Zayyan

Shortlists of Zayyan App

🔵 Shortlists ဆိုတာဘာလဲ။

Shortlists ဆိုတာက တူညီသောအိမ်ခြံမြေအရောင်းများကို ရွှေချယ်စုစည်းထားခြင်းဖြစ်သည်ဟု အလွယ်မှတ်နိုင်ပါသည်။ Zayyan app တွင် shortlists များကို အကျိုးဆောင်များ အတွက် shortlists များနှင့် အိမ်ခြံမြေဝယ်ရန်ရှာနေသူများအတွက် shortlists ဟူ၍ နှစ်မျိုးတွေ့ရှိနိုင်ပါသည်။

(၁) အကျိုးဆောင်များအတွက် shortlists 

အကျိုးဆောင်များအတွက် shortlists များသည် အကျိုးဆောင်များမှ မိမိစုစည်းထားသော အရောင်းစာရင်းများကို တူရာအလိုက်စုစည်းထားခြင်းဖြစ်ပါသည်။ (ဥပမာ – ပေ ၂၀-၆၀ နှစ်ထပ်အိမ်အရောင်းများ) ထိုသို့ခေါင်းစဥ် တပ်ကာ စုစည်းထားခြင်းဖြင့် မိမိအဝယ်ပြလိုသော အိမ်ခြံမြေစာရင်းများကို အလွယ်တကူမှတ်၍စုစည်းထားနိုင်ခြင်း၊ မိမိ အဝယ်အပေါ်မူတည်ပြီးမိမိပြလိုသော အရောင်းများကို တစ်ခါတည်းပို့ပေးထားနိုင်ခြင်း၊ အရောင်းစာရင်းများကို မပျောက်မပျက် သိမ်းထားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ အခြားအကျိုးဆောင်များတင်ထားသော shortlists များကို သွားရောက်လေ့လာခြင်းဖြင့် အကျိုးတူအရောင်းများကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ 

(၂) အိမ်ခြံမြေဝယ်ရန်ရှာနေသူများအတွက် shortlists

အိမ်ခြံမြေရှာနေသော သူများအတွက် Zayyan app တွင် “အသင့်တော်ဆုံး အိမ်ခြံမြေစာရင်းများ” ဟူ၍ ဖော်ပြထားကာ တူညီသော အရောင်းစာရင်းများ (ဥပမာ – ပင်လုံလမ်းမတန်းအရောင်းများ) ကို အကျိုးဆောင်များမှစုစည်းထားပေးခြင်းဖြင့် ပင်လုံလမ်းမတွင် အရောင်းတင်လျက်ရှိသော အရောင်းစာရင်းများကို ဝယ်ယူသူများမှ အလွယ်တကူရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါသည်။ မိမိလိုချင်သော နေရာနှင့် စျေးတန်းအလိုက် လက်ရွေးစင်အရောင်းများကို အကျိုးဆောင်များမှစုစည်းပေးထားမည်ဖြစ်သောကြောင့် လိုအပ်သော အိမ်ခြံမြေ များကို အလွယ်တကူရှာဖွေဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ပိုမိုဖတ်ရှုရန် နှိပ်ပါ....(Click to read more..)

(App feature)
  • Zayyan app တွင်တွေ့ရသော မြေပုံ အသုံးပြုမှုစနစ်သည် မိမိ ရှာလိုသော အိမ်ခြံမြေအရောင်းများကို နေရာအတိအကျ သိရှိကာ ပတ်ဝန်းကျင်အနေအထားများကို သိရှိနိုင်ရန်ကူညီပေးပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(App feature)
  • Zayyan app တွင် ပါဝင်သော ကာလပေါက်စျေး စျေးကွက်သုံးသပ်ချက် စနစ် သည် အရောင်းတင်ထားသော အိမ်ခြံမြေများကို ရပ်ကွက်အလိုက် ပျှမ်းမျှလက်ရှိပေါက်စျေးများကို ဖော်ပြထားသောကြောင့် အိမ်ခြံမြေ ဝယ်လိုသူများအနေဖြင့် ကာလစျေးကွက် များကို သုံးသပ်နိုင်မည်ဖြစ်ပါသည်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Buyer blog posts)
  • အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRMစနစ်သည် လုပ်ငန်းတစ်ခုရဲ့ ကဏ္ဍအသီးသီးကို နည်းလမ်းအမျိုးအမျိုးဖြင့် အကျိုးပြုပြီး ယေဘုယျအားဖြင့် အမျိုးအစား(၃)မျိုး ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
(Agent blog posts)
  • CRM (Customer Relationship Management) သည် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 18