တန်းတွေနဲ့ လမ်းရဲ့တစ်ဖက်ခြမ်းမှာတော့ Car Showroom၊ KTV၊ Bar၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ ဆယ်ပြားဈေးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ လုပ်ငန်းအမျိုးမျိုးတို့နဲ့ အကွက်လွတ်လေးတွေကိုလည်း တွေ့ရပါတယ်။ မင်းရဲကျော်စွာလမ်းမပေါ် ၇/၈လမ်းဆုံအနီးမှာဆိုရင် ဓာတ်ဆီဆိုင်၊ အနီးတဝိုက်မှာ ကုန်စုံဆိုင်လေးတွေအများစုနဲ့ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ Car Showroom၊ လူနေအိမ်နဲ့ အကွက်လွတ်လေးတွေ ရှိနေသေးတာလည်း ဖြစ်ပါတယ်။ ၄၅ ရပ်ကွက်ရဲ့ ပြည်ထောင်စုလမ်းမပေါ်မှာတော့ လုပ်ငန်းထွေထွေထူးထူးမရှိဘဲ အိမ်ဆိုင်၊ ကုန်စုံဆိုင်လေးတွေနဲ့ ၄၅ဈေးရှိပြီး ကျန်တာက လူနေအိမ်နဲ့ ရောင်းကွက်လေးတွေ ဖြစ်ပါတယ်။ ၄၅ရပ်ကွက်ရဲ့ ဗထူးလမ်းမပေါ်မှာကတော့ လုပ်ငန်းတော်တော်များများတွေ့ရပြီး အဓိကအားဖြင့်တော့ ကားနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ Car Showroom၊ ကားအပိုပစ္စည်းအရောင်းဆိုင်၊ ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်၊ Max ဓာတ်ဆီဆိုင်တို့ တွေ့ရပါတယ်။
၄၅ ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေများ၏ ဈေးနှုန်းများ
၄၅ ရပ်ကွက် လမ်းမမေးတင်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကို ကာလတန်ဖိုးအားဖြင့် ပျမ်းမျှ သိန်း 18000 ဝန်းကျင်ဈေးပေါက်ပါတယ်။ ဒါကြောင့် တစ်ပေပတ်လည်ဈေးနှုန်းက 7သိန်းဝန်းကျင်မှာ ရှိပါတယ်။ အတွင်းလမ်းကျယ်၊ လမ်းမကျောကပ်နဲ့ တည့်ပေါက်လိုနေရာမျိုးက ပေ၄၀-၆၀ မြေကွက်တစ်ကွက်ဆိုရင် ပျမ်းမျှသိန်း 6000 ဝန်းကျင် လောက်ကနေစ,ပါတယ်။တစ်ပေပတ်လည် ဈေးနှုန်းဟာဆိုရင် 2 သိန်းခွဲ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။ ရပ်ကွက်တွင်း ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကတော့ သိန်း5000-5500 ဝန်းကျင်လောက်ကနေစ,ပြီး တစ်ပေပတ်လည်ကို ၂သိန်း ဝန်းကျင် ဈေးပေါက်လို့နေပါတယ်။
မှတ်ချက်
အထက်ဖော်ပြပါ ပေ၄၀-၆၀ တစ်ပေပတ်လည်ဈေးနှုန်းများသည် ပျမ်းမျှနှုန်းထားတစ်ခုကို တွက်ချက်ထားခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊လမ်း/ ပတ်ဝန်းကျင်အခြေအနေနှင့် တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်အနည်းငယ် အတိုးအလျှော့ ရှိနိုင်ပါတယ်။
Appendix:1 မြောက်ဒဂုံ ၄၅ ရပ်ကွက် ပေ ၄၀-၆၀ မြေကွက်သီးသန့် ပေါက်ဈေးများ

👉 လမ်းမတန်း ပေ ၄၀-၆၀ ပေါက်ဈေး – သိန်း 18000
👉 ရပ်ကွက်အတွင်း လမ်းကျယ်၊ ကျောကပ်/တည့်ပေါက်ဈေး – သိန်း 6000
👉 ရပ်ကွက်တွင်း မြေကွက် ပေါက်ဈေး – သိန်း 5500
Appendix 2: မြောက်ဒဂုံ ၄၅ ရပ်ကွက်အတွင်း အရောင်းတင်ထားသော မြေကွက်များရဲ့ ဈေးနှုန်းထားများ

👉 ၄၅ ရပ်ကွက်မှာရှိတဲ့ ပေ၄၀-၆၀ မြေကွက်တစ်ကွက်ကြမ်းခင်းဈေးက သိန်း 5500 ဝန်းကျင်ကနေ စ,ပါတယ်။ သိန်း 6000 အထက်လောက်ဆိုရင်တော့ လမ်းမကျောကပ်/တည့်ပေါက်တွေထဲက ရရှိနိုင်ပါတယ်။ ရောင်းတန်းတင်ထားတဲ့ အိမ်ခြံမြေစာရင်းတွေအရ သိန်း1600-3000 ကြားမှာရှိတဲ့ မြေကွက်တွေ များနေခြင်းက ပေ၂၀-၆၀ အရောင်းတွေ များနေခြင်းကြောင့်ဟု သတ်မှတ်နိုင်ပါတယ်။
၄၅ ရပ်ကွက်ရှိ အိမ်ခြံမြေများ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မြေကွက်အရောင်း တည်နေရာအနေအထား ဖော်ပြခြင်း
ဇေယံအိမ်ခြံမြေမှာ လာရောက်အပ်နှံထားကြသော အရောင်းစာရင်းများနှင့် အခြားအကျိုးဆောင်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Dataများကို သုံးသပ်လေ့လာချက်များအရ ၄၅ ရပ်ကွက်မှာ လက်ရှိ ဂရန်(အမည်ပေါက်) 39% ကျော်၊ ဂရန်မြေ 31% ကျော်၊ ဂရန်မူရင်းခြမ်း 8%ခန့်နှင့် ရာခိုင်နှုန်းအချို့တို့မှာ ပါမစ်/ဂရန်မူရင်းခြမ်း/မိတ္တူခြမ်း/SP/ဂတုံးတို့ ပါဝင်ကြပါတယ်။ ဒါကြောင့် ဂရန်မြေအများစုရှိနေတာကို တွေ့ရသော်လည်း စာရွက်စာတန်းအခြေအနေက အမျိုးအစားစုံပြီး ဂရန်(အမည်ပေါက်) နည်းနေတာကြောင့် အရောင်းအဝယ်လုပ်ငန်းစဥ်အတွက် ခက်ခဲကြန့်ကြာတာမျိုး ရှိနိုင်ပါတယ်။ မြေကွက် အရောင်းစာရင်းများရဲ့ တည်နေရာအနေအထားအရ ရပ်ကွက်အတွင်းလမ်း 47%ကျော်၊ လမ်းမကျောကပ်/တည့်ပေါက်မှာက 26%ကျော်တို့ရှိပြီး လမ်းမကြီးပေါ်မှာ 23% ကျော် ရှိနေတာကို တွေ့ရပါတယ်။ အကျယ်ပေအားဖြင့်လည်း ပေ၄၀-၆၀ မြေကွက်အရောင်းတွေက 47.4%ကျော်ရှိပြီး ပေ၂၀-၆၀ 44.7%ကျော်နှင့် ပေ ၁၀၀ပတ်လည် မြေကွက်အရောင်းတွေလည်း ရနိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ မြေကွက်အရောင်းက 56%ကျော်ရှိတာကြောင့် ဈေးကွက်ထဲမှာ ထက်ဝက်ကျော် နေရာယူထားတာကို တွေ့ရပါတယ်။
Appendix 3: မြောက်ဒဂုံ ၄၅ ရပ်ကွက်အတွင်း အရောင်းတင်ထားသော ပေ ၂၀-၆၀ နှင့် ပေ၄၀-၆၀ မြေကွက်အရေအတွက်များ

👉 ၄၅ ရပ်ကွက်တွင်း ပေ၄၀-၆၀ အရေအတွက်သည် 47.4%နှင့် ပေ၂၀-၆၀ 44.7%ရှိတာကြောင့် ဈေးကွက်ရဲ့ ထက်ဝက်နီးပါးစီ နေရာယူထားတာကို တွေ့ရပါတယ်။ မြောက်ဒဂုံမှာ အိမ်ဆောက်နေဖို့ ရင်းနှီးမြှုပ်နှံဖို့အတွက် ဈေးနှုန်းသင့်တင့်တဲ့အထဲက လိုချင်တယ်ဆိုရင်တော့ ပေ၂၀-၆၀ရော ပေ၄၀-၆၀ ခြံအကျယ်ရော ရွေးချယ်နိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။
၄၅ ရပ်ကွက်၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ခြင်

👉 ၄၅ ရပ်ကွက်ရှိ လုံးချင်းနှင့် မြေကွက် အရေအတွက်ဖော်ပြပုံ
၄၅ ရပ်ကွက်ရဲ့ လမ်းမတန်း (၃)ခုက လိုင်းကားပြေးဆွဲလျက်ရှိပြီး စည်ကားတာကြောင့် စီးပွားရေးလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့ သင့်တော်ပါတယ်။ ၄၆လမ်းဆုံ၊ ၇/၈ လမ်းဆုံတို့နဲ့လည်း ထိစပ်နေတဲ့အတွက် လိုင်းကားအသုံးပြုတဲ့ သူတွေအတွက်တော့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ကစားကွင်း၊ ဈေး၊ စတိုးဆိုင်၊ စားသောက်ဆိုင်တို့ရှိပြီး လမ်းကြီးတွေပေါ်မှာသာစည်ကားပြီး ရပ်ကွက်အတွင်းထဲတော့ လူနေအိမ်ခြေတွေသာများလို့ ဆိတ်ငြိမ်တဲ့ ရပ်ကွက်သန့်တစ်ခု ဖြစ်ပါတယ်။ မိသားစုကိုယ်တိုင်အိမ်ဆောက်နေဖို့ သိန်း 6000 ဝန်းကျင်လောက်နဲ့လည်း ၄၀-၆၀ခြံအကျယ်တွေ ရနိုင်ပါသေးတယ်။ ဈေးတန်းအားဖြင့် အခြားသောရပ်ကွက်တွေနဲ့ယှဥ်ရင် ဈေးအရမ်းမများတဲ့အပြင် သိန်း3000-6000 ဝန်းကျင်တွေထဲက ရွေးချယ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဒီ့အပြင် ရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း သင့်တော်တဲ့ ဈေးတန်းတစ်ခုဖြစ်ပြီး အခြားသောမြို့နယ်တွေနဲ့နီးပြီး သွားလာရလွယ်ကူလို့ အနာဂတ်မှာလည်း တန်ဖိုးပိုမို မြင့်တက်လာနိုင်ခြေရှိပါတယ်။
အားနည်းချက်အားဖြင့်တော့ သိန်း 3000 ဝန်းကျင်အရောင်းတွေလည်း တွေ့ရခြင်းက ပေ၂၀-၆၀ အရောင်းတွေများနေကြောင်း သုံးသပ်နိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ခြေစိပ်ပြီး လူနေထူထပ်နိုင်ခြေလည်း ရှိပါတယ်။ စာရွက်စာတန်းအားဖြင့်လည်း မူရင်းခြမ်း/မိတ္တူခြမ်းတွေ များနေတဲ့ အနေအထား ရှိပါတယ်။ လမ်းမကြီးကို တည့်ပေါက်တဲ့ လမ်းတွေမှာဆိုရင် တချို့သောလမ်းတွေရဲ့ အလယ်လောက်မှာ မိုးရွာတဲ့အခါ ရေကြီး/ရေတက်တဲ့ အခြေအနေမျိုး ရှိပါတယ်။ တချို့လမ်းတွေကလည်း မပြင်ဆင်ရသေးတဲ့ လမ်းဟောင်းအနေအထားမျိုး ဖြစ်ပါတယ်။
ဒါ့ကြောင့် မြောက်ဒဂုံမှာ ဈေး၊ ကျောင်းအနီး ဆိတ်ငြိမ်အေးချမ်းတဲ့ ရပ်ကွက်သန့်တစ်ခုကို ဈေးအများကြီးမသုံးလိုဘဲ ကိုယ်တိုင် အိမ်ဆောက်နေမည့်သူများ၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံထားလိုသူများ ရွေးချယ်နိုင်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်၄၅ရပ်ကွက်က လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေးအဆင်ပြေတဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ ဂိုထောင်ဆောက်ချင်သူ၊ Online Shopping လုပ်ချင်သူများအတွက်လည်း ဝန်ထမ်းသွားလာရေးအဆင်ပြေပြီး လမ်းညွှန်ရလွယ်ကူတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။
- မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၃၈ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၃၈ ရပ်ကွက်က ပြည်ထောင်စုလမ်းမမေးတင် ရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်နဲ့ ထိစပ်နေတာကို (ဆက်ဖတ်ရန် နှိပ်ပါ)……
- မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၂ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ငမိုးရိပ်တံတားပေါ်ကဆင်းဆင်းချင်း မြင်တွေ့ရတဲ့ ဦးဝိစာရနဲ့ ဗထူးလမ်းမထောင့်က ရပ်ကွက်ဟာ (ဆက်ဖက်ရန် နှိပ်ပါ)…..
- မြောက်ဒဂုံမြို့နယ် ၄၄ ရပ်ကွက်၏ အိမ်ခြံမြေဈေးကွက် အခြေအနေ တင်ပြချက် ၄၄ ရပ်ကွက်ရဲ့ တည်နေရာအနေအထား ၄၄ရပ်ကွက်က ဗထူးမေးတင်ရပ်ကွက်ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းမနဲ့ ရပ်ကွက်ကြားမှာ မြောင်းခံနေတဲ့ (ဆက်ဖတ်ရန် နှိပ်ပါ)……
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…